ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 30, 2012

>
-ယခုလအတွင်း ထိုင်းနှင့်မလေးရှားသတင်းအတိုအထွာများ-
(ဇွန်လ ၃၀ရက်၊၂၀၁၂)
 မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော်
 ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။ မြန်မာတွေ အမိမြေကို လာမယ့်နှစ် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြန်လာနိုင်ပြီး အလုပ် လုပ်နိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ပေးနိုင် လိမ့်မယ်လို့ Mr. Withee Supitak က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆို ထားပါတယ်။“အထူးသဖြင့် ထုတ်ကုန်လုပ်ငန်းတွေမှာ ဒီရွှေ့ပြောင်း အလုပ်သမားတွေကိုပဲ မှီခို အားထားနေရတာကြောင့် အလုပ်သမား ပြတ်လပ်မှု အခက်အခဲဖြစ်လာမှာကို Trang က စက်မှု လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။ (ဧရာဝတီ) (ဇွန်လ ၂၈ရက်၊၂၀၁၂) ဖြစ်ရပ် ၁။ ။ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်း နိုင်ငံသား ၁ ဦး ကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ယခုလ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင် မယ်ဆိုင်မြို့၌ရှိသော ထိုင်းနိုင်ငံသား နိုင်စ၀ါ ကျိုင်းကရောက် ၏ နေအိမ်ကို ထိုင်းရဲများက သ တင်း အရ ၀င်ရောက် ရှာဖွေ၍ ဖမ်းဆီးခြင်း ဖြစ်သည်။သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်လက်နက်များကို ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် နီးစပ်သည့် ခမ်းဆိုသူထံမှ ရရှိ ခြင်း ဖြစ်သည်ဟု အဖမ်းခံရသူက ထွက်ဆိုကြောင်း ဒေးလီးနယူးစ် သတင်းဌာန(dailynews) အင်တာနက် စာမျက်နှာတွင် ဇွန်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။ယင်း ခမ်းဆိုသူကို ၎င်း၏ နေအိမ်သို့ ထိုင်း အာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ထိုင်း သတင်းက ဆိုသည်။ယခု လက်နက် ခဲယမ်းများကို မူးယစ်ဆေးဝါးနှင့် လဲလှယ်ရန် အတွက် ဖြစ်နိုင်ကြောင်း ထိုင်း အာဏာပိုင် ရဲအရာရှိ တဦးကို ကိုးကား၍ ဒေးလီနယူးစ် သတင်းဌာနတွင် ရေးသားထားသည်။(ဧရာဝတီ) 

 ဖြစ်ရပ် ၂။ ။မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟိုတယ်မှာ မနေ့မနက်ပိုင်း က တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။အဲဒီလိုတွေ့ဆုံရာမှာ အရင်ပြည်နယ်အဆင့် ဆွေးနွေးခဲ့စဉ်က သဘောတူခဲ့တဲ့ အချက်တွေကို လက်တွေ့ ဆောင်ရွက်တဲ့နေရာ မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ALP အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ (RFA)

