>
-၀ါဝါမြင်တိုင်းရွှေထင်-
ဟိုးရှေးရှေးတုန်းက စင်ကာပူဆိုတဲ့ကျွန်းလေးကိုယောင်တောင်ပေါင်တောင်နဲ့အလည်ရောက်လာတဲ့ကောင်မလေး
တစ်ယောက်ရှိသတဲ့။
အဲဒီကောင်မလေးဟာ ပါစီပါဂျန်းဆိုတဲ့နေရာတစ်ခုမှအလုပ်ရသွားသတဲ့ကွယ်..။ ဘာလို့ရသွားလဲဆိုတော့..
ကောင်မလေးဟာဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုပေမယ့် ဘယ်သူမြှောက်ပေးလိုက်လဲမသိပါဘူး တရုတ်မနဲ့တူတယ်ဆိုပြီးတည်းက တရုတ်ဘုံကျောင်းမြင်တိုင်းရှိခိုးသတဲ့...။ တစ်ခါတုန်းက ထိုကောင်မလေးအလုပ်ရသွားတဲ့ ပါစီပါဂျန်းဘက်ကို ထိုကောင်မလေးအင်တာဗျူးသွားဖြေသတဲ့ကွယ်.. အင်တာဗျူးမဖြေခင် တရုတ်ဘုရားကျောင်းမြင်ရင်ရှိခိုးတတ်တယ်ဆိုတဲ့ကောင်မလေးဟာ... အဲဒီအလုပ်နားက နတ်စင် သို့မဟုတ် ဒဏ္ဍာရီဆန်ဆန်နေရာတစ်ခုကိုမြင်ပါသတဲ့... ကျားရုပ်ကြီးကလည်းရှိနေတော့ ဒါတရုတ်ဘုံကျောင်းပဲဆိုပြီး အားရပါးရလက်အုပ်ချီ ၊ ရှိခိုးပြီး... အင်တာဗျူးအဆင်ပြေပါစေဆိုပြီး ဆုတောင်းခဲ့ပါသတဲ့...ထိုအင်တာဗျူးမှာပဲ အလုပ်ရသွားပြီး pass တွေလည်းအဆင်ပြေသွားသတဲ့..ထိုကောင်မလေးဟာသိပ်ပျော်ပြီး မနက်ရုံးသွားတိုင်း ၊ ညနေရုံးပြန်တိုင်းတရုတ်ဘုံကျောင်းကို ကားပေါ်ကနေလက်အုပ်ချီကန်တော့သတဲ့...။ တစ်နေ့တော့ ကောင်မလေးသူငယ်ချင်းတစ်ယောက်က ငါနင်တို့အလုပ်နားကိုသွားစရာရှိတယ်..ဓာတ်ပုံသွားရိုက်မယ်..နင်အလုပ်ပြီးရင်လာခဲ့ဆိုပြီး ချိန်းသတဲ့..။ထိုကောင်မလေးဟာ သူငယ်ချင်းနဲ့သူမရှိခိုးနေကျဘုံကျောင်းနားကိုရောက်လာတော့ ထုံးစံအတိုင်း လက်အုပ်လေးချီပြီးကန်တော့လိုက်သတဲ့..။ အဲဒီတော့ ကောင်မလေးသူငယ်ချင်းကမေးတာပေါ့..ဟဲ့ နင်ဘာလုပ်တာလဲဆိုတော့.. ဘုံကျောင်းရှိခိုးတာလေ..တရုတ်နတ်ပဲလေ...ဆိုပြီး..သူမကြားဖူးနားဝနတ်တွေအကြောင်းလျှောက်ပြောပါ
သတဲ့..။ ကောင်မလေး
သူငယ်ချင်းက သဘောတကျနဲ့ တဟားဟားရယ်ပြီး လှောင်ပါသတဲ့...။ နင်ကဒါကိုဘုံကျောင်းလို့ထင်တာလား..မေးသတဲ့..။ ကောင်မလေးကလည်း ဟုတ်တာပေါ့ ဒါဘုံကျောင်း ဆုတောင်းပြည့်တယ်...ငါကအမြဲရှိခိုးတာပြောတော့......။ ကောင်မလေးသူငယ်ချင်းကပြောသတဲ့..ဒါ
ဘုံကျောင်းမဟုတ်ဖူးမိန်းမရယ်..
ဒါကို Haw Par Villa လို့ခေါ်တယ်...ငါတို့မြန်မာပြည်က ကျားဘမ်းပရုတ်ဆီပိုင်ရှင်က သူ့ညီအတွက်ဆောက်ပေးခဲ့တာ.. ခုတော့ recreation center လိုမျိုးပေါ့..ဥယျာဉ်သဘောမျိုးပဲ.... ဒါကိုနင်ကနေ့တိုင်းဘုံကျောင်းမှတ်ပြီးရှိခိုးတာလားဆိုပြီး....လှောင်ပါသတဲ့..။ ကောင်မလေးဟာ ရှက်ရှက်နဲ့ငြိမ်နေပြီး....... ခုပိုစ့်ကိုရေးလိုက်ပါသတဲ့...။ သူငယ်ချင်းတွေကြားမှာ Haw Par Villa ကိုရှိခိုးတဲ့သူဆိုပြီး ပါးစပ်ရာဇ၀င်လေးကိုတွင်သွားသတဲ့ကွယ်...။
photo-google
http://en.wikipedia.org/wiki/Haw_Par_Villa
Posted by
ဆုမြတ်မိုး

No comments:
Post a Comment