ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 1, 2012

>
-ဂျပုမလေး-
ဟေး--၊ဂျပုမ ကျောင်းလာပြီလား ဒီအသံသည် ကျွန်မတို့ရှစ်တန်းဆောင်၏ ကျွန်မတို့အခန်း (ဘီ)မှ ကျောင်းသူတဦးအသံပင် ဖြစ်ပါသည်။ ယနေ့ ကျောင်းဖွင့်သည့်နေ့ပင်။ ဒါကြောင့်လည်း ကျွန်မတို့ အ-ထ-က ကျောင်းဝင်းထဲတွင် အဖြူ အစိမ်းဝတ်၍ သူ့အစုနှင့်သူ သွားလာနေကြသူများကို တွေ့နေကြရသည်။ ကျောင်းသူကျောင်းသားများစွာထဲမှ ကျွန်မတို့အခန်း၏ အပေါက်ဝသို့ အတန်းနှင့်မလိုက် ပုပုညက်ညက် ပိန်လှီလှသော ကျောင်းသူလေးတဦး ၀င်လာသည်။ ၀င်လာသောကျောင်းသူက ဝေေ၀ပင်ဖြစ်ပါသည်။ ဝေေ၀သည် ရေစကြိုမြို့ပေါ်မှမဟုတ်၊ မြို့၏တောင်ဘက် အနည်းငယ်ဝေးလှသော ကျေးရွာတခုမှဖြစ်သည်။ သူမသည် နေ့စဉ်ပင် ဇာတိရွာမှကျောင်းသို့ စက်ဘီးနှင့်လာ၍ စက်ဘီးနှင့်ပင်ပြန်သည်။ သူ့မိဘများသည် တောင်သူများဖြစ်သည်။ ရွာမှာတော့ နေနိုင်စားနိုင်သော အဆင့်မှာရှိကြသည်။ သို့သော် မြို့ပေါ်ကို ကျောင်းလာတက်သော ဝေေ၀သည် အရပ်ပု၍ ခန္ဓာကိုယ်မှာလည်း ပိန်လှီနေသဖြင့် ကျွန်မတို့ ကျောင်းသူများကြားတွင် ထူးခြားနေသည်။ ကျွန်မတို့ကျောင်းသူများတွင်လည်း ဝေေ၀ကဲ့သို့အရပ်ပုသော ကျောင်းသူများ ရှိသော်လည်း ဝေေ၀က သူတို့ထက် ပိုပုသည်။ ကျောင်းလျှောက်လွှာကိုကြည့်မိသောအခါ ဝေေ၀အသက်သည် ကျွန်မတို့နှင့်အတူတူပင်။ ထို့ကြောင့် ခင်မင်ကြသောသူများက စ,လိုစိတ်ဖြင့် ဂျပုမ-ဟုခေါ်ကြသည်။ သို့ဖြင့် အမည်ရင်းကို ခေါ်သူနည်းလာ သည်။ ဂျပုမ-ဟုသာ ခေါ်ကြသည်။ အစပထမတွင် အမည်ရှိလျက်နဲ့ ယခုလိုခေါ်ခံရသဖြင့် ဝေေ၀စိတ်ထဲ ရှက်ခြင်း၊ မကျေနပ်ခြင်း ဖြစ်ခဲ့သည်။ နောင်တွင် မည်သို့ပင် ပြောင်ပြောင် ဂရုမစိုက်။ စာကိုသာ ကြိုးစားသင်ယူသည်။ ဝေေ၀သည် စာတော်သူဖြစ်သည်။ အခန်းထဲတွင် ထိပ်ဆုံးမရသော်လည်း အဆင့် ၁၀-အတွင်း ၀င်သည်။ နောက်မရောက်ခဲ့။ ပညာကို ကြိုးစား၍ ဘွဲ့တခုရအောင်လုပ်မည်ဟု ကျွန်မကို ပြောဖူးသည်။ အတန်းတွေကြီးလာသဖြင့် ကျောင်းသားတွေလည်း များလာသည်။ အတန်းခွဲတွေရောက်သွား၍ ဝေေ၀နှင့်ကျွန်မလည်း ကွဲခဲ့သည်။ နောက်ဆုံးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေပြီး အောင်စာရင်းတွေလည်း ထွက်လာခဲ့တော့သည်။ ကျွန်မ အလွန်အံ့သြ၍ ဂုဏ်ပြုမိသည်။ ဝေေ၀သည် ကျွန်မအပါအ၀င် အောင်သူများထဲ၌ ဂုဏ်ထူး အများဆုံး ဖြစ်နေသည်။ ရာသီတွေပြောင်း၍ ရက်တွေ၊ လတွေကုန်လာပြီ။ တနေ့တွင် ကျွန်မသည် အိမ်ရှေ့ ပန်းအိုးနားရပ်နေစဉ် အိမ်အပေါက်ဝ၌ မိန်းကလေးတဦး စက်ဘီးထောက်၍ ကျွန်မကို လှမ်းနှုတ်ဆက်သည်။ ကျွန်မက လှမ်းကြည့်၍ သူ့ကို ပြန်ပြုံးပြခဲ့ရသော်လည်း မည်သူဆိုတာ လုံးဝတွေးမရခဲ့ပါ။ သူ့နားရောက်၍ သူ့ကိုကြည့်နေသောကျွန်မကို မိန်းကလေးကပြုံး၍ နင် ငါ့ကိုမမှတ်မိတော့ဘူးလား၊ ငါ ဝေေ၀ပါ-ဟုပြောပြသဖြင့် ကျွန်မ ရင်ထဲတုန်သွားရသည်။ သူပြောလို့သာ ယုံရမည်။ ကျွန်မ မယုံချင်။ ဝေေ၀အရပ်သည် ရှည်နေသည်။ ကျွန်မထက်ပင် ပိုရှည်နေသည်။ ကျောင်းသူဘ၀ကနှင့် တခြားစီ။ ရုပ်က အနည်းငယ်ပြောင်းသော်လည်း လူက သိသိသာသာ ပြောင်းနေပြီ။ မပိန်တော့ပါ။ အားကစားပဲ လုက်သလား၊ ဘာကြောင့်လဲ။ ကျွန်မ မသိပါ။ သူ့ကိုနှုတ်ဆက်ရင်း ဝေေ၀၏ပညာရေးကို မေးလိုက်မိသည်။ ဝေေ၀တယောက် ရန်ကုန်ကို ကျောင်းသွားတက်ရမည်တဲ့။ အစက ပခုက္ကူ ဂျီတီစီမှာ တနှစ်တက်ရသည်။ ထို့နောက် အမှတ်များသဖြင့် ရန်ကုန်ကျောင်းကြီးသို့ ပြောင်းရတော့မည်။ သူက ၀မ်းသာအားတက်စွာ ပြောပြသွားသည်။ သို့ရာတွင် ကြွးဝါမှု လုံးဝမပါပါ။ စကားပြောပြီးဝေေ၀ပြန်သွားတော့ ကျွန်မလှမ်းကြည့်ရင်း လောကကြီးထဲကို လူရယ်လို့ ၀င်လာကြလျှင် အချို့ မပြည့်စုံကြဘဲ ကံကြမ္မာနှင့်ရင်ဆိုင်ကြရပါသည်။ ထိုအခါ ရှက်မိကြပေလိမ့်မည်။ သို့ရာတွင် ဝေေ၀ကဲ့သို့ အံတုရင်ဆိုင်၍ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်အောင် ကြိုးစားလျှင် လူတိုင်းအောင်မြင်နိုင် သည်-ဟု သဘောပေါက်သွားပါသည်။ ဂျပုမလေး ဝေေ၀သည် လူများက သူ့အားပြောင်သည်ကို ယခု ခေါင်းမော့နိုင်ပြီ။ ပညာမှာလည်း ထူးချွန်ပါသည်။ ထို့ကြောင့် ကံကြမ္မာကိုအံတု၍ ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါသည် --

 အားလုံးပျော်ရွင်ပါစေ
 **မာမာ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)