ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 20, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ရှန်ကျို့-၉ အာကာသယာဉ်နှင့် တန်ဂွန်-၁ တို့ချိတ်ဆက်မိပြီ**

 တရုတ်နိုင်ငံမှ လွှတ်တင်လိုက်သည့် အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသည့် ရှန်ကျို့-၉ (Shenzhou-9) အာကာသယာဉ်သည် အာကာသသုတေသနစခန်းမှ တန်ဂွန်-၁ (Tiagong-1)အာကာ သယာဉ်နှင့် ဂြိုလ်ပတ်လမ်းကြောင်းပေါ်တွင် ဇွန် ၁၉ ရက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၀၇ မိနစ် က အောင်မြင်စွာ ချိန်ဆက်ခဲ့ပြီဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ အဆိုပါအာကာသ ယာဉ်ကို ရှန်ကျို့အာကာသရေးရာရာအဖွဲ့မှ လောင်းမတ် - ၂ ဂြိုလ်တုဖြင့် ဇွန် ၁၆ ရက်ညနေက လွှတ်တင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူး အပါအ၀င် အာကာသ ယာဉ်မှူးသုံးဦးဦးကို ဂြိုလ်ပတ်လမ်းအတွင်းသို့ ခေါ်သွားခဲ့သည်။ အာကာသယာဉ်မှူးသုံးဦးမှာ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးအာကာသယာဉ်မှူး လျူယန်၊ အသက် ၄၆ နှစ်အရွယ် ကျန်ဟေပင်းနှင့် အင်ဂျင်နီယာတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ်ရှိ လျူဝမ်တို့ဖြစ်ကြသည်။ လူလိုက်ပါခြင်းမရှိ သည့် ရှန်ကျို့-၈ (Shanzhou-8) အာကာသယာဉ်ကို ပြီးခဲ့သည့်နှစ်က လွှတ်တင်ခဲ့ပြီး Tiagong အာ ကာသယာဉ်နှင့် အောင်မြင်စွာ ချိန်ဆက်လုပ်ဆောင်နိုင်ခဲ့သည်။ (အင်တာနက်)

 **အမေရိကန်မှ ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ထားသည့် စက်ရုပ်လေယာဉ် ဘေးကင်းစွာပြန် လည်ဆင်းသက်** 
(၀ါရှင်တန်၊ ဇွန် ၁၈)
အမေရိကန်လေတပ်မှ လွှတ်တင်ထားသည့် စက်ရုပ်လေယာဉ် အိတ်ခ်ျ-၃၇ ဘီသည် ကမ္ဘာပတ်လမ်း ကြောင်းအတွင်း ၄၆၉ ရက်ကြာ လုပ်ငန်းတာဝန်များထမ်းဆောင်ခဲ့ပြီးနောက် ဇွန် ၁၇ ရက်က မြေပြင် သို့ ဘေးကင်းစွာပြန်လည်ဆင်းသက်လာခဲ့ကြောင်း ဇွန် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။ စက်ရုပ် လေယာဉ် အိတ်ခ်ျ-၃၇ဘီသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အနောက်ပိုင်း ဗန်ဒါဘတ် လေတပ်အခြေစိုက်စခန်းသို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။ ယင်းလေယာဉ်သည် ၈.၈ မီတာရှည်ကာ အလေးချိန် ငါးတန်ခန့်ရှိသည်။ အဆိုပါလေယာဉ်ကို အမေရိကန် ဖလော်ရီဒါပြည်နယ် တောင်ပိုင်း ကိတ်ကာနေဗယ်လေတပ်အခြေစိုက်စခန်းမှနေ၍ ၂၀၁၁ ခုနှစ် မတ်လက ကမ္ဘာပတ်လမ်း ကြောင်းအတွင်းသို့ ကမ္ဘာဂြိုလ်လေ့လာရေးလုပ်ငန်းများအား ဆောင်ရွက်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

  **ဂျပန်ကမ်းလွန်၌ တိုင်ဖွန်းမုန်တိုင်ဖြစ်ပေါ် ဂျပန်နိုင်ငံသို့ ၄၈ နာရီအတွင်း ၀င်ရောက်တိုက်ခတ်နိုင်** (တိုကျို၊ ဇွန် ၁၈) ဂျပန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ဂိုချိုအမည်ရှိ တိုင်ဖွန်းမုန်တိုင်းတစ်ခု စုဖွဲ့ဖြစ်တည်လျက်ရှိရာ တ ဖြည်းဖြည်းအင်အားကောင်းလာပြီး ဂျပန်နိုင်ငံသို့ လာမည့် ၄၈ နာရီအတွင်း ၀င်ရောက်တိုက်ခတ်နိုင် ကြောင်း ဂျပန်မိုးလေ၀သဌာနက ဇွန် ၁၈ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ မုန်တိုင်းသည် ဂျပန် နိုင်ငံတောင်ဘက် အိုကီနာဝါစီရင်စုရှိ နာဟာမြို့ တောင်ဘက်ကမ်းလွန် ကီလိုမီတာ ၄၅၀ ခန့်အကွာ သို့ ဗဟိုပြုပြီး ဇွန် ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ တဖြည်းဖြည်းအင်အားကြီးစွာ ဖြစ်တည်နေခြင်းဖြစ် သည်။ ယင်းမုန်တိုင်းသည် ယခုနှစ်မိုးရာသီကာလတွင် လေးခုမြောက်မုန်တိုင်းကြီးဖြစ်ပြီး ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါစီရင်စုကို အဓိကဖြတ်သန်းတိုက်ခတ်ဖွယ်ရှိသည်ဟု မိုးလေ၀သသတိပေးချက်၌ ဖော်ပြထားသည်။ (အင်တာနက်) 

**ဆားဘီးယားနိုင်ငံ ဗာရန်ဂျီမြို့မြေအောက်မှ ကြေးခေတ်သုံး ရှေ့ဖြစ်ဟောကျောက်ထွင်းလက်ရာ တွေ့ရှိ**

 (ဘဲလ်ဂရိတ်၊ ဇွန် ၁၈) ဆားဘီးယားနိုင်ငံ ဗာရန်ဂျီမြို့အပြင်ဘက် မြေအောက်မှ လွန်ခဲ့သောနှစ် ၄၀၀၀ ခန့်က ကြေးခေတ်လူ သားတို့ အသုံးပြုခဲ့သော ရှေ့ဖြစ်သောနက္ခဗေဒကျောက်ထွင်း လက်ရာတစ်ခုကို ဇွန် ၁၈ ရက်က တွေ့ ရှိခဲ့ကြောင်း ဆားဘီးယားအရာရှိ များက ပြောကြားသည်။ အဆိုပါကျောက်ထွင်းချပ်ကို ဆားဘီးယား နိုင်ငံဘဲလ်ဂရိတ်မြို့ တောင်ဘက် ၂၇၅ ကီလိုမီတာခန့်အကွာရှိ ဗာရန်မြို့အပြင်ဘက် ကားလမ်းဖောက် လုပ်ငန်းရေးစီမံကိန်းတစ်ခု၏ လုပ်ငန်းခွင်၌ မြေကြီးတူးဖော်မှုများပြုလုပ်စဉ် မြေအောက်မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)