ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 7, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဖိလစ်ပိုင်မှ မိကျောင်းတစ်ကောင်ကိုကမ္ဘာ့အကြီးဆုံးမိကျောင်းအဖြစ်သတ်မှတ်**

(မနီလာ၊ ဇူလိုင် ၅) ဖိလစ်ပိုင်နိုင်ငံ၌ ထိန်းသိမ်း မွေးမြူထားသော မိကျောင်းတစ်ကောင်သည် ကမ္ဘာ့အကြီးဆုံး မိကျောင်းတစ်ကောင်ဖြစ်ကြောင်း ကမ္ဘာ့မှတ်တမ်းများဆိုင်ရာ ဂင်းနစ်စာအုပ်တိုက်က ဇူလိုင် ၄ရက်တွင်ထုတ်ပြန်ကြေညာသည်။ အဆိုပါမိကျောင်းသည် ရေငန်၌ကျက်စားသော မိကျောင်းမျိုးဖြစ်ပြီး အလေးချိန်တစ်တန်ကျော်ရှိကြောင်း၊ယင်း မိကျောင်းသည် လူနှစ်ဦးကို သတ် ဖြတ်ခဲ့သော မိကျောင်းကြီးအဖြစ် ယူဆရကြောင်း ဂင်းနစ်စာအုပ်တိုက်၏ အင်တာ နက် ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ကမ္ဘာ့အကြီးဆုံးမိကျောင်းထီးကြီး မှာ ၆ဒသမ ၁၇မီတာ(၂ဝဒသမ ၂၄ပေ)အရှည်ရှိပြီး ယင်းမိကျောင်းကို လိုလောင်း ဟု အမည်ပေးထားသည်။လိုလောင်းမိကျောင်းကို ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း၌ လွန်ခဲ့သည့် စက်တင်ဘာလက ဖမ်းဆီးရမိခဲ့သည်။ယင်းမိကျောင်းကြီးသည် မိန်း ကလေးငယ်တစ်ဦးနှင့် ရေလုပ်သားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် ယင်းသတ္တဝါကိုဖမ်းဆီးရမိရန် နှစ်နှစ်ကြာမျှ ရှာဖွေခဲ့ကြရသည်။ (အင်တာနက်)

**သြစတြေးလျလူသတ်သမား ထောင်ဒဏ် ၃၅ နှစ် ပြစ်ဒဏ်ချမှတ်**
လူသုံးဦးအား သတ်ဖြတ်ခဲ့သည့် သြစတြေးလျလူသတ်သမား မက်စီကာဆိုသူသည် သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်၏သမိုင်းတွင် အဆိုးရွားဆုံး လူသတ်မှုများ ကျူးလွန်ပြီး အချိန်ကာလကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနောက် ကွင်းစလန်းပြည်နယ် တရားရုံးတစ်ခု၌ ထောင်ဒဏ် ၃၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ လူသတ်သမား မက်စီကာသည် သူနှင့် ယခင်ကပတ်သက်ခဲ့ဖူးသည့် အသက် ၂၄ နှစ်အရွယ် နီလ်မာ အမည်ရှိ မိန်းကလေးတစ်ဦးနှင့် သူမ၏ညီမများဖြစ်သည့် အသက် ၁၈ နှစ်အရွယ်ရှိ ကူနယ်လ်နှင့် အသက် ၁၂ နှစ်အရွယ်ရှိ ဆစ်ဟီတို့အား ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်က သတ်ဖြတ်ကျူးလွန်ခဲ့မှုကြောင့် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ မိန်းကလေးသုံးဦးသည် ကွင်းစလန်းပြည်နယ် ဘရစ်ဂါမင်းမြို့ ၄င်းတို့၏ မိဘများနေအိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တရားသူကြီး ဂျွန်ဘာနီက မက်စီကာအား ၄င်းကျူးလွန်ခဲ့သည့် ပြစ်မှုအသီးသီးအတွက် ဇူလိုင် ၅ ရက်တွင် ထိုကဲ့သို့ ထောင်ဒဏ် ၃၅ နှစ် ကျခံရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည်။ (အင်တာနက်)  

