-ဘ၀အမောပြေ-
**ဒီလိုပါ**
လန်ဒန်မြို့လယ်တွင် ညအချိန်လမ်းလျှောက်လာသော အမျိုးသားကြီး တစ်ဦးထံသို့ လူငယ်နှစ်ဦးချဉ်း ကပ်လာပြီး မေးမြန်းလေသည်။
လူငယ် = အန်ကယ်ကြီး…ခဏလောက်ရပ်ပါဦး။ အမျိုးသားကြီး = ဘာကိစ္စလဲ။
လူငယ် = မေးစရာရှိလို့ပါ။
အမျိုးသားကြီး = ပြော…ဘာမေးမှာလဲ။
လူငယ်=အန်ကယ်ကြီးရဲ့ငွေအကြွေစေ့တစ်ပြားလောက် ခဏပေးပါ။
အမျိုးသားကြီး = ဘာလုပ်မလို့လဲ…၊
လူငယ် = ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်မလို့ပါ…ခေါင်းပန်း လှန်ပြီးရင် ပြန်ပေးပါ့မယ်။
အမျိုးသားကြီး = အေး…အေး…ရော့အကြွေစေ့၊ ဒါထက်…ဘာအလောင်းအစားလုပ်ကြတာလဲ။
လူငယ် = ကျနော်က နာရီယူချင်တယ်…သူကပိုက်ဆံအိတ်ယူချင်တယ်ဖြစ်နေလို့ ခေါင်း ပန်းလှန်ပြီးဆုံးဖြတ်မလို့ပါ။
အမျိုးသားကြီး = အဲဒီဟာတွေက ဘယ်မှာသွားယူမှာလဲ။
လူငယ် = အန်ကယ်ကြီးဆီကပါ။
အမျိုးသားကြီး = “ဟေ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment