ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 30, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ပုရိသတွေကိုဆွဲဆောင်နိုင်တဲ့ မင်းသမီးကိတ်ဒန်းနင်းစ်ယခုနှစ်အတွင်း ရုပ်ရှင်ကားသစ်နှစ်ကား ရိုက်ကူးရန်စီစဉ်**
 (လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၈) ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Thro ဇာတ်ကားနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး ကိတ်ဒန်းနင်းစ်ဟာ၂၀၁၂ခုနှစ်မကုန်မီရုပ်ရှင်ကားသစ်နှစ်ကားရိုက်ကူးဖို့ ဖောက်စ်ရုပ်ရှင်ကုမ္ပဏီနဲ့ ဆွေးနွေးနေတဲ့အတွက် ဖြစ်ပါတယ်။ ယခုအခါ Ranee အမည်ရှိတဲ့ ရုပ်ရှင်ကားသစ်ရိုက်ကူးပြီး ရုံတင်ပြသဖို့အတွက် အသင့်ဖြစ်ပြီလို့ ဇွန် ၂၈ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူမရဲ့ ရုပ်ရှင်ကားသစ်တွေ ဆက်တိုက်ထွက်ရှိလာတော့ မှာဖြစ်ပါတယ်။ ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသမီး ကိတ်ဒန်းနင်းစ်ဟာ Renee ရုပ်ရှင်ကားမှာ ရန်နေးဟိုဟီအမည်ရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကို သူမကိုယ်တိုင် ပူးတွဲထုတ်လုပ်သူအဖြစ်လည်း တာဝန်ယူလိုက်ကိုင်တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လျှို့ဝှက်သည်းဖို ဇာတ်လမ်းဖြစ်တာမို့ ပရိသတ်တွေ ကြိုက်နှစ်သတ်မယ့် ရုပ်ရှင်ကားဖြစ်လာမယ်လို့ ရုပ်ရှင်မင်းသမီး ကိတ်ဒန်းနင်းစ်က လော့်အိန်ဂျလိစ်မြို့မှာ ဇွန် ၂၇ ရက်က ပြုလုပ်တဲ့ သတင်းထောက်တွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ (အင်တာနက်)

**လူကာမိုဒရစ် စပါးအသင်းမှ ထွက်ခွာမည်ဟုဆို**

(လန်ဒန် ဇွန် ၂၈ ) လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲများ၌ ပါဝင်ကစားရန် မျှော်လင့် ထားခြင်းကြောင့် စပါးအသင်းတွင်ဆက်ရှိနေမည် မဟုတ်ဘဲ အပြောင်း အရွှေ့ရာသီမပိတ်မီ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း စပါးကွင်းလယ် ကစားသမား လူကာမိုဒရစ်က ပြောကြားခဲ့သည်။ခရိုအေးရှား ကွင်းလယ်ကစားသမား လူကာမိုဒရစ်က ၄င်း၏ လက်ရှိကလပ်ဖြစ်သည့် လန်ဒန်မြောက်ပိုင်း အခြေစိုက် တော့တင်ဟမ်ဟော့စပါးအသင်းသည် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရရှိခဲ့ခြင်းကြောင့် စပါးအသင်းမှ ထွက်ခွာရန် မျှော်လင့်ထားခဲ့သည်ဟု ဆိုသည်။လူကာမိုဒရစ်သည် အသင်းမှ ထွက်ခွာရေးစိတ်ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိဘဲ ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗီကမူ အသက်(၂၆)နှစ်အရွယ်ရှိ လူကာမိုဒရစ်၏ အသင်းမှထွက်ခွာရေးတောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ စပယ်ရှယ်ဝမ်း မော်ရင်ဟို ကိုင်တွယ်နေသည့် စပိန်အင်အားကြီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ယခုနှစ်နွေရာသီအတွင်း စပါးကွင်းလယ် ကစား သမား လူကာမိုဒရစ်ကို အပြီးသတ်ခေါ်ယူရန် ပြင်ဆင်နေခြင်းကြောင့် ဝှိုက်ဟတ်ဒ်လိန်းမှ မိုဒရစ်ထွက်ခွာရန်မှာသေချာနေသည့် အနေအထားတွင်ရှိနေ ကြောင်း ဇွန် ၂၈ ရက် သတင်းများကဆိုထားသည်။လူကာမိုဒရစ်စပါးအသင်းမှ ထွက်ခွာ ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ၄င်း၏ ချန်ပီယံလိဂ်တွင် ကစားလိုသည့်အိပ်မက်ကို စပါးအသင်းက ဖြည့်ဆည်းပေးနိုင်မည်မဟုတ်သောကြောင့်ဖြစ်ကြောင်း မိုဒရစ်၏ ပြောကြားချက်ကို ကိုးကား၍ စပိန်သတင်းစာ မြေခေ က သတင်းဖော်ပြသည်။ (အင်တာနက်)

