ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 25, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဆီးရီးယားဝေဟင်ပိုင်နက်အတွင်းဝင်ရောက်မိသော တူရကီတိုက်လေယာဉ်ပစ်ချခံခဲ့ရ**

(အင်ကာရာ၊ ဇွန် ၂၃) တူရကီလေတပ်မှ အက်ဖ်-၄ ဖန်တွမ်အမျိုးအစားဂျက်တိုက်လေယာဉ်တစ်စင်းကို ဇွန် ၂၂ ရက်နံနက်ပိုင်းတွင် ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချခဲ့ခြင်းဖြစ် သည်။ပစ်ချခံရချိန်တွင် တိုက်လေယာဉ်သည် ဆီးရီးယားဝေဟင်ပိုင်နက်အတွင်း ရောက်ရှိနေဖွယ်ရှိကြောင်း၊ သို့ရာတွင် ဆီးရီးယားနိုင်ငံအနေဖြင့် ဝေဟင်ပိုင်နက်ချိုးဖောက်မိသည့်ကိစ္စကို ရန်လိုကျူးကျော်မှုအဖြစ် သုံးသပ်ရှုမြင်ရန် အကြောင်းရင်းမရှိကြောင်းတူရကီသမ္မတက တွေ့ဆုံမေးမြန်းခန်းတစ်ရပ်၌ ပြောကြားခဲ့ သည်။ပင်လယ်ရေပြင်အထက်တွင်ပျံသန်းနေသည့် အမြန်နှုန်းအရ တိုက်လေယာဉ်တစ်စင်း နိုင်ငံနယ်စပ်ကို ကျော်လွန်မိသည့်ကိစ္စရပ်မှာ ပုံမှန်ကိစ္စရပ်မျိုးသာဖြစ်ကြောင်း တူရကီသမ္မတကအနာတိုလီယာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ပစ်ချခံခဲ့ရသည့် တူရကီဂျက်တိုက်လေယာဉ်၏လေယာဉ်မှူးနှစ်ဦးကို ဆီးရီးယားနိုင်ငံရေပြင်ပိုင်နက်အတွင်းမှကယ်ဆယ်နိုင်ခဲ့ကြောင်း ဆီးရီးယားအာဏာပိုင်များက ပြောကြားသည်။ ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် နိုင်ငံ၏ရေပြင်ပိုင်နက်အထက် ဝေဟင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်းဆီးရီးယားအစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်၌ အတည်ပြုထားသည်။လေယာဉ်ပစ်ချခံရမှုနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း ဆီးရီးယားအစိုးရက ဝန်ခံထားပြီး ယင်းဖြစ်ရပ်အတွက်တောင်းပန်ခဲ့ကြောင်း တူရကီနိုင်ငံထုတ်သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။ (ယူပီအိုင်)

**တရုတ်ရေနက်ငုပ်ယာဉ်ငယ် မာရီယာနာချောက်အတွင်းမီတာ ၇ဝဝဝ အထိ စံချိန်တင်ငုပ်ရန် ပြင်ဆင်**
Jiaolongအမည်ရှိ အဆိုပါရေနက်ငုပ်ယာဉ်သည် ဇွန် ၁၅ရက်မှ ၂၂ ရက်အတွင်း သုံးကြိမ် ရေငုပ်ခဲ့ရာ ရေအနက် မီတာ၆၆၇၁၊ ၆၉၆၅ နှင့် ၆၉၆၃ အထိအသီးသီး ရောက်ရှိခဲ့ခြင်းကြောင့်ယမန်နှစ် ဇူလိုင်လက ၄င်း၏ရေနက်ငုပ်စံချိန် ၅၁၈၈ မီတာကို ကျော်လွန်နိုင်ခဲ့သည်။ဇွန် ၂၂ ရက် ဒေသစံတော်ချိန်(၂၁ဝဝ GMT) နံနက် ၇ နာရီ အချိန်တွင် စတင်ခဲ့သည့် တတိယအကြိမ် ရေငုပ်ဆင်းရာတွင် Jiaolong ရေငုပ်ယာဉ်သည် ရေယာဉ်အဖွဲ့သား သုံးဦးနှင့်အတူပင်လယ် ရေအောက်ကြမ်းပြင်ပေါ်တွင် သုံးနာရီကျော်ကျော်ကြာအောင် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ရေအောက်တွင် ၁ဝ နာရီခန့် ကြာမြင့်ခဲ့သည်။ ရေယာဉ်အဖွဲ့သားများသည် အဆိုပါရေအောက်ခရီးစဉ်အတွင်း မာရီယာနာချောက်အတွင်းရှိ အဏ္ဏဝါဇီဝ သတ္တဝါများ၏ ဓာတ်ပုံအမြောက်အမြားကိုရိုက်ကူးခဲ့ကာ ရေနှင့် နုန်းမြေနမူနာ များကိုလည်း စုဆောင်းရယူခဲ့ကြသည်။ရေငုပ်ယာဉ်၏ ဟန်ချက်ထိန်းညှိမှု စနစ်တွင် ပြဿနာများရှိနေသော်လည်းစတုတ္ထအကြိမ်ရေငုပ်မဆင်းမီ ပြင်ဆင် သွားမည်ဖြစ်ကြောင်း သုတေသီမစ်ရှင်အဖွဲ့ခေါင်းဆောင်များက ပြောကြား သည်။ ၄င်းသုတေသီမစ်ရှင်အဖွဲ့၏ ပင်မရေယာဉ်ကြီးဖြစ်သော သည် ရေနက်ငုပ်ဆင်းသည့် နေရာဖြစ်သော Xiang yang hong-09 ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရေပြင်သို့ ဇွန် ၁၁ ရက် ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ (ဆင်ဟွာ)  

