ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 5, 2012

>
---ငါသာ သမ္မတကြီးဖြစ်ခဲ့လျှင်---- 

ကျွန်တော်တို့ငယ်ငယ် ဟိုး-- မ-ဆ-လ ခောတ်တုန်းကဖြစ်သည်။ ကျွန်တော်တို့ရွာတွင် အဲဒီအချိန်တုန်းက နွားနို့ဈေးများကောင်းလှသည်။ နွားနို့လုပ်ငန်းကလည်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်မရ။ အားလုံး သမဝါယမ က ချုပ်ကိုင်ထားသည့် ဗဟိုလ်ထိမ်းချုပ်သည့် စီးပွားရေးဖြစ်သည်။ နွားနို့ထဲကိုလည်း ရေရောပြီး သမဝါယမကို သွင်းကြသဖြင့် ဝင်ငွေဖြောင့်နေကြသူများမှာ ရွာတွင် နွားအငှားကျောင်းသည့် နွားကျောင်းသားများပင် ဖြစ်သည်။ လုပ်ငန်းလည်ပတ်ပုံပြောပြပါမည်။ နွားပိုင်ရှင်က နွားကျောင်းသားထံ နွားကိုအပ်နှံသည်။ နွားကျောင်းသားက ထိုနွားကို ဝဖြိုးအောင် ထိုခိုက်ပျောက်ဆုံးတာမျိုးမဖြစ်အောင် တော နွားစားကျက်တွင် ဂရုတစိုက် ကျောင်းပေးရသည်။ ထိုအတွက် နွားကျောင်းသူက နွားနို့ ညှစ်ပြီး ရောင်းစားခွင့်ပေးရသည်။ နွားပိုင်ရှင်က ပေါက်ပွားလာသော နွားကိုသာ ယူသည်။ နွားကျောင်းသားက အစာရေစာ တာဝန်ယူသည့်သဘောဖြစ်သည်။ တစ်နေ့နွားကျောင်းသားတစ်သိုက် အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ဆုံမိကြသည်။ နွားနို့ ဘယ်သူက ဘယ်နှစ်ပိဿာရကြောင်း ပြောကြဆိုကြ ကြွားကြသည်။ ထိုအချိန်တွင် ဖိုးကို အမည်ရှိ နွားကျောင်းသား တစ်ယောက်မှာ ဘာမှ ဝင်မပြောပဲ ငေးနေရာမှ--- ``တောက် ငါသာ ရှင်ဘုရင်ဖြစ်လို့တော့ကွာ------`` ဟု အားမလိုအားမရ အသြံကီးဖြင့် စကားစလိုက်သည်။ ကျန်နွားကျောင်းသားများက ဘာဆက်ပြောမလဲ ဟု နားစွင့်နေရာမှ ဖိုးကိုဆက်ပြောလိုက်သော စကားကြောင်း ``ဝါး ``ကနဲ သဘောကျကာ ယနေ့ထိတိုင် ပြောစမှတ်ပြုနေကြလေသည်။ ဖိုးကို ဆက်ပြောလိုက်သည်မှာ- ``ဒီရွာ ကနွားတွေအားလုံး ငါတစ်ယောက်တည်းကိုကျောင်းပြစ်မယ်-----``ဟူသတည်း။ ကျွန်တော်လည်း နွားကျောင်းသားအတွေးဟု ပင်ဆိုချင်ဆိုကြပါတော့--- ``တောက် ငါသာ အခုနေသမ္မတ ဖြစ်လို့တော့ကွာ----``ဟု အားမလိုအားမရ ကြုံးဝါးရင်း--- ဆက်တွေးမိသည်မှာ-- ၁။ ။ ယခုထွက်သည့် တစ်သောင်းတန်ငွေစက္ကူကို ဗိုလ်ချုပ်ပုံဖြင့်ထုတ်လိုက်မည်။ ၂။ ။လစ်လပ်နေသော ဒုတိယသမ္မတနေရာကို ပြည်သူ့အချစ်တော် ပြည်သူတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာတာဝန်ပေးလိုက်မည်။ ၃။ ။၅၀၀၀ တန်တယ်လီဖုန်းတွေကို