**မှတ်ဉာဏ်**
အသက်အရွယ်ကြီးရင့်သည့် ဇနီးမောင်နှံစုံတွဲသည် မှတ်ဉာဏ်များချို့ယွင်းလာသဖြင့် မှတ်ဉာဏ်ပြန် ကောင်းရန် သင်ကြားလေ့ကျင့်ပေးသော သင်တန်းတစ်ခုသို့ သွားတက်လေသည်။ သုံးလခန့်အကြာ တွင် အိမ်နီးချင်းအမျိုးသားကြီးတစ်ဦးက သင်တန်းတက်နေသည့် အမျိုးသားကြီးကို တွေ့၍ မေးလေ သည်။
အိမ်နီးချင်း - ဟိုင်း……. မတွေ့တာကြာပြီ။
အမျိုးသားကြီး - ဟုတ်ကဲ့။
အိမ်နီးချင်း - သင်တန်းတက်နေတယ်ဆို…။
အမျိုးသားကြီး - ဟုတ်ကဲ့ပါ။
အိမ်နီးချင်း - မှတ်ဉာဏ် တိုးတက်မှုရှိရဲလား။
အမျိုးသားကြီး - အများကြီးတိုးတက်ပါတယ်။
အိမ်နီးချင်း - ဒါဆို ကျနော်လည်း စိတ်ဝင်စားတယ်။
အဲဒီသင်တန်းကျောင်းအမည်ဘယ်လို ခေါ်လဲ…။
အမျိုးသားကြီး - အိမ်ဘက်သို့ ရုတ်တရက်လှည့်ကာ… မိန်းမရေ.. ဒို့သင်တန်းကျောင်းအမည် ဘယ်လိုခေါ်လဲ။
ဇနီးဖြစ်သူ - ရှင့်အနားက မိတ်ဆွေကို မေးကြည့်လိုက်လေ။
အိမ်နီးချင်း - “ဟောဗျာ”။
အာကာဟိန်း-ရေးသားသည်။
-ဘ၀အမောပြေ-

No comments:
Post a Comment