ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 30, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

**ခြေနှစ်ဖက်စလုံး ပြတ်နေသည့် ကနေဒါနိုင်ငံသား အာဖရိကရှိ အမြင့်ဆုံးတောင်သို့ တက်နိုင်ခဲ့** (ကိတ်တောင်း၊ ဇွန် ၂၈) ရောဂါကြောင့် ခြေနှစ်ဖက်စလုံး ဖြတ်တောက်ခဲ့ရသည့် ကနေဒါနိုင်ငံသား တစ်ဦးသည် အာဖရိကရှိ အမြင့်ဆုံးတောင်ဖြစ်သော အမြင့် ၅၈၉၅ မီတာရှိသည့် ကီလီမန်ဂျာရိုတောင်ပေါ် သို့ ၄င်း၏ဘီးတပ်ထိုင်ခုံဖြင့် တက်ရောက်နိုင်ခဲ့ကြောင်း ဇွန် ၂၇ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ အခြားလူများကဲ့သို့ ကျန်းမာသန်စွမ်းကြောင်း ပြသလိုသည့်အပြင် ကိုယ်လက်အင်္ဂါ ချို့တဲ့သော်လည်း ဘ၀ကိုအရှုံးမပေးဘဲ အောင်မြင်စွာ ဖြတ်တောက်သန်းနိုင် သည်ကို ပြသခြင်းဖြစ်ကြောင်း အသက် ၃၁ နှစ်အရွယ်ရှိပြီး ခြေနှစ်ဖက်မရှိသူ စပင်ဝတ်က ထုတ်ဖော်ပြောကြားသည်။ စပင်ဆာဝတ်သည် မွေးဖွားကတည်းက ခံစားခဲ့ရသော မျိုးရိုးဗီဇလိုက်ဖြစ်ပွားသည့် အရိုးရောဂါခံစားခဲ့ရသဖြင့် အသက်သုံးနှစ်အရွယ်ကပင် သူ၏ခြေနှစ်ဖက်စလုံး ဒူးခေါင်းအောက်ပိုင်းမှ ဖြတ်တောက်ခဲ့ရသည်။ သို့သော် ရောဂါဆက်လက်ဖြစ်ပွားခဲ့သဖြင့် အသက်ငါးနှစ်အရွယ်၌ ပေါင်အရင်းမှနေ၍ ၄င်း၏ခြေနှစ်ဖက်စလုံးကိ ဆရာဝန်များက ဖြတ်တောက်ကုသပေးခဲ့ရခြင်းဖြစ်သည်။ ထိုသို့ငယ်စဉ်ကပင် ခြေနှစ်ဖက်စလုံး ဖြတ်တောက်ခဲ့ရသဖြင့် သက်တူရွယ်တူကလေးများ အကြား ၀ိုင်းပယ်ခံခဲ့ရပြီး အရွယ်ရောက်လာသော အချိန်၌လည်း လူတကာ၏ နှိမ်ချဆက်ဆံမှုများကို ခံစားခဲ့သည်။ စပင်ဆာဝတ်ရင်ထဲ၌ ၄င်းအားခွဲခြားဆက်ဆံမှုနှင့် ၀ိုင်းပယ်ခံရမှုများကို ချေဖျက်လိုသောစိတ်ဆန္ဒများ ပြင်းပြခဲ့သဖြင့် ကြိုးစားခဲ့ရာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ယခုအခါ အလှကုန်ပစ္စည်း ရောင်းဝယ်ရေးနှင့် ရေပူစမ်းအပန်းဖြေစခန်းတို့တွင် အောင်မြင်သောလုပ်ငန်းမန်နေဂျာ
တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိနေပြီဖြစ်သည်။ (အင်တာနက်)