** ကိုရီးယားရုပ်ရှင်ရုံများတွင် Miss Go ဇာတ်ကား အောင်ပွဲခံ**
 ကိုရီးယားထိပ်တန်း သရုပ်ဆောင်မင်းသမီး ကိုဟွန်ဂျွန်း၏ ဟာသ ဇာတ်ကားသစ် Miss Go သည်ကိုရီးယား ရုပ်ရှင်ချစ်ပရိသတ်များ၏ အထူးအားပေး နှစ်သက်ခြင်းခံရပြီးကြည့်ရှုသူပရိသတ်အများဆုံးနံပါတ်တစ် ဇာတ်ကားအဖြစ် ရပ်တည်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ Miss Go ဇွန် ၂၁ရက်မှစ၍ ရုံတင်ပြသခဲ့ရာ ဇွန် ၂၂ ရက်မှ ၂၄ ရက်အတွင်း ကြည့်ရှုသူပရိသတ် ၂၇ဝဝဝဝ နီးပါးရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။Miss Go ဇာတ်ကားတွင် ကိုရီးယား အမျိုးသားသရုပ်ဆောင် ငါးဦးပါဝင်ပြီးကိုရီးယား ထိပ်တန်းသရုပ်ဆောင် မင်းသမီး ကိုဟွန်ဂျွန်းက အကြောက်ရောဂါစွဲကပ်နေသူ အမျိုးသမီးတစ်ဦး အဖြစ် သရုပ်ဆောင်ထားသည်။ကိုဟွန်ဂျွန်းက သီလရှင်တစ်ပါးကို ကူညီမိရာမှ ဒေါ်လာ ၄၂ သန်းတန်ပြစ်မှုတွင် ပါဝင်ပတ်သက်ခဲ့ရသော ကြောင့် ကြောက်လန့်တကြား ထွက်ပြေးရာ အမျိုးသားငါးဦးနှင့် တွေ့ဆုံခဲ့သည်။ ယင်းအမျိုးသားငါးဦးက ကိုဟွန်ဂျွန်း၏အကြောက်ရောဂါကို ပြောင်းပြန်အနေ အထားဖြစ်သွားအောင် ပြုပြင်ပြောင်းလဲပေးလိုက်ရာ ကိုဟွန်ဂျွန်းသည် ဒုစရိုက် ဘုရင်မအဖြစ် ပြောင်းလဲသွားပုံကိုဟာသနှော၍ ရိုက်ကူးတင်ပြထားသည့် ဇာတ်ကားဖြစ်သည်။နံပါတ်နှစ်နေရာတွင် The Concubine၊ နံပါတ်သုံးနေရာတွင် Madagascar 3: Europe’s Most Wanted၊ နံပါတ်လေးနေရာတွင် King of Flattery၊ နံပါတ်ငါးနေရာတွင် All About My Wife ဇာတ်ကားတို့ ရပ်တည် လျက်ရှိသည်။ အင်တာနက်။

