ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 7, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ဆိုရေးငြင်းပယ်ခဲ့ သည့် ရော်ဘင်ဗန်ပါစီ **

(လန်ဒန်၊ ဇူလိုင် ၅) အာဆင်နယ်တိုက်စစ်မှူးရော်ဘင်ဗန်ပါစီသည် လက်ရှိကလပ်အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ထပ်မံ ချုပ်ဆို မည်မဟုတ်ကြောင်း ဇူလိုင် ၅ ရက်တွင် အတိအလင်းကြေညာ ခဲ့သည်။အသက်(၂၈)နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီသည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပြီး အသင်းနည်းပြ အာစင်ဝင်းဂါးနှင့် အမှုဆောင်အရာရှိအိုင်ဗန်ဂါဇီဒစ်တို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုရေးကိုမူ သဘောတူညီခဲ့ခြင်းမရှိခဲ့ကြောင်း ဗန်ပါစီက ပြောကြားခဲ့သည်။တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် အာဆင်နယ်အသင်း အတွက် ပြီးခဲ့သည့်ဘောလုံးရာသီက ပွဲပေါင်း ၅၁ ပွဲကစားကာဂိုးပေါင်း ၄၁ ဂိုးသွင်းယူပေးခဲ့ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(ပီအက်ဖ်အေ)က ပေးသော အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားသူဖြစ်သည်။ဗန်ပါစီသည် အာဆင်နယ်အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်ခဲ့ပြီး ရောဘတ်တိုမန်စီနီကိုင်တွယ်နေသည့် မန်စီးတီး အသင်းကလည်း ဗန်ပါစီအား တစ်ပတ်လုပ်ခပေါင် ၂၂ဝဝဝဝ ဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ထို့အပြင် အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းကလည်း ဒက်ခ်ျတိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအားပြောင်းရွှေ့ ကြေးပေါင် ရှစ်သန်းဖြင့် ကမ်းလှမ်းခဲ့သည်။ သို့သော်ဗန်ပါစီက ဂျူဗင်တပ်သို့ သွားရောက်ကစားရန် မရှိကြောင်းနှင့်ယာယာတိုရေးနှင့် ကားလို့စ်တိဗက်တို့နှင့် နည်းတူ လုပ်ခလစာတိုးမြှင့်စွာပေးမည့် မန်စီးတီး အသင်းကိုသာ စိတ်ဝင်စားကြောင်း တိုက်စစ်မှူးရော်ဘင်ဗန်ပါစီက ထုတ်ဖော်ပြောကြားခဲ့သည်။
(အင်တာနက်)

**တောင်ကိုရီးယားရုပ်ရှင်မင်းသမီး ဆန်ယီဂျင် ဇာတ်ကားသစ်ရိုက်ကူး**
(ဆိုးလ်၊ ဇူလိုင်၊ ၅) Accomplic ဇာတ်ကားသစ်ရိုက်ကူးနေတဲ့ တောင်ကိုရီးယားရုပ်ရှင်မင်းသမီး ဆန်ယီဂျင်ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇူလိုင် ၃ ရက်က ကျင်းပတဲ့ အက်စ်တီဒူပွိုင့်ဖလက်ရှစ် လုပ်ငန်းရဲ့ အရောင်းပြပွဲကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ ကုန် ပစ္စည်းမျိုးစုံထုတ် လုပ်ရောင်းချနေတဲ့ အဲ့ဒီလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးအဖြစ် လည်း ခန့် အပ်တာဝန်ပေးထား တာမို့ ရုပ်ရှင်မင်းသမီး ဆန်ယီဂျင်ဟာကုန်ပစ္စည်းရောင်းအား မြှင့်တင်ဖို့အပြင် သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတွေပြုလုပ်နေတာဖြစ်ပါတယ်၊ အသက် ၃၀ အရွယ်ရှိတဲ့ ရုပ်ရှင်မင်းသမီး ဆန်ယီဂျင် ဟာ Tower အမည်ရှိဒရာမာရုပ်ရှင်ကားသစ်ကို ရိုက်ကူးနေပါတယ်။ ဒီရုပ်ရှင်ကားမှာ ရုပ်ရှင်မင်းသမီး ဆန်ယီဂျင်က ဆိုယန်ဟီးအမည်ရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ် မိသားစုအရေးကို ဦးစားပေးသူအနေနဲ့ ပါဝင်သရုပ်ဆောင်ထားသူဖြစ် ပါတယ်။ ဒါ့အပြင် Accomplic အမည်ရှိတဲ့ ရုပ်ရှင်ကားသစ်တစ်ကားကို လည်း ဒီနှစ်ထဲမှာ ရိုက် ကူးဖို့ အစီအစဉ်ရှိပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ သူမရဲ့ Spellbound ဇာတ်ကားရိုက်ကူးပြီးတဲ့နောက် ဆက်တိုက်ရိုက်ကူးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ (အင်တာနက်)