**ဘက်သလီဟမ်မြို့မှ လမ်းတစ်လမ်းရုရှားသမ္မတ၏အမည်ဖြင့် နာမည်ပေး**
(ဘက်သလီဟမ၊် ဇွန် ၂၈ ) ယေရှုခရစ်တော်မွေးဖွားရာ ဘူမိနက်သန်အဖြစ်ခရစ်ယာန်ဘာသာဝင်များက အထွတ်အမြတ်ထားသောဘက်သလီဟမ်မြို့လမ်းတစ်လမ်းကို ၄င်း၏နာမည်ဖြင့် အစွဲပြု အမည်ပေးခဲ့ခြင်းကြောင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်သည်အနည်းငယ်မျှ ရှိုးတိုးရှန့်တန့်ဖြစ်ခဲ့ရကြောင်း ဇွန် ၂၇ ရက်သတင်းများတွင် ဖော်ပြထားသည်။ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၄င်း၏ အရှေ့အလယ်ပိုင်းဒေသခရီးစဉ်အတွင်း အနောက်ဘက်ကမ်းဒေသဘက်သလီဟမ်မြို့သို့ ခရီးတစ်ထောက်ဝင်ရောက်ကာ ပါလက် စတိုင်းသမ္မတ မာမွတ်အဘတ်စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပါလက်စတိုင်း သမ္မတမာမွတ်အဘတ်စ်သည် ဧည့်သည်တော် ရုရှားသမ္မတအား ဂုဏ်ပြုသည့်အနေဖြင့် ဘက်သလီဟမ်မြို့ လမ်းတစ်လမ်းကို ရုရှားသမ္မတ၏အမည်ဖြင့် နာမည် ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။မိမိအနေဖြင့် အသက်ရှည်ရှည်နေလိုသေးကြောင်း ကွယ်လွန်သူတို့နာမည်ကို အစွဲပြု၍ လမ်းများအား အမည်မှည့်ခေါ်တတ်သည့် ဥရောပဓလေ့ထုံးစံကို ရည်ညွှန်း၍ သမ္မတဗလာဒီမာပူတင်က အရွှန်းဖောက်ခဲ့သည်။ အစ္စရေးနိုင်ငံနှင့်အနောက်ဘက်ကမ်းဒေသတို့အပါအဝင်ဖြစ်သော ရုရှားသမ္မတဗလာဒီမာပူတင်၏ နှစ်ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၌ အဆုံးသတ်ခဲ့သည်။( အေအက်ဖ်ပီ)

 **လာမည့် လေးနှစ်အတွင်း ဗြိတိသျှလယ်ယာမြေများ ရွှေထက်တန်ဖိုးမြင့် လာနိုင်**

 (လန်ဒန်၊ ဇွန် ၂၈) လယ်ယာမြေကဏ္ဍတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားခြင်းကြောင့်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဓနဥစ္စာကို ကာကွယ်ထားနိုင်ပြီးအခွန်အတုပ်ပေးဆောင်ရမှုသည်လည်း သက်သာလာမည် ဖြစ်ကြောင်း သိရသည်။၂ဝ၁၆ ခုနှစ်တွင် ဗြိတိသျှလယ်ယာမြေများ၏တန်ဖိုးသည် ၃၇ ရာခိုင်နှုန်းမြင့်တက်လာမည်ဖြစ်ရာ ရွှေ၊ ရေနံ၊ ဗြိတိသျှအစိုးရ၏ ၁ဝ နှစ်သက်တမ်း ငွေတိုက်စာချုပ်များနှင့် လန်ဒန်လူကုံထံရပ်ကွက်များမှ အိမ်မြေဈေးနှုန်းများကို ဖြတ်ကျော်သွား မည်ဖြစ်ကြောင်း အောက်စဖို့ဒ်စီးပွားရေးနှင့် သုတေသနအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်။၂ဝ၅ဝ ခုနှစ်အရောက်တွင် ၉ ဘီလီယံအထိရှိလာမည့်ကမ္ဘာ့လူဦးရေ တစ်ရပ်လုံး အား စားနပ်ရိက္ခာ လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် နှံစားသီးနှံထုတ်လုပ်မှုကို တစ်နှစ်လျှင် တန်ချိန် တစ်ဘီလီယံနှင့် မွေးမြူရေးလုပ်ငန်းများ၌ တစ်နှစ်လျှင် တန်ချိန်သန်း ၂ဝဝ အပိုဆောင်းထုတ်လုပ်ရမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)က ခန့်မှန်းထားသည်။အနောက်နိုင်ငံများ၏ အဓိက စားသောက်ကုန်များဖြစ်သော ပေါင်မုန့်နှင့် အာလူးကဲ့သို့သော အမယ်များကို ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လည်း ပိုမိုစားသုံးလာလျက်ရှိရာ ဂျုံနှင့် အာလူးများဖြစ်ထွန်းသည့် ဗြိတိသျှလယ်ယာမြေများတန်ဖိုး မြင့်တက်လာနိုင်ခြင်း၏ အကြောင်းတရားတစ်ခုဖြစ်ကြောင်း သိရသည်။အထက်ပါအကြောင်းအချက်များကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ရင်းနှီးမြှုပ်နှံသူများသည် လယ်ယာမြေများအပေါ် အရင်းအနှီးပိုင်ဆိုင်မှုတစ်ရပ်အဖြစ် အာရုံစိုက်လာနိုင်ကြောင်း အောက်စဖို့ဒ်စီးပွားရေးနှင့် သုတေသနအဖွဲ့အစီရင် ခံစာတွင် ဖော်ပြသည်။ ( ရိုက်တာ)