  ** ဗန်မာဝှစ်ခ် ဟော်လန်အသင်းနည်းပြအဖြစ်မှ နုတ်ထွက်** 
(ဟော်လန် ဇွန် ၂၈) ဟော်လန်အသင်းနည်းပြ ဘာ့ဗန်မာဝှစ်ခ်သည် ယူအီးအက်ဖ်အေက ကြီးမှူး ၍ ပိုလန်နှင့် ယူကရိန်းတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ယူရို ၂ဝ၁၂ ပြိုင်ပွဲတွင် မျက်နှာမပြရဲလောက်အောင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဟော်လန်အသင်း နည်းပြအဖြစ်မှနုတ်ထွက်ခဲ့ကြောင်း ဇွန် ၂၈ ရက် သတင်းတွင် ဖော်ပြသည်။ဟော်လန်အသင်းသည် ယူရို ၂ဝ၁၂ ပြိုင်ပွဲ၏ အုပ်စု(B)တွင် ဒိန်းမတ်၊ဂျာမနီ၊ ပေါ်တူဂီစသည့် ဥရောပ ထိပ်တန်းအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ရာ အုပ်စုအဆင့် ပွဲစဉ်များတွင်ပင် ရှုံးပွဲများနှင့်သာကြုံတွေ့ခဲ့ရသောအသင်း ဖြစ်သည်။ နည်းပြ ဗန်မာဝှစ်ခ်သည် ၂ဝဝ၈ ခုနှစ်က မာကိုဗန်ဘတ်စ်တင်ထံမှနည်းပြရာထူးကို လွှဲပြောင်းယူခဲ့သူဖြစ်ပြီး ယူရို ၂ဝ၁၂ ပြိုင်ပွဲတွင်ဟော်လန်အသင်း အုပ်စုအဆင့်နှင့်ပင်ထွက်ခဲ့ရပြီးနောက် ဟော်လန်အသင်းရှုံးနိမ့်ရခြင်းသည် မိမိ၏ကစားသမား ကိုင်တွယ်ပုံညံ့ဖျင်းမှုကြောင့်ဟု ဆိုကာ နည်းပြစာချုပ်ကို အဆုံးသတ်၍ အသင်းနည်းပြအဖြစ်မှ နုတ်ထွက်ရန် ဇွန် ၂၇ ရက် တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ဟော်လန်အသင်းနည်းပြ ဗန်မာဝှစ်ခ် သည် နည်းပြအဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း ယူရို ၂ဝ၁၆ ပြိုင်ပွဲအထိ ဟော်လန်အသင်းကို ကိုင်တွယ်ရန်ဟော်လန်ဘောလုံး အဖွဲ့ချုပ်နှင့် သဘောတူထားခဲ့သည်။ သို့သော် ယူရို၂ဝ၁၂ ရှုံးပွဲများကြောင့် ဟော်လန် ပရိသတ်အလယ်တွင် မျက်နှာမပြရဲဖြစ်ကာအသင်းနည်းပြအဖြစ်မှ နုတ်ထွက် ကြောင်း ဇွန် ၂၈ ရက်တွင် အတိအလင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ဟော်လန်အသင်း နည်းပြအဖြစ်မှဗန်မာဝှစ်ခ် နုတ်ထွက်ခဲ့သော်လည်း ကမ္ဘာ့ဖလားပွဲစဉ်များတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့၍ ၄င်းကို ကျေးဇူးတင် ရှိကြောင်း ဟော်လန်အသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (အင်တာနက်) 

**မန်ယူနှင့် ဘာစီလိုနာ ချစ်ကြည်ရေးကစားမည်** 
(လန်ဒန်၊ ဇွန် ၂၈) မန်ယူနှင့် ဘာစီလိုနာအသင်းတို့သည် ရာသီကြိုပွဲအဖြစ် လာမည့် သြဂုတ် ၈ ရက်တွင် ဂျာမနီနိုင်ငံ ဂုတ်တင်ဘတ်မြို့၌ ချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ယင်းတို့နှစ်သင်းသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ လေးပွဲတွင် နှစ်ကြိမ်ဆုံတွေ့ခဲ့ကြရာ နှစ်ကြိမ်စလုံးတွင် ဘာစီလိုနာအသင်းက အနိုင်ရခဲ့သည်။ ယင်းတို့ နှစ်သင်း၏ နောက်ဆုံး ဆုံ တွေ့မှုမှာ ပြီးခဲ့သော နွေရာသီက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ ဆုံတွေ့ခဲ့ကြသည်။ ယင်းပွဲပြိုင်ပွဲတွင် မန်ယူက ဘာစီလိုနာကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ (အင်တာနက်)

 **အိုလီဗီယာဂီရောက်ကို အာဆင်နယ်ခေါ်ယူ***
 (လန်ဒန်၊ ဇွန် ၂၈) ပြင်သစ်ကလပ် မောင့်ပယ်လီယာမှ တိုက်စစ်မှူး အိုလီဗီယာဂီရောက်သည် အာဆင်နယ်က ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် အပြီးသတ်ခေါ်ယူစာချုပ်လိုက်ပြီဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကစားသမားဂီရောက်အား အသစ်ခေါ်ယူလိုက်သော လူးကတ်စ်ပိုဒေါစကီး၊ ဗန်ပါစီတို့နှင့်အတူ တိုက်စစ်ကို ပိုမိုအားဖြည့်ပေးရန် အတွက် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - ကိုသစ္စာ -နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)