**ကိုပါလစ်ဘာတာဒိုးရက်စ်ဖလား ကိုရင်သီယန် ပထမဆုံးအကြိမ်ဆွတ်ခူး** 
(ဆော်ပေါလို၊ ဇူလိုင် ၅) ဘရာဇီးကလပ် ကိုရင်သီယန်နှင့် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာတို့သည် ဇူလိုင် ၅ ရက် က ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့၌ ကိုပါလစ်ဘာတာဒိုရက်စ်ဖလားပြိုင်ပွဲဗိုလ်လုပွဲ ဒုတိယအကျော့ ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ကိုရင်သီယန်က နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ဆုဖလားဆွတ်ခူးရရှိသွားခဲ့သည်။ ဘရာဇီးကလပ်အတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို တိုက်စစ် မှူး အီမာဆင်က ပွဲချိန် ၅၄ မိနစ်နှင့် ၇၂ မိနစ်တို့တွင် သွင်ယူပေးခဲ့ခြင်းဖြစ်သည်။ ကိုရင်သီသန်နှင့် ဘိုကာဂျူနီယာတို့သည် ပြီးခဲ့သောလက အဆိုပါဗိုလ်လုပွဲ ပထမအကျော့ အဖြစ် ယှဉ်ပြိုင်ကစားကြစဉ်တစ်ဖက်တစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုရင်သီယန် အသင်းက နှစ်ကျော့ပေါင်း သုံးဂိုး-တစ်ဂိုး ဖြင့် နိုင်ပြီး ကိုပါလစ်ဘာတာဒိုးရက်စ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

  **မန်ယူကွင်းလယ်ကစားသမား အန်ဒါဆန်အားဘန်ဖီကာအသင်း ခေါ်ယူရန် ပြင်ဆင်** 
(လန်ဒန်၊ ဇူလိုင် ၅) ဘန်ဖီကာအသင်းသည် ပရီမီယာလိဂ်ကလပ် မန်ယူအသင်းမှ ကွင်းလယ် ကစားသမားအန်ဒါဆန်အား အပြောင်းအရွှေ့ကာလမကုန်မီနှင့် ဘောလုံး ရာသီမစတင်မီ ခေါ်ယူနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ဇူလိုင် ၅ ရက်တွင် ပေါ်တူဂီသတင်းဌာနများက သတင်းဖော်ပြသည်။ဘန်ဖီကာအသင်းသည် ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် ဆာအဲလက်စ်ဖာဂူဆန်ကိုင်တွယ်သော မန်ယူ အသင်းတို့က စိတ်ဝင်စားလျက်ရှိသည့်ဘယ်လ်ဂျီယံကြယ်ပွင့် အက်ဇယ်ဝစ်ဆယ် အား ဈေးနှုန်းသတ်မှတ်ရန် ပြင်ဆင်ခဲ့သည်။သို့သော် ဘန်ဖီကာအသင်းနည်းပြ ဂျော့ဂျီဆက်က မန်ယူကွင်းလယ်ကစားသမား အန်ဒါဆန်ကိုသာ ခေါ်ယူ ရန် ပစ်မှတ်ထားလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကွင်းလယ်ကစားသမား အန်ဒါဆန်သည် ၂ဝဝ၇ ခုနှစ်တွင် အိုးထရက်ဖို့ဒ်သို့ရောက်ရှိခဲ့ပြီး ထိုအချိန်မှစ၍ နာမည်ရ ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။အန်ဒါဆန်သည် မန်ယူအသင်းသို့ ပြောင်း ရွှေ့လာပြီးနောက် ပထမ ဘောလုံးရာသီနှစ်ခုမှာပင် ပြိုင်ပွဲပေါင်း ၇၆ ပွဲ ပါဝင် ကစားနိုင်ခဲ့သူဖြစ်သည်။ဘန်ဖီကာအသင်းသည် လာမည့်ဘောလုံးရာသီအတွက် ကွင်းလယ် အင်အားတောင့်တင်းမှသာ တိုက်စစ်မှူးများနှင့်အတူ တွဲဖက်ကစားနိုင်မည်ဟု ယုံကြည်ကာ မန်ယူကွင်းလယ်ကစားသမားအန်ဒါဆန်အား ခေါ်ယူရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။သို့သော် အန်ဒါဆန်၏သဘောထားကိုမသိရသေးကြောင်းနှင့် ဘန်ဖီကာအသင်း အနေဖြင့် မန်ယူကွင်းလယ်ကစားသမား အန်ဒါဆန်အား အဓိက ပစ်မှတ်တစ်ခုအဖြစ် ခေါ်ယူရန် ပြင်ဆင်ထားကြောင်း ဘန်ဖီကာအသင်း တာဝန်ရှိ သူများက ဆိုသည်။ (အင်တာနက်) 

 စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)