-ဘ၀အမောပြေ-
**အမှန်ပါ**
အသက် ၆၀ အရွယ်ရှိသော ဇနီးမောင်နှံနှစ်ဦးတို့ အိမ်၌ နှစ် ၄၀ မြောက်နှစ်ပတ်လည်မင်္ဂလာ အထိမ်းအမှတ်ပွဲလေးကျင်းပလျက်ရှိရာ ဇနီးဖြစ်သူက ပြောလေသည်။ဇနီး = ကျမတို့လက်ထပ်ခဲ့တာဒီနေ့မှာ နှစ် ၄၀ တောင်ရှိပြီနော်။
ခင်ပွန်း = အေး..ဟုတ်တယ်။
ဇနီး = ဒီနေ့မှာ ကျမတို့နှစ်ယောက်စလုံး အမှန်ဆုံးစကားတစ်ခွန်းစီကို ထုတ်ဖော်ပြော ကြမလား။
ခင်ပွန်း = အေး…ပြောလေ။
ဇနီး = ဒါဆို…ရှင်အရင်ပြောပါ။
ခင်ပွန်း = မင်းပဲ…အရင်ပြောပါကွာ။
ဇနီး = ကျမ…ရှင့်ကိုလက်ထပ်ခဲ့ပေမယ့် တစ်ရက်မှ မချစ်ခဲ့ဘူး။ ဒါအမှန်စကားပါ။
ခင်ပွန်း = ဟုတ်လား။
ဇနီး = ကဲ…ရှင့်အလှည့်။
ခင်ပွန်း = ကိုယ်လည်း…အခုအချိန်အထိ ငယ်ချစ်ဦးနဲ့ တွဲနေတုန်းပဲ။ ဒါအမှန်စကားပါ။
ဇနီး = “ဘာ”
အာကာဟိန်း ရေးသားသည်။

No comments:
Post a Comment