လူထုကျန်းမာရေး (အင်္ဂလန်မှ မီးဖိုချောင် မတော်တဆမှုများနှင့်အခွံခွာလှီးဖြတ်ရခက်သည့်
ရွှေဖရုံသီး၊ မုန်လာဥဝါများ)-
မီးဖိုချောင်များသည် အိမ်တစ်အိမ်၏စိုးရိမ်စရာ မတော်တဆမှုအချို့ဖြစ်ပွားရာ နေရာဖြစ်သည်။ ပုံမှန်ဒဏ်ရာရရှိမှုပုံစံအများစုတွင် ထိခိုက်ပြတ်ရှခြင်းများဖစ်စေသည့်နေရာလည်း ဖြစ်သည်။ မီးဖိုချောင်တွင် ချက်ပြုတ်နေစဉ် အတွင်း ပြတ်ရှဒဏ်ရာများဖြစ်ပွားမှု အတွက် ဆေးရုံအရေးပေါ်ခန်းများသို့ တက်ရောက်ကုသမှုခံယူရသူ နှစ်စဉ် ထောင်ပေါင်းများစွာရှိကြောင်း၊ အင်္ဂလန် မတော်တဆမှုများ ကြိုတင်တားဆီး ကာကွယ်ရေးဌာန ပြည်သူ့ကျန်းမာရေး အကြံပေးပုဂ္ဂိုလ် ရှီလာမာရေး (Shiela Merrill) ၏ ပြောကြားချက်ကို ဒေးလီး တယ်လီဂရပ်သတင်းစာက ဖော်ပြသည်။ စားစရာများကို အထုပ်ဖြင့်ဝယ်ယူသွား နိုင်သောဆိုင်မှ ဖောက်သည်(ဝယ်ယူသူ) ၂ဝဝဝ ကျော်ကို လေ့လာစစ်တမ်း ကောက်ယူခြင်းဖြစ်ပြီး အမျိုးသား အစား အစာနှင့် အစာလုံခြုံရေးသီတင်းပတ်တွင် လေ့လာခဲ့သည်။ ယင်းသို့ လေ့လာခဲ့ရာ အမြစ်ပါဟင်းသီးဟင်းရွက် အသီးအနှံ များဖြစ်သည့် ရွှေဖရုံသီး၊ မုန်လာဥဝါ များနှင့် တရုတ်မုန်လာဥများသည် အန္တရာယ်အရှိဆုံးစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည့် အသီးအနှံများဖြစ်သည်။ ရွှေဖရုံသီးသည် ယင်း၏ အခွံကိုလှီးဖြတ် ရာ၊ ခုတ်ရာတွင် အခက်ခဲဆုံးဖြစ် ကြောင်း ဝယ်ယူလာသူ ၂၅ ရာခိုင်နှုန်းက ပြောသည်။ ထိုအချိန်တွင် ဝယ်ယူလာသူ ငါးပုံတစ်ပုံက မုန်လာဥဝါများသည်လည်း ထိခိုက်ရှနာအတွက် အန္တရာယ်ရှိသော ဟင်းသီးဟင်းရွက်ဖြစ်သည်ဟုဆိုသည်။
တီဗွီမှလာသော စားဖိုမှူးများကဲ့သို့ ဟင်းသီးဟင်းရွက်များကို အတုခိုး၍ မိမိတို့ အလွှာလိုက်လှီးဖြတ်ရာတွင် ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကြကြောင်း ငါးဦးတွင် နှစ်ဦးက ပြောဆိုသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ မီးဖိုချောင် မတော် တဆမှုများကို တားဆီးရန် အသုံးပြုသော ဓားများသည် ထက်၍ကောင်းမွန်သော အခြေအနေရှိရမည်ဖြစ်ပြီး ဟင်းသီး ဟင်းရွက် အသီးအနှံများကို အခွံခွာ ကိရိယာကဲ့သို့ အသုံးပြုရာ၌ သင့်လျော် ရမည်ဖြစ်သည်။ အလျင်စလိုမလှီးရန် မာရေးကအကြံပြုပြောဆိုသည်။ ဓားများ ကို ကလေးများနှင့် ဝေးရာတွင် ထားရ မည်ဖြစ်ပြီး ကလေးများက မိဘများကို ကူညီချိန်တွင်လည်း မိဘများက ယင်းသို့ မပြုလုပ်ရန် ကြီးကြပ်ရမည်ဟု သူမက ပြောဆိုသည်။
(မောင်ဇော်)

No comments:
Post a Comment