**ကမ္ဘာဂြိုလ်ကိုဝင်တိုက်နိုင်သည့် ဥက္ကာခဲများ စောင့်ကြည်ရန် အာကာသအဝေးကြည့်မှန် ပြောင်းတည်ဆောက်မည်**
 (လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၅) ကမ္ဘာဂြိုလ်ကို ၀င်တိုက်နိုင်သည့် ဂြိုလ်သိမ်ဂြိုလ်မွှားများနှင့် ဥက္ကာခဲအပိုင်းအစများ ဘေးအန္တရာယ်မှ ကာကွယ်ရန် အတွက် အာကာသအဝေးကြည့်မှန်ပြောင်းတစ်ခုကို အထူး အစီအစဉ်ဖြင့် သီးသန့်ပြုလုပ်မည်ဖြစ်ကြောင်း နာဆာအာကာသသိပ္ပံပညာရှင်များက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အာကာသ အဝေးကြည့်မှန်ပြောင်းသည် အာကာသ အတွင်းမှ လွင့်မျောလာသည့် ဥက္ကာခဲများနှင့် ဂြိုလ်သိမ် ဂြိုလ်မွှာများကိုသာ အထူးပြုလေ့လာေ စောင့်ကြည့်သွားမည်ဖြစ်သည်။ ထို့အတူကမ္ဘာဂြိုလ်ကို ဦးတည်ပြီး ရွေ့လျားနေသော ဥက္ကာခဲများကို တွေ့ရှိသည်နှင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ (အင်တာနက်) 

**ရောဂါဆန်းတစ်မျိုးကြောင့်ကမ္ဘောဒီးယား၌ ကလေး ၆၁ဦးသေဆုံး **
 (ဖနောင်ပင်၊ ဇူလိုင် ၅) ကမ္ဘောဒီးယားနိုင်ငံ၌ ကလေး ၆ဝ ကျော်အား သေဆုံး စေခဲ့သော ထူးထူးဆန်းဆန်း ရောဂါတစ်မျိုး ဖြစ်ပွားမှုနှင့် ပတ် သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို)က စုံစမ်း လေ့ လာလျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ကမ္ဘောဒီးယားနိုင်ငံ၌ ဧပြီလမှစ၍ ထူးထူးဆန်းဆန်း ရောဂါဖြင့် ကလေး ၆၂ ဦးကို ဆေးရုံတင်ခဲ့ရပြီး ၆၁ ဦး သေဆုံး ခဲ့ရကြောင်း၊ သို့ရာတွင် အဆိုပါ ရောဂါမှာ လူတစ်ဦးမှ အခြား တစ်ဦးထံသို့ ကူးစက်ပျံ့နှံ့သည့် လက္ခဏာကို မတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြား သည်။ ထူးထူးဆန်းဆန်း ရောဂါခံစားရသည့် ကလေးငယ်များ မှာ အပြင်းဖျားပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားခဲ့ကြရကြောင်း၊ လူနာအချို့မှာ အာရုံကြော ဆိုင်ရာရောဂါလက္ခဏာများကို ပြသကြောင်း ဒေါက်တာနီမာ အက်စ်ဂါရီက ပြောကြားသည်။ရောဂါထူးထူးဆန်းဆန်း ဖြစ်ပေါ်စေသော အကြောင်း တရားများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာလျက်ရှိသည်။ (အင်တနာက်) **ဂျပန်၏ ပထမဆုံးလေရဟတ်စခန်းမှလာမည့် ဇန်နဝါရီလတွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်ယူမည်** (တိုကျို၊ ဇူလိုင် ၅) နျူကလီးယား စွမ်းအင်အပြင် တန်ဖိုးကြီးမြင့်သော လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည်များကိုပါ အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံက လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နည်းလမ်းစုံကို ရှာဖွေလျက်ရှိရာတွင် ¤င်းနိုင်ငံ၏ ပထမဆုံးသော ကမ်းလွန် လေရဟတ်စက်ရုံမှ လာမည့် ဇန်နဝါရီလတွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရစွမ်းအင်ဌာနက ပြောကြားသည်ဟု ဇူလိုင် ၃ ရက် ရိုက်တာ သတင်း၌ ဖော်ပြ သည်။ဂျပန်နိုင်ငံအနေဖြင့် ကမ်းလွန်လေရဟတ်စခန်းများကို မကြာမီနှစ်များအတွင်း စီးပွားဖြစ် တည်ထောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ ဂျပန်နိုင်ငံ၏လက်ရှိ နျူကလီးယား စွမ်းအင် သုံးစက်ရုံများမှ လက်ရှိထုတ်လုပ်ပေးနိုင်မည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၄၆ ဒသမ ၁၅ ဂီဂါဝပ် ဖြစ်သည်။(အင်တာနက်) 