 (ဇွန်လ ၂၇ ရက်၊၂၀၁၂) ဖြစ်ရပ် ၁။ ။ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင် ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက် နေသူများက ဝေဖန်နေကြသည်။အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီ အစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မကြာသေးမီ ရက်ပိုင်း အတွင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာ လိုက်ခြင်း ဖြစ်သည်။(ဧရာဝတီ)
 ဖြစ်ရပ် ၂။ ။မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ ဟာ ဇွန်လ ၂၇ ရက်နေ့က ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်ခဲ့ ပါတယ်။ထိုင်း မြန်မာ နယ်စပ်က မြန်မာ အဖွဲ့ အစည်း တွေကို ဝန်ကြီး ဦးအောင်မင်း တွေ့ဆုံ ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ လူနာဆောင် တွေကို လိုက်လံ ကြည့်ရှု့ပြီးတဲ့ နောက် မြန်မာ နိုင်ငံသား တွေကို ဆေးဝါး ကုသ ပေးတဲ့ အတွက် ဒေါက်တာစင်သီယာရဲ့ စေတနာကို အသိ အမှတ်ပြု ကျေးဇူး တင်ကြောင်း မြန်မာ နိုင်ငံ အစိုးရ ကိုယ်စား ဦးအောင်မင်းက ပြောခဲ့ပြီး ဆေးခန်း အတွက် ထိုင်း ဘတ်ငွေ တစ်သိန်း ငါးသောင်း လှူခဲ့ ပါတယ်။ ဒေါက်တာ စင်သီယာမောင်ကို မြန်မာနိုင်ငံ ပြန်လာပြီး၊ ဒီလို အလုပ်တွေကို လုပ်စေချင် ကြောင်းနဲ့ တကယ်လို့ ပြန်လာမယ် ဆိုရင် ဒေါက်တာ စင်သီယာမောင် အတွက် ဆေးရုံကြီး တစ်ရုံ ဆောက်လုပ် ပေးပြီး အခုလို ဆက်လက် ဆေးဝါး ကုသ နိုင်အောင် ဆောင်ရွက် ပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒေါက်တာ စင်သီယာမောင် ကတော့ သူ့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် ကို ရှင်းရှင်း လင်းလင်း မသိရ သေးလို့ စောင့်ကြည်ရ ဦးမယ်လို့ ပြောပါတယ်။ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ကြားမှာ မြန်မာ ပြည်သူတွေ အမြဲ ကူးလူး သွားလာ နေကြဦးမှာ ဖြစ်ပြီး သူတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ထိုင်း အစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက် ရမှာတွေ ရှိသေး လို့ မယ်တော် ဆေးခန်းဟာ နယ်စပ်မှာ အခြေပြုပြီး ဆက်လက် ရှိနေ ဦးမယ်လို့ ဒေါက်တာ စင်သီယာက ပြောပါတယ်။(VOA) 

(ဇွန်လ ၂၆ရက်၊ ၂၀၁၂)
 ဖြစ်ရပ်၁။။မလေးရှားနိုင်ငံတီအိုမင်ကျွန်းကမ်းလွန်ရေအောက်၌ ခြောက်ဦးပါသုတေသနရေငုပ်သမား
အဖွဲ့ ပျောက်ဆုံ်းပြီးအဆိုပါ ရေငုပ်သမားခြောက်ဦးမှာ စင်ကာပူနိုင်ငံမှတစ်ဦး၊ တရုတ်နိုင်ငံမှတစ်ဦးနှင့် မလေးရှားနိုင်ငံမှ လေးဦးတို့ဖြစ်ကြသည်။ ၄င်းတို့သည် ရေငုပ်ဝတ်စုံများဝတ်ဆင်ကာတီအိုမင်ကျွန်းကမ်းလွန်ပင်လယ်ကြမ်းပြင်၌ သန္တာကောင်များနှင့်ရေအောက်ရှားပါးအပင်များကို ရှာဖွေသုတေသနပြုရန် ဇွန် ၂၃ ရက် နံနက်က ဆင်းသက်ခဲ့ကြခြင်းဖြစ်သည်။ ၄င်းအဖွဲ့တွင် အမျိုးသမီးနှစ်ဦးပါဝင်ပြီး အသက် ၂၅ နှစ်မှ ၃၃ နှစ်အရွယ် များဖြစ်ကာ မလေးရှားနိုင်ငံအရှေ့ပိုင်းတီအိုမင်ကျွန်းကမ်းလွန်ရေပြင်၏ ရေအောက်သို့ ဆင်းသက်သွားပြီးနောက် အဆက်အသွယ်မရဘဲ ရေပြင်သို့ ပြန်လည်မပေါ်လာတော့ ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှနေ၌၍ ပျောက်ဆုံးနေသော စင်ကာပူ နိုင်ငံသားတစ်ဦး၏ မိသားစုထံသို့ အကြောင်းကြားထားပြီး တီအိုမင်ကျွန်းသို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကို စေလွှတ်ထားပြီးဖြစ်သည်။ (အင်တာနက်)