 **စစ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် တောင်ကိုရီးယားနှင့် ဂျပန်လက်မှတ်ရေးထိုး**
 (ဆိုးလ်၊ ဇွန် ၂၈) တောင်ကိုရီးယားနိုင်ငံသည် ဂျပန်နိုင်ငံနှင့် ပထမဆုံးအကြိမ် စစ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကိုလိုနီအုပ်ချုပ်ရေးစနစ် အဆုံးသတ်ခဲ့ပြီးချိန်နောက်ပိုင်း စစ်ဘက်ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ပေါ်ထွက်လာမည်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေး သဘောတူညီချက်ဟု အမည်ပေးထားသော သဘောတူညီချက်အရ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များနှင့်ပတ်သက်၍ ထောက်လှမ်းရေးသတင်းအချက်များကို အပြန်အလှန်ဖလှယ်ကြမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်
ဦးက ပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပင်လယ်ရေကြောင်းအငြင်းပွားမှု ပေါ်ပေါက်ခဲ့ခြင်းကြောင့် စစ်ရေးဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးရေးကိစ္စမှာ နှောင့်နှေးကြန့်ကြာမှုရှိခဲ့သည်။ (အင်တာနက်)

**ကြယ်စင်သန်း ၄ဝ ကျော်နှင့်ညကောင်းကင်မြေပုံသစ် သိပံ္ပပညာရှင်များ ရေးဆွဲလျက်ရှိ** (နယူးယောက်၊ ဇွန် ၂၈) မှေးမှိန်သော ကြယ်စင်အများအပြား၏ အလင်းအားပမာဏနှင့် တည်နေရာများကို ပထမဆုံးအကြိမ်အဖြစ်မှတ်တမ်းတင် စာရင်းသွင်းထားမည့် ညကောင်းကင်မြေပုံသစ် တစ်ရပ်အား နက္ခတ္တဗေဒသိပံ္ပပညာရှင်များက ရေးဆွဲလျက်ရှိ ကြောင်း ဇွန် ၂၇ ရက်သတင်းများတွင် ဖော်ပြထားသည်။နက္ခတ္တဗေဒသိပံ္ပပညာရှင်များ စာရင်းပြုစုရေးဆွဲနေသောညကောင်းကင်မြေပုံသစ်၌ ကြယ်စင်အရေအတွက် သန်း ၄ဝ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ကြယ်စင်တို့၏ ညကောင်းကင်မြေပုံညွှန်းသစ်ရေးဆွဲမှုကိုအမေရိကန်ပြည်ထောင်စု ကြယ်ဂြိုဟ်များ အပြောင်းအလဲလေ့လာသူများအဖွဲ့ (အေအေဗွီအက်စ်အို) အမည်ရှိ နက္ခတ္တ ဗေဒသိပံ္ပအဖွဲ့အစည်းတစ်ရပ်က