-လူထုကျန်းမာရေး(မှိုတွင်တွေ့ရသော ဒြပ်ပေါင်းတစ်မျိုးဆီးကျိတ်ကင်ဆာရောဂါကို ကာကွယ်နိုင်)-
**Public Health**
(ဟောင်ကောင်၊ ဇူလိုင် ၂၇) မှိုတွင်တွေ့ရသော ဒြပ်ပေါင်းတစ်မျိုးသည်ဆီးကျိတ်ကင်ဆာရောဂါကို တားဆီးကာကွယ်ပေးနိုင် ကြောင်း တရုတ်နိုင်ငံ ဟောင်ကောင်နှင့် သြစတြေးလျနိုင်ငံတို့မှ သိပံ္ပပညာရှင်များပါဝင်သော အဖွဲ့တစ်ဖွဲ့က ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။မှိုတွင်တွေ့ရသော ဒြပ်ပေါင်းတစ်မျိုးသည် ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်သည့် အကျိတ်အဖုများကြီးထွားလာခြင်းမှ တားဆီးကာကွယ်ပေးနိုင်ကြောင်း သုတေသန လေ့လာချက်တွင် ဖော်ပြသည်။ကမ္ဘာပေါ်တွင် အမျိုးသားများ၌ အဖြစ်အများဆုံးရောဂါတစ်မျိုးမှာ ဆီးကျိတ်ကင်ဆာရောဂါဖြစ်သည်။ မှိုတစ်မျိုးတွင် တွေ့ရသော ဓာတုဒြပ်ပေါင်းသည်ဆီးကျိတ်ကင်ဆာရောဂါဖြစ်စေနိုင်သော ကလာပ်စည်းများကို နှိမ်နင်းပေးနိုင်ကြောင်း၊ ယင်းကဲ့သို့နှိမ်နင်းရာတွင် ဘေးထွက် ဆိုးကျိုးလည်း မဖြစ်ပေါ်နိုင်ကြောင်း သုတေသနလေ့လာချက်တွင်ဖော်ပြသည်။ တရုတ်၊ ဂျပန်နှင့် အခြားသော အာရှနိုင်ငံများ၌ ဆေးဖက်ဝင်အပင်အဖြစ် ကာလ ကြာရှည်စွာ အသုံးပြုလာသည့် ယွန်ကျီ့ (Yunzhi) မှို၏ဒြပ်ပေါင်းသည် ဆီးကျိတ်ကင်ဆာ ကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီများက ပြောကြားသည်။ အဆိုပါ မှိုအမျိုးအစား သည် လူတို့စားသုံးနိုင်သော မှိုအမျိုးအစားတွင် ပါဝင်သည်။ တရုတ်တိုင်းရင်းဆေးပညာရှင်များသည် ယင်းမှိုကို ကိုယ်ခံအားစနစ် မြှင့်တင်ပေး နိုင်သော စားစရာတစ်မျိုးအဖြစ် သတ်မှတ်ထားသည်။ ဆီးကျိတ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သော မှိုဒြပ်ပေါင်းနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ (အင်တာနက်)

No comments:
Post a Comment