 ဖြစ်ရပ် ၂။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌ တွေ့ဆုံခဲ့သည်။နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင် နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စ များကို ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သင့်သည်များကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦးအောင်မင်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒေါက်တာစင်သီယာမောင်ဘက်မှ ဆရာမ နော်ထူး၊ ဆရာ စောချစ်ဝင်းနှင့် CDC ကျောင်းအုပ် မန်းရွှေနှင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။(KIC)

 ဖြစ်ရပ် ၃။ မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက သတင်းရရှိပါတယ်။ အဲဒီ လက်နက်တွေဟာ ရွှေတြိဂံနယ်မြေက လာတာဖြစ်ပြီး ထိုင်းလက်နက် ရောင်းဝယ်သူတွေဆီက တဆင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို ရောင်းချမယ်လို့ ယူဆရကြောင်း ထိုင်းရဲက ပြောပါတယ်။RPG လောင်ချာ ၁၂ လက်နဲ့ ဗုံးသီး ၉ လုံး၊ AK 47 မောင်းပြန်ရိုင်ဖယ် ၁၇ လက်၊ M 79 လောင်ချာ ၁၂ လက်နဲ့ M 16 မောင်းပြန်ရိုင်ဖယ် ၆ လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ (RFA) 

(ဇွန်လ ၂၅ရက်၊ ၂၀၁၂)
 ဖြစ်ရပ် ၁။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သုမဏ္ဏဘုမ္မိလေဆိပ်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၄ ရက်က ရေဒါစနစ်ချွတ်ယွင်းမှုကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ်အစင်း ၅၀ ကျော်တို့ဆင်းသက်၍မရဘဲ ထိုင်းနိုင်ငံရှိ အခြားလေဆိပ်များနှင့် အိမ်နီးချင်းနိုင်ငံ လေဆိပ်အချို့သို့ ဆင်းသက်ခဲ့ရကြောင်း ထိုင်းလေကြောင်း အရာရှိများက ဇွန် ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ အာရှတွင် အချက်အချာကျသည့် လေဆိပ်တစ်ခုဖြစ်သော သုမဏ္ဏဘုမ္မိလေဆိပ်တွင် တပ်ဆင်ထားသည့် လေယာဉ်အဆင်းအတက် ထိန်းချုပ်အချက်ပြစနစ်ပါဝင်သော ရေဒါမှာမိနစ် ၇၀ ကျော်ကြာမျှ ချွတ်ယွင်းသွားခဲ့ရာ လေယာဉ်များဘေးကင်းစွာ ဆင်းသက်၌ မရဘဲ ဖြစ်ခဲ့သည်။ ထိုသို့ ရေဒါနစ်ချွတ်ယွင်းမှု ကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ်အစင်း ၅၀ ကျော်မှာထိုင်းနိုင်ငံရှိ ချင်းမိုင်လေဆိပ်နှင့် ဖူးခက်လေဆိပ်တို့ကို လွှဲပြောင်းဆင်းသက်ခဲ့ရသည့်အပြင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်နှင့် ကမ္ဘာဒီယားနိုင်ငံ ဆိမ်းရစ်လေဆိပ်များသို့ လွှဲပြောင်းဆင်းသက်ခဲ့ရ သည်။ အဆိုပါရေဒါစနစ်ချွတ်ယွင်းမှုအပေါ် စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီး ချာယူပွန်ရန်စူဝမ်က ပြောကြားထားသည်။ (အင်တာနက်)