လုပ်ဆောင်နေခြင်းဖြစ်သည်။ညကောင်းကင် ကြယ်မြေပုံညွှန်းရေးဆွဲရာတွင် ကြယ်ဂြိုဟ်သန်းပေါင်းများစွာတို့၏ တည်နေရာနှင့် အလင်းအားပမာဏတို့ကို ပထမဆုံးအကြိမ်အဖြစ် အတိအကျမှတ်တမ်းရယူနိုင်ခဲ့ ကြောင်း သိပံ္ပပညာရှင်များက ပြောကြားခဲ့သည။်သာမန်တယ်လီစကုပ်များအသုံးပြု၍ အပျော်တမ်းနက္ခတ္တဗေဒသိပံ္ပဝါသနာရှင်များ ရှာဖွေကြည့်ရှုနိုင်သည့် အလင်းအား ပမာဏရှိသော ကြယ်ဂြိုဟ်များ၏အနေအထားကို ညကောင်းကင် ကြယ်သန်းခေါင်စာရင်းသစ်တွင် ထည့်သွင်းတိုင်းတာသွားမည်ဖြစ်ကြောင်း အေအေဗွီအက်စ်အိုအဖွဲ့မှ နက္ခတ္တဗေဒသိပံ္ပပညာရှင်များက ပြောကြားခဲ့သည်။ ဂြိုဟ်နက္ခတ်တာရာများ၏ အလင်းအားကို မဂ္ဂနီကျု(Magnitude) ဟူသော ယူနစ်တစ်မျိုးဖြင့် နက္ခတ္တဗေဒ သိပ္ပံပညာရှင်များက တိုင်းတာသည်။ကြယ်ဂြိုဟ်တစ်စင်း၏ မဂ္ဂနီကျုကိုဖော်ပြသည့် ဂဏန်းသင်္ချာတန်ဖိုးနည်းလေလေ၊ ယင်းကြယ်ဂြိုဟ်၏ အလင်းအား ပမာဏမှာ ပိုမိုတောက်ပလေလေဖြစ်သည်။ အင်တာနက်။

**ပင်လယ်ဝါ၌ ရေတပ်အခြေစိုက်စခန်းတစ်ခုတည်ဆောက်ရန် တောင်ကိုရီးယား စီစဉ်**
 (ဆိုးလ်၊ ဇွန် ၂၈) မြောက်ကိုရီးယားနိုင်ငံနှင့် ပင်လယ်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်နေသောနေရာ အနီးတွင် တောင်ကိုရီးယားနိုင်ငံက ရေတပ်အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန်စီစဉ် ထားကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၆ရက်တွင် သတင်းထုတ်ပြန်သည်။ ပင်လယ်ဝါရှိ ဘေညံယန်ကျွန်း၌ စစ်စခန်းတစ်ခုထူထောင်ဖွင့်လှစ်ရန် ရေတပ်ကိုဒေသန္တရအစိုးရအဖွဲ့က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားသည်။ အသစ်တည်ဆောက်မည့် ရေတပ်စခန်းမှာ၂၃၄၈၉ စတုရန်းမီတာအကျယ်အဝန်းရှိမည်ဖြစ်ပြီး စစ်သင်္ဘောငယ်များ လွန်းတင်ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်တွင် ဖော်ပြသည်။ဘေညံယန်ကျွန်းသည် ကိုရီးယားနှစ်နိုင်ငံ ပင်လယ်ရေကြောင်းနယ်နိမိတ်အနီးရှိ တောင်ကိုရီးယားပိုင်ကျွန်းငါးကျွန်းတွင် ပါဝင်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)