 **ဗန်ကောက်ရှိ ရေနံချက်စက်ရုံ၌ပေါက်ကွဲ မီးလောင်မှုဖြစ်ပွား** 
(ဗန်ကောက်၊ ဇူလိုင် ၅) ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရေနံချက်စက်ရုံ၌ ပေါက်ကွဲမှုနှင့် မီးလောင် မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းစက်ရုံကိုပိတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၄ ရက်တွင်သတင်းထုတ်ပြန်သည်။ အဆိုပါ ရေနံချက်စက်ရုံ၌ ဇူလိုင်၎ ရက်က ရေနံ သို့မဟုတ် ဓာတ်ငွေ့ ယို စိမ့်မှုဖြစ်ပေါ်ရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ကြောင်း၊ ယင်းစက်ရုံကို ဖွင့်လှစ်လုပ်ကိုင် နေသော ဘန်ချက်ရေနံကုမ္ပဏီက ပြောကြားသည်။ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ရေနံ ချက်စက်ရုံ၌ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိ ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဆန်နီနန်းကပြောကြားသည်။ စက်ရုံဝန်ထမ်းများ၏ ပေါ့ဆမှု ကြောင့် ပေါက်ကွဲမှုဖြစ်ရသည်ဟုမိမိ မထင်မိကြောင်း၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ဖွယ်ရှိကြောင်း ¤င်းက ပြောကြားသည်။ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့သော စက်ရုံကို တစ်လထက်မနည်း ပိတ် ထားရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ကပြောကြားသည်။ (အင်တာနက်) 

**အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ကွန်ပျူတာစနစ်ကို ဗိုင်းရပ်စ်တိုက်ခိုက်** 
(ဂျေရုဆလင်၊ ဇူလိုင် ၅) အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပျူတာစနစ်ကို ကွန်ပျူတာဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းကွန်ပျူတာဗိုင်းရပ်သည် ကွန်ပျူတာကွန်ရက်၏ လုံခြုံရေးစည်းအထပ်ထပ်ကိုချိုးဖောက်ကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသ ဆိုင်ရာရုပ်မြင်သံကြားဌာနက ဇူလိုင် ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပျူတာစနစ်အတွင်းသို့ ကွန်ပျူတာ ဗိုင်းရပ်စ် မည်ကဲ့သို့ဝင်ရောက်လာသည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကွန်ပျူတာဗိုင်းရပ် ဝင်ရောက်မှုကြောင့် မည်ကဲ့သို့ ပျက်စီးမှုဖြစ်ပေါ်ရသည် ကိုလည်း စုံစမ်းလေ့လာသွားမည်ဖြစ်သည်။အစ္စရေးနိုင်ငံသည် ကာကွယ်ရေးကဏ္ဍတွင်သာမက ဘဏ်လုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းတို့တွင်ပါ ကွန်ပျူတာကွန်ရက်စနစ်ကို တွင်ကျယ်စွာ အသုံးပြု နေသောနိုင်ငံဖြစ်သည်။နိုင်ငံတော်၏အရေးကြီးသော ကွန်ပျူတာစနစ်များ လုံခြုံမှုရရှိရန် အထူးအရေးကြီးကြောင်း အမျိုးသား အင်တာနက်ဗျူရိုက ပြောကြားသည်။ (အင်တာနက်) 

**သိပ္ပံရေးရာသုတေသနလုပ်ငန်းအတွက်တောင်ကိုရီးယား ဝေလငါးဖမ်းယူလို**
 (ဆိုးလ်၊ ဇူလိုင် ၅) တောင်ကိုရီးယားနိုင်ငံသည် သိပ္ပံရေးရာ စူးစမ်းလေ့လာမှုလုပ်ငန်းအတွက် ဝေလငါးဖမ်းယူရေး အစီအစဉ်ကို စတင်တော့မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။သိပ္ပံရေးရာ စူးစမ်းလေ့လာမှုလုပ်ငန်းအတွက် ဝေလငါးဖမ်းယူရေးအစီအစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပနားမားနိုင်ငံ၌ ကျင်းပသော နိုင်ငံတကာ ဝေလငါးကော်မရှင်၏ အစည်းအဝေး၌ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က အတည်ပြုပြောကြားသည်။ သိပ္ပံရေးရာ သုတေသနလုပ်ငန်းအတွက် မင်ကီဝေလငါးများကို ဖမ်းယူလိုကြောင်း တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။မင်ကီဝေလငါးများသည်
 ကောင်ရေအဆမတန် များပြားစွာပေါက်ပွားနေသဖြင့် အခြားသော ငါးငယ်များကို ¤င်းတို့၏ သားကောင်အဖြစ် ဖမ်းယူစားသုံးမှု လွန်လွန်ကဲကဲ ဖြစ်ပေါ်လျက်ရှိသဖြင့် ဝေလငါးများကို ဖမ်းဆီးသတ်ဖြတ်ခွင့်ပေးရန်တောင်ကိုရီးယား ရေလုပ်သားများက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ကြသည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)