ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 25, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**ပရက်စလေရဲ့ မြေးရုပ်ရှင်မင်းသမီး ရိုင်လေကို့ Yellow ဇာတ်ကားသစ်ရိုက်ကူး**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၃) အဆိုတော် ပရက်စလေရဲ့ မြေးဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ရိုင်လေကို့ဟာ သူမရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ Yellow ရုပ်ရှင်ကားကို ရိုက်ကူးနေပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒရာမာဇာတ်ကားဖြစ်ပြီး ရိုင်လေကို့က အမင်ဒါအမည်ရှိတဲ့ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ရိုင်လေကို့ဟာ သူမရဲ့ အနုပညာ အရည်အသွေးကို ဒီဇာတ်ကားမှာ ထူးထူးခြားခြားပါဝင်ပြသခွင့်ရမယ်လို့ အဲ့ဒီဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာ ဂျိမ်းဆက်မင်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်မင်းသမီး ရိုင်လေကို့ဟ Megic Mike အမည်ရှိတဲ့ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်လျက်ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ဇိုရာအမည်ရှိတဲ့ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတဲ့ အမျိုးသမီးရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ The Good Doctor အမည်ရှိတဲ့ ဇာတ်ကားဟာ လူကြိုက်များခဲ့သလို Jack & Diane အမည်ရှိတဲ့ ဇာတ်ကားဟာလည်း ပရိသတ်အားပေးခဲ့တာမို့ အခုဆိုရင် ဇာတ်ကားတွေဆက်တိုက်ရိုက်ကူး နေတဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ The Good Doctor ဇာတ်ကားမှာ ရုပ်ရှင်မင်းသာ အော်လန်ဒိုဘလွန်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်အမျိုးသမီးလေးတစ်ဦး အဖြစ် သရုပ်ဆောင်ခဲ့တာဟာ ပီပြင်လွန်းတယ်လို့ဆိုပါတယ်။ လာမယ့် ဇူလိုင်လမှာ Kiss of the Damned ဇာတ်ကားကိုလည်း ရုပ်ရှင်မင်းသမီးရိုင်လေကို့ ပါဝင်ရိုက်ကူးမှာမို့ သူမရဲ့ ဇာတ်ကားသစ်တွေဆက်တိုက်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ (အင်တာနက်)

**ပြင်သစ်ကွင်းလယ်ကစားသမား မာတင်လိုင်လီအသင်းသို့ ပြောင်းရွှေ့ကစားမည်**

 (ပါရီ၊ ဇွန် ၂၃) ပြင်သစ်ကွင်းလယ်ကစားသမား မာဗင်မာတင်သည် ပြင်သစ်ပထမတန်း ကလပ် လိုင်လီအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးပေါင် ၁ဝ သန်းဖြင့် သွားရောက်ကစားတော့မည်ဖြစ်ကြောင်းဇွန် ၂၂ ရက် ပြင်သစ်အားကစား သတင်းတစ်ရပ်က ဖော်ပြသည်။အသက်(၂၄)နှစ်အရွယ်ရှိ ပြင်သစ် ကွင်းလယ်ကစားသမား မာတင်သည်လက်ရှိ ပိုလန်နှင့် ယူကရိန်းတို့ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ယူရို၂ဝ၁၂ ပြိုင်ပွဲဝင် ပြင်သစ်အသင်း၌ ပါဝင် ကစားလျက်ရှိသည်။ သို့သော် ယူရို၂ဝ၁၂ ပြိုင်ပွဲပြီးပါက ရာသီအကြိုအဖြစ် ဇူလိုင်လထဲတွင် အသင်းသစ်လိုင်လီအသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ် ကြောင်း မာဗင်မာတင်က ပြောကြားခဲ့သည်။လိုင်လီအသင်းတွင် ကစားရမည်ကို ပျော်ရွှင်မိကြောင်း၊ လိုင်လီအသင်းသည်မိမိအား စိတ်ဝင်စားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သကဲ့သို့ မိမိအားခေါ်ယူရန်အတွက်ရည်ရွယ်ချက်ကြီးမာသည့် ကလပ်ဖြစ်သည့် အတွက် လိုင်လီအသင်းနှင့် စာချုပ်ချုပ်ဆိုရန်ဆန္ဒရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ် ကွင်းလယ်ကစားသမား မာဗင်မာတင်ကလိုင်လီအသင်းဝက်ဘ်ဆိုက်တွင် ပြောကြား ခဲ့သည်။လိုင်လီအသင်းသို့ ပြောင်းရွှေ့ရန်နှင့်ပတ်သက်၍ အရာရာတိုင်းတွင် အကောင်း များသာဖြစ်လာမည်ဟု မျှော်လင့်ထားပြီးစစ်မှန်သော ရွေးချယ်မှုပင်ဖြစ်လာလိမ့် မည်ဖြစ်ကြောင်း ကွင်းလယ်ကစားသမားမာဗင်မာတင်က ¤င်း၏ ရင်တွင်းစကား ကို ပြောကြားခဲ့သည်။ယိုဟန်နှင့် ဒီဘူချီတို့ကလည်း လိုင်လီအသင်းသို့ ပြောင်းရွှေ့ကစားရန်နှင့် စာချုပ်ချုပ်ဆိုရန် အကြံပေးခဲ့ကြောင်းနှင့် လိုင်လအသင်းကလည်း အေဒင်ဟားဇက်အစားအစားထိုးရန်အတွက် ပြင်သစ်ကွင်းလယကစားသမားမာတင်အား ပစ်မှတ်ထလာခြင်းဖြစ်ပြီး မာဗင်မာတင်သည် ယူရို၂ဝ၁၂ ပြိုင်ပွဲတွင် နှစ်ပွဲပါဝင်ကစားခဲ့သ ဖြစ်သည်။ (အင်တာနက်)