 ဖြစ်ရပ် ၂။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင် များအား တဦးခြင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။်(မဇ္ဈိမ) ။ (ဇွန်လ ၂၄ရက်၊ ၂၀၁၂) ထိုင်း - မြန်မာနယ်စပ် မြဝတီ မြို့လယ် ဘုရင်နောင် ဈေးကြီး အရှေ့က အင်ပါယာ ရွှေဆိုင်ကို ဓားပြ သုံး ယောက် က နေ့ခင်းကြီး သေနတ်တွေ ဖောက်ပြီး ရွှေတွေ ဝင်လု သွားပါတယ်။ ဓားပြတွေက ရွှေထည် ထည့်တဲ့ မှန်သေတ္တာ တွေကို ရိုက်ခွဲပြီး အထည်ရွှေ ၃ ပိဿာနီး ပါး လုယူသွား တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။ မှန်သေတ္တာတွေ ရိုက်ခွဲတဲ့ အချိန်မှာ မှန်စတွေ ထိတဲ့ ဆိုင်က အရောင်း ဈေးသည် မိန်းကလေး ၆ ယောက် ဒဏ်ရာရ သွားတယ်လို့ ဆိုပါတယ်။ ရွှေဆိုင် ပိုင်ရှင်တွေကို ဆက်သွယ် ပေမယ့် မှတ်ချက် မပေးပါဘူး။ မြဝတီ ရဲစခန်းကို ဆက်သွယ် တော့လဲ ဖုန်းမကိုင် ပါဘူး။ လက်နက်ကိုင် တပ်ဖွဲ့တွေ စုံတဲ့ မြ၀တီမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က လက်နက်တွေ နဲ့ ရွှေဆိုင် ဓားပြတိုက် ခံရဖူး ပါတယ်။ဒါပေမဲ့ အဲဒီဓါးပြတွေကို အခု အချိန်အထိ မဖမ်းနိုင် သေးဘူးလို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။ထိုင်းဘက်က မဲဆောက်မှာလို ရဲစခန်းက ရွှေဆိုင်တွေကို လုံခြုံရေး ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။ 

(ဇွန်လ ၁၉ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊မဲဆောက်မြို့ရှိ အလုပ်သမားများလူမှုဖူလုံရေးနှင့် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ပ်ဒီကန်)မှ ဦးစီး၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)နှင့် ပူးပေါင်းကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပထမဆုံးအကြိမ်တရားဝင်အသိပညာပေး ဟောပြောပွဲ တခုကိုယနေ့ ပြုလုပ်ခဲ့သည်။ ယနေ့မနက် ၉နာရီမှ ၁၁နာရီအထိ မဲဆောက်မြို့၊ ကာ့ဘိဘန်းရပ်ကွက် ပေါင်မုန့်စက်ရုံအနီးတွင် ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲတွင် ထိုင်းအလုပ်သမားဥပဒေနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို ဟောပြောခဲ့သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏
အရေးကို လိုက်လံကူညီဆောင်ရွက်ပေးသည့်JACBA ၏ တာဝန်ခံ ကိုမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။(KIC) 

ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့ ကမ်ပီဘန်းရပ်ကွက် အမှတ်၁နယ်မြေ SPT သိုးမွှေး စက်ရုံ (မြန်မာတို့အခေါ်-ပေါင်မုန့်ရုံ) အနီး အလုပ်သမားတန်းလျား၌ ဒီကနေ့ဟောပြောပွဲတခု ပြုလုပ် ကြတာဖြစ်သည်။ ထိုင်းအလုပ်သမားကာကွယ်ရေးဥပဒေ (ဘီအီး ၂၅၄၁/၁၉၉၈) အပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားမျာွး သိသင့်သိထိုက်သည့် ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေကို ထိုင်းအ လုပ်သမားဝန်ကြီးဌာန၊ မဲဆောက် (တာ့ခ်ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံးမှ ကြီးမှူးပြီး မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)မှ ပူးပေါင်းပါဝင်ပြီး ဟောပြောကြတာဖြစ် သည်။ (မြန်မာပြည်သားသတင်းစဉ်)

 (ဇွန်လ ၁၆ ရက်၊ ၂၀၁၂) ယခု ရခိုင်ပြည်အတွင်းမှာ ဖြစ်ပျက်နေသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်-ရခိုင်ပြဿနာနှင့် ပတ်သတ်၍ ဘင်္ဂလီမူဆလင်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသည့် ရခိုင်ဒုက္ခသည်များနှင့် ကျန်ရှိနေသေးသော ရခိုင်တိုင်းရင်းသားများကို ဘ၀လုံခြုံမှုအပြည့်အဝပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်ရောက် ရွှေ့ပြောင်းမြန်မာများသည် မြန်မာသံရုံးနှင့် ကမ္ဘကုလသမ္မက UN ရုံးရှေ့မှာ နံနက်၁၁နာရီမှ နေ့လည် ၁၂နာရီထိ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။(Arakan Times) 