ချက်ချင်းအကောင်ထည်ဖော်ခိုင်းမည်။ ၄။ ။တိုင်းရင်းသား အချင်းချင်းတိုက်ခိုက်နေသည့်စစ်ပွဲများကို အရေးကြီးဆုံးကန့်သတ်ချက် အနည်းဆုံးဖြင့် ငြိမ်းချမ်းရေးရအောင်ကြိုးစားမည်။ ၅။ ။ရင်းနှီးမြုတ်နှံမှုများ အများဆုံးဝင်လာအောင် စွမ်းဆောင်ပေးနိုင်မည့် ဒေါ်အောင်ဆန်းစုကြည် အားဖူးဖူးမှုတ် အမွှမ်းတင်ထားမည်။ဆင်းရဲသား လူတန်းစားတွေအတွက်။
၆။ ။နိုင်ငံပိုင် လုပ်ငန်းများ အားလုံး ပုဂ္ဂလိကလွှဲပြီး ထိုက်သင့်တဲ့အခွန်အခများ အပြည့်အဝရအောင် အထူးကြပ်မတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် သုံးမည်။ ၇။ ။ဝန်ကြီးများအတွင်း အရည်အချင်းမပြည့်သော သူများကိုဖော်ထုတ် ပြီး နေရာလဲပြစ်မည်။ ၈။ ။ အစိုးရဝန်ထမ်းများအတွင်း အဂတိလိုက်စားသော အာဏာအလွဲသုံးစားလုပ်သော ပြည်သူကို အာဏာဖြင့် အနိုင်ကျင့်သောကိစ္စများကို ဖော်ထုတ်ပေးနိုင်သည့်  မီဒီယာများကို နိုင်ငံ့ဂုဏ်ရည်တာဝန်ကျေဆု ပေးအပ်မည်။ အစစအရာရာ ဥပဒေဘောင်တွင်းမှ ကာကွယ်ပေးမည်။ ၉။ ။ပညာရေးစနစ်တွင် အလွတ်ကျက်ဖြေသည့် အဆင့်မှ ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းသိမြင်တတ်သော သဘာဝသိပ္ပံ ဇီဝသိပ္ပံ ဓါတု ရူပ သချာင်္ စသော---စသော အဆုံးမသတ်နိုင်သည့် ပညာရပ်တွေကို တကယ်တတ်မြောက်သည့်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးမည်။ ၁၀။ ။လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော တောင်သူလယ်သမား ပြည်သူလူထု၏ မြေယာများကို အာဏာဖြင့် သိမ်းပိုက်ခြင်း၊ ခရိုနီများအကျိုးအတွက် သိမ်းယူခြင်းမရှိပဲ မည်သည့်သီးနှံမှ မစိုက်ဖူးသော မြေကိုသာ နိုင်ငံပိုင်အဖြစ် နိုင်ငံအကျိုးရှိမည့် စီမံကိန်းများအတွက် ဖော်ဆောင်ပေးမည်။ အကယ်၍ မဖြစ်မနေ ကြုံကြိုက်ခဲ့သော် တောင်သူဦးကြီးများ၏ အကျိုးအတွက် ထိုက်တန်သော လျှော်ကြေးပေးပြီးမှ ၊ လိုလိုလားလားသဘောတူအောင်စည်းရုံးပြီးမှ အကောင်ထည်ဖော်ရမည်။ ၁၁။ ။နိုင်ငံ နှင့်အမျိုးကို ချစ်သော မျိုးချစ်စိတ်ဓါတ်များမွေးမြူ ပြုစုပျိုးထောင်ပေးမည်----- တကယ်တန်းစဉ်းစားကြည့်တော့ စိတ်ကူးယဉ်တာနဲ့တင် ရူးသွားနိုင်လောက်အောင် ပြုပြင်စရာတွေ များလှ၍ ကုန်အောင်ပင် စိတ်ကူးမယဉ်ရဲတော့ပဲ သမ္မတရာထူးမှ အလိုက်တသိ ဖြင့် ကိုယ့်ဖာသာ နှုတ်ထွက်လိုက်ရလေတော့သတည်း။ ။

 **ကိုစိုးနိုင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)