 **King Kong နှင့် လက်တွဲသွားမည့် ဆီရိုဟိုရင်**
 ကိုရီးယားမင်းသမီး ဆီရိုဟိုရင်သည် ကိုရီးယားနိုင်ငံ၏ထိပ်တန်းအနုပညာရေးရာ အေဂျင်စီ တစ်ခုဖြစ်သည့် King Kong ဖျော်ဖြေရေးကုမ္ပဏီနှင့် တရားဝင်စာချုပ်ချုပ်ဆိုလိုက် ပီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။King Kong ဖျော်ဖြေရေးအေဂျင်စီက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ ဇွန်၂၁ ရက်မှစ၍ ဆီရိုဟိုရင်၏ အနုပညာ ရေးရာလှုပ်ရှားမှုများကို စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ King Kong ဖျော်ဖြေရေး အေဂျင်စီသည် ကိုရီးယားမင်းသားမင်းသမီးများ ဖြစ်သည့် ကင်မ်ဘီအွန်၊ ကင်မ်ဆူနာ၊ဆန်ယူရီ၊ လီဒေါင်ဝုခ်နှင့် ပါ့ခ်မင်ယောင် တို့၏ အနုပညာရေးရာများကို စီမံခန့်ခွဲပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ''ဆီရိုဟိုရင်ဟာ အလားအလာအများကြီးရှိတဲ့သူတစ်ဦးပါ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဒီ့ထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်''ဟုKing Kong ဖျော်ဖြေရေးအေဂျင်စီမှ အမှုဆောင်ဥက္ကဋ္ဌက ပြောကြားသည်။ ဆီရိုဟိုရင်သည် ကိုရီးယားအနုပညာ လောကသို့ ၂ဝဝ၇ ခုနှစ်တွင် When Spring Comes ရုပ်သံဇာတ်လမ်းတွဲဖြင့် စတင်ဝင်ရောက်လာသူဖြစ်သည်။ ကေဘီအက်စ်ရုပ်သံလိုင်းမှ တင်ဆက်သည့် Music Bank ဂီတ အစီအစဉ်တွင်လည်းပါဝင်တင်ဆက်ခဲ့သည်။ ဆီရိုဟိုရင်၏ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲမှာ၂ဝ၁ဝ ခုနှစ်က SungKyunKwan Scandal သမိုင်းနောက်ခံဇာတ်လမ်းတွဲဖြစ်သည်။အခြားရုပ်သံဇာတ်လမ်းတွဲများအနေဖြင့် Scent of Woman နှင့် Flower I Am တို့ဖြစ်ပြီး ၂ဝ၁၁ ခုနှစ်က Desire to Killရုပ်ရှင်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ (အင်တာနက်)

 **ရုပ်သံဇာတ်လမ်းတွဲသစ်တွင် ပါဝင်သရုပ်ဆောင်မည့် ကင်မ်ဆိုယွန်း**
 ကိုရီးယားမင်းသမီး ကင်မ်ဆိုယွန်းသည် ရုပ်သံဇာတ်လမ်းတွဲသစ် တစ်ခု၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သူ၏အေဂျင်စီက ဇွန် ၂၂ ရက် တွင် ထုတ်ပြန်ကြေညာသည်။ကင်မ်ဆိုယွန်း၏ အေဂျင်စီက မင်းသမီး ကင်မ်ဆိုယွန်းသည် အက်စ်ဘီအက်စ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် Daepungsoo ရုပ်သံဇာတ်လမ်းတွဲတွင်ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်းထုတ်ဖော်ပြောကြားသည်။ အဆိုပါဇာတ်လမ်းတွဲသည် ကိုရီးယားကျွန်းဆွယ်၏ သမိုင်းတွင်အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည့် ဘုရင်ရီဆောင်ဂီး၏ အတ္ထုပ္ပတ္တိကို အခြေခံရိုက်ကူး ထားခြင်းဖြစ်သည်။ ဘုရင်ရီဆောင်ဂီးအဖြစ် မင်းသားဂျီဂျင်ဟီးက သရုပ်ဆောင် မည်ဖြစ်ပြီး အောက်တိုဘာလတွင်ထုတ်လွှင့်ပြသရန်စီစဉ်ထားသည်။ ကင်မ်ဆိုယွန်းသည် ၁၉၉၄ ခုနှစ်မှစ၍ကိုရီးယား အနုပညာလောကသို့ ရောက်ရှိလာသူဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်ကAll About Eve ရုပ်သံဇာတ်လမ်းတွဲဖြင့် နာမည်ရလာသူ ဖြစ်သည်။ အခြားရုပ်သံဇာတ်လမ်းတွဲများအနေဖြင့် ၂ဝဝ၉ ခုနှစ်က IRIS ရုပ်သံဇာတ်လမ်းတွဲ၊ ၂ဝ၁ဝခုနှစ်က Princess Prosecutor နှင့် Dr.Champ တို့ဖြစ်သည်။ရုပ်ရှင်ဇာတ်ကားအနေဖြင့် လွန်ခဲ့သည့် မတ်လအတွင်းက ရုံတင်ပြသခဲ့သည့် Coffee ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေဝမ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)