(ဇွန်လ ၁၅ ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မြန်မာပြည်သား (၃၀၀၀) ခန့် စုရုံးဆန္ဒပြခဲ့ကြ ကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) ၇၀ ခန့်မှ ဦးစီးပြီး မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာများလည်း ပါဝင်ကြောင်း သိရသည်။ (RFA) ဖြစ်ရပ် ၂။ ဆိုင်းဘုတ်များ၊ ပိုစတာများကိုင်ဆောင်ထားသူ လူ၃၀ ခန့်က ရခိုင်အရေးကို အစိုးရမှ အမြန် ဆုံး ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ယနေ့ဆန္ဒပြကြကြောင်း သ တင်းရရှိသည်။ (RFA)
 (ဇွန်လ ၁၃ ရက်၊ ၂၀၁၂) 
ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ် တနေရာတွင်ဗုံးတစ်လုံးတွေ့ရှိသည်ဟု သတင်းပို့ချက်အရ သွားရောက်စစ်ဆေးသော စစ်သား၎ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ (RFA) (ဇွန်လ ၆ရက်၊ ၂၀၁၂) ရေလွှ့မ်းမှုများဖြစ်ပွားနိုင်ကြောင်း ထိုင်းမိုးလေ၀သဌာနက ဇွန် ၆ ရက်တွင် သတိပေးချက်ထုတ်ပြန်ထား သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖွန်ပြည်နယ်ရှိ တောင်ခြေဒေသများ၊ မြစ်ချောင်းအနီးဝန်းကျင်းဒေသ များ၌ နေထိုင်ကြသူများနှင့် ဆူရက်ထိုင်း၊ ရနောင်း၊ ဖန်န၊ ထရန်စသည်ဒေသများတွင် မိုးသည်းထန်ပြီး ရေလွှမ်းများနှင့် ကြုံတွေ့ရနိုင်ကြောင်းထိုင်းအရာရှိများက ပြောကြားသည်။ (အင်တာနက်) 

 (ဇွန်လ ၂ ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်၌ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးကို ထပ်မံတိုး ချဲ့တည်ဆောက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ အေအို တီကုမ္ပဏီက မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ထိုသို့ လေဆိပ်တိုး ချဲ့တည်ဆောက်မှုလုပ်ငန်း များကို ဇွန် ၁ ရက်မှစတင်ကာ အစီအစဉ်များရေးပြီး ဆောက်ရွက်တော့ မည်ဖြစ်ကြောင်း၊ သဘောတူညီ မှုများလည်း ရရှိထားပြီးဖြစ်ကြောင်း အေအိုင်တီကုမ္ပဏီဥက္ကဌ အင်နာ နပ်သွန်ကူဘူတရာက ပြောကြား သည်။ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကို တိုးချဲ့တည်ဆောက်ပြီး ပါက တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ အထိ ၀င်ထွက်သွားလာနိုင်မည်ဖြစ်သည်။ လက်ရှိအနေအထား ၌ သုဝဏ္ဏဘူမိလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၄၅ သန်းခန့်သာ ၀င်ထွက်နိုင်ရာ လိုအပ်ချက်ဖြစ် ပေါ်နေသဖြင့် လေဆိပ်တိုးချဲ့ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်သည်။ (အင်တာနက်)
 ဖြစ်ရပ် ၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံလေ့လာရေးခရီးစဉ် ၏ ခရီးတထောက်အဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သော မယ်လဒုက္ခသည် စခန်းသို့ ယနေ့ရောက်ရှိပြီး ဒုက္ခသည်များနှင့် စကားပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သားသတင်းစဉ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)