**အမေရိကန်စစ်လေယာဉ်များပျက်ကျခဲ့မှုကြောင့်ဂျပန်၌ စစ်လေယာဉ်များဖြန့်ကြက်မှုကို ထိခိုက်နိုင်** (တိုကျို၊ ဇွန် ၂၃) ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်း၌ မကြာသေးမီကာလအတွင်း အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်များပျက်ကျခဲ့မှုများ ဖြစ်ပွားခဲ့သဖြင့် ယခုနှစ်ကုန်ထက် နောက်မကျဘဲအမေရိကန်စစ်လေယာဉ်များ ပြောင်းရွှေ့ဖြန့်ကြက်ရန် အစီ အစဉ်ကို ထိခိုက်စေနိုင်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ဂျပန်နိုင်ငံ၌ အမေရိကန်စစ်လေယာဉ်များပျက်ကျသည့် ဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းကြောင့် ပြည်သူများ၏ ဒေါသ တကြီးဝေဖန်ကန့်ကွက်သံများ ပေါ်ထွက်ခဲ့သည်။ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း အိုစပရေးအမျိုးအစား စစ်လေယာဉ်များကိုဖြန့်ကြက်ရန် စီစဉ်ထားသည်။ သို့ရာတွင်ဧပြီလအတွင်း အိုစပရေးအမျိုးအစား စစ်လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ရသည်။ ဂျပန်နိုင်ငံ၌ လွန်ခဲ့သည့် ရက်သတ္တပတ် ကလည်း သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြန်ရာ လေတပ်တပ်ဖွဲ့ဝင်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ဂျပန်နိုင်ငံ၌ ဖြန့်ကြက်မည့် အမေရိကန်စစ်လေယာဉ် များ၏ ဘေးအန္တရာယ်လုံခြုံမှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့ကအာမခံချက်တစ်စုံတစ်ရာ မရမချင်း စစ်လေယာဉ်များဖြန့်ကြက်မည့်အစီအစဉ်ကို ဆိုင်းငံ့ထားရမည်ဖြစ်သည်။ (အင်တာနက်)

**၂ဝ၃ဝ ခုနှစ်တွင် ကာလီဖိုးနီးယားကမ်းရိုးတန်းပင်လယ်ရေမျက်နှာပြင် ခြောက်လက်မအထိ မြင့် တက်လာနိုင်** 
(ဆက်ကရာမင်ကို၊ ဇွန် ၂၃) အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်းရိုးတန်းဒေသများသည် လာမည့် ဆယ်စုနှစ်များအတွင်း သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်လာမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ဇွန် ၂၂ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်။အဆိုပါ အစီရင်ခံစာ၏ အဆိုအရကာလီဖိုးနီးယားပြည်နယ်သည် ၂ဝ၃ဝခုနှစ်အရောက်တွင် ပင်လယ်ရေမျက်နှာပြင်ခြောက်လက်မမျှ မြင့်တက်လာမှုနှင့် ရင်ဆိုင်ရမည်ဟု မျှော်လင့်ရကြောင်း သိရသည်။ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်၍ ရေခဲပြင်များ အရည်ပျော်လာမှုနှင့်သမုဒ္ဒရာများ ပူနွေးလာမှုတို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ကမ်းရိုးတန်းဒေသ၌ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း အမျိုးသားသုတေသန ကောင်စီ၏ လေ့လာချက်အစီရင်ခံစာတွင်ဖော်ပြထားသည်။အမျိုးသား သုတေသနကောင်စီ၏ လေ့လာချက်သည် အစောပိုင်းကာလတစ်ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုရလဒ် များနှင့် ယေဘုယျအားဖြင့် ကိုက်ညီမှုရှိသော်လည်း ကာလီဖိုးနီးယားပြည်နယ်၊ အော်ရီဂွန်ပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်များအတွက် အဓိကထားခန့်မှန်းထားခြင်း ဖြစ်သည်။၂ဝ၃ဝ ခုနှစ်တွင် ကာလီဖိုးနီးယားပြည်နယ် ကြုံတွေ့ရမည့် သမုဒ္ဒရာရေ မျက်နှာပြင် ခြောက်လက်မအထိမြင့်တက်မှုသည် ပြောပလောက်ဖွယ်မရှိဟု ထင်မြင်ရသော်လည်း ၂၁ဝဝ ခုနှစ်အရောက်တွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုသည် ပျမ်းမျှအားဖြင့် သုံးပေအထိရှိလာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ကာလီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်း၏ ၇၂ ရာခိုင်နှုန်းကို သဲတောင်စောင်း များက ဖုံးလွှမ်းထားပြီး ကျန်အစိတ်အပိုင်းများကို ကမ်းခြေများ၊ သဲသောင်ခုံများ၊ ပင်လယ်အော်များနှင့် မြစ်ဝဒေသများကဖုံးလွှမ်းထားသည်။နောင်လာမည့်နှစ်ပေါင်း ၁ဝဝ အတွင်းပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ကာလီဖိုးနီးယား ကမ်းရိုးတန်းဒေသ ပင်လယ်ကမ်းစပ်မှ သဲသောင်ဆွယ်များသည် ကိုက် ၃ဝ ကျော်မျှ နောက်ဆုတ် သွားနိုင်ကြောင်း အမျိုးသားသုတေသနကောင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး 

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)