ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, July 28, 2012

>
-ဂိတ်စ...ဂိတ်ဆုံး-

ဗျိုင်းတို့သည် ဟိုယခင်အခါဆီက လည်ပင်းမရှည်ကြသေးချေ။ ကြည့်ကောင်းရုံ အတော်လောက်သာဖြစ်သည်။ မိကျောင်းတွေ ဘာကြောင့် လျှာမပါတာလဲ။ ပျံလွှားငှက် ဘာကြောင့် အမြီးနှစ်ခွဖြစ်နေတာလဲ စသောကိစ္စတွေလို သူတို့မှာလည်း နောက်ကြောင်းရာဇဝင်ရှိ၏။ ဗျိုင်းတွေ လည်ပင်းရှည်ရခြင်းမှာ ဘတ်စ်ကားစောင့်ရသော ကြောင့်ဖြစ်လေ၏။ .....xxxxx.....xxxxx.....xxxxx..... ကားမှတ်တိုင်မှာ ခရီးသည်တစ်အုပ် ဘတ်စ်ကားစောင့်နေကြသည်။ သူတို့သည် ကားလာမည့်ဘက်သို့ လည်တဆန့်ဆန့် မျှော်နေကြ၏။ ကျောင်းချိန်၊ အလုပ်ချိန်ဖြစ်သောကြောင့် ခရီးသည်တွေစုပုံနေသည်။ အလွှာပေါင်းစုံ၊ အတန်းအစားပေါင်းစုံ ပါဝင်သည်။ မော်ဒယ်လ်လို ပိန်ပိန်သွယ်သွယ် လှပသော ဗျိုင်းမလေးမှာ ကျောင်းသူဖြစ်ပုံရ၏။ သားရေတု ပခုံးသိုင်းအိတ်ကလေးကို လွယ်ထားသည်။ ခြေကျင်းဝတ်မှာတော့ ရွှေဖုဒ်ချိန်း မျှင်မျှင်လေးဝတ်ဆင်ထား၏။ ဘတ်စ်ကားစီးသူတစ်ယောက်အတွက် ဆွဲကြိုးတို့ ဟမ်းချိန်းတို့ထက်စာလျှင် ဖုဒ်ချိန်းက ပိုပြီး အန္တရာယ်ကင်းသည်ဟု ဆိုရမည်။ ခါးပိုက်နှိုက်များ၊ အလစ်သုတ်သမားများအနေဖြင့် လူတွေ ပြည့်ကျပ်နေသောဘတ်စ်ကားပေါ်မှာ အောက်ကိုကုန်းပြီး ခြေထောက်က ဖုဒ်ချိန်းကို ဖြုတ် ယူဖို့ မလွယ်ဘူးမဟုတ်လား။ ဘဲငန်းကြီးတစ်ကောင်သည် ဗျိုင်းမလေးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။ တောကျီးကန်းကြီးတစ်ကောင်ကတော့ လက်ဆွဲအိပ်တစ်လုံးကို ဆွဲပြီး ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ပုံပန်းအရ ရှေ့နေဖြစ်ဟန်တူ၏။ ကြက်တူရွေးတစ်ကောင်ကတော့ ကွမ်းတံတွေး တပျစ်ပျစ်ထွေးနေသည်။ သူ့အာခေါင်မှာ နီရဲနေ၏။ မှတ်တိုင်မှာ ခရီးသည်တွေများနေသော်လည်း ဆူဆူညံညံမရှိ။ ဘတ်စ်ကားကိုသာ မျှော်နေကြသဖြင့် စကားသိပ်မပြောဖြစ်ကြ။ ပျင်းစရာတောင်ကောင်းနေသည်။ သာလိကာမလေးတစ်သိုက် ရောက်လာတာ့မှပင် စိုစိုပြည်ပြည်ဖြစ်သွား၏။ သူတို့သည် စက်ရုံ သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားမည့် အလုပ်သမလေးများဖြစ်ကြပုံရသည်။ ဗီဒီယိုဇာတ်ကားအကြောင်း၊ ရုပ်မြင်သံကြားမှလာသော တရုတ်ဇာတ်လမ်းတွဲတွေအကြောင်း၊ ဂျာနယ်ထဲမှာပါသော မင်းသားမင်းသမီးတွေအကြောင်း၊ သူတို့အလုပ်သမားခေါင်းဖြစ်သော သိန်းငှက်ကြီး မျက်စိ အလွန်စူးရှသည့်အကြောင်းတွေ တစ်ယောက် တစ်ပေါက် ပြောနေကြသည်။ ဘတ်စ်ကားက မလာသေး။ “ ကြာလိုက်တာ” ဟု ခိုတစ်ကောင်က ညည်းလိုက်၏။ ကြက်ဖကြီးက လက်မှနာရီကိုကြည့်ပြီး 'အစည်းအဝေးက နောက်ကျလို့ မဖြစ်ဘူး'ဟု တစ်ကိုယ်တည်းရေရွတ်နေသည်။ ကိုယ်ပိုင်ကားတွေကတော့ တဝီဝီဖြတ် သွားလာနေကြ၏။ ဝက်ဝံမည်းမည်းကြီးတစ်ကောင်သည် ပါဂျဲရိုးကားကို ကိုယ်တိုင် မောင်းရင်း လက်ကိုင်ဖုန်းနှင့် စကားပြောနေသည်။ ဘေးမှာတော့ ပန်ဒါဝက်ဝံမလှလှလေး ပါလာ၏။ 'အဲဒီလိုကားမျိုး အလုပ်သွားရရင် သိပ်ကောင်းမှာပဲ' ဟု သာလိကာမလေးတစ်ကောင်က ပြောသည်။နောက်တစ်ကောင်က 'နင်က အဲဒီဝက်ဝံကြီးကို မကြောက်ဘူးလား'ဟု မေးသည်။ 'ကိုယ်ပိုင်ကားစီးရမယ်ဆိုလို့ကတော့ ဝက်ဝံကြီး မပြောနဲ့ ရေမြင်းကြီးတောင် မကြောက်ပေါင်' တခစ်ခစ်ရယ်သံတွေ ထွက်ပေါ်လာသည်။ ကြက်ဖကြီးသည် နာရီကိုကြည့်ပြီး-'နောက်ကျရင် အဟောက်ခံရဦးမယ်။ ဒီကဘယ်လိုလာရသလဲဆိုတာ ထည့်တွက်မှာ မဟုတ်ဘူး'ဟု ရေရွတ်ပြန်သည်။ 'ဟော . . .လာပြီ' ဆိုသောအသံကို ကြားရသည်။ ဘတ်စ်ကားတစ်စင်းသည် လေဖြတ် ထားသူတစ်ယောက်လို စောင်းစောင်းကြီး မောင်းလာနေသည်။ 'အင်္ဂဝိဇာသဘောနဲ့ပြောရင် ကားပေါ် မှာအပြည့်ပါလာတာပဲ' စာကလေးတစ်ကောင်က အရေးထဲ ဗေဒင်ဟောနေသည်။ သူ မဟောလည်း ဒီအချိန်ကားကြပ်မယ်ဆိုတာ အားလုံးသိပြီးသား။ ဘတ်စ်ကားမရပ်ခင်မှာပင် စပယ်ယာက ခုန်ဆင်းလိုက်သည်။ ဒီလို စပယ်ယာအလုပ်ကို မျောက်လွှဲကျော်တွေသာ လုပ်နိုင်သည်။ ရှေ့ပေါက်က ခုန်ဆင်းလိုက်၊ နောက်ပေါက်က ပြန်တက်လိုက်၊ အရှိန်နှင့်ထွက်သွားသောကားကို လွှားခနဲလှမ်းဆွဲခိုလိုက်လုပ်နိုင်ဖို့က သူတို့ကိုလို လျင်မြန်ဖျတ်လတ်ပြီး လက်မြဲမှသာဖြစ်မယ် မဟုတ်လား။ ဘတ်စ်ကား အိခနဲရပ်လိုက်တာနဲ့ ခရီး သည်တွေ အတင်းတိုးဝှေ့တက်ကြသည်။  'ဆင်းတဲ့လူတွေကို စောင့်ပါ။
 နောက် ပေါက်ကလည်း မျှတက်ကြဦး။
အတွယ်မတင်ဘူးနော်။ တောင်းနဲ့အစ်မကြီး မရဘူး' စပယ်ယာက တရစပ်ပြော၏။ တောင်းကြီးတစ်လုံးကို ရွက်ထားသော ဘဲမကြီးက- 'တောင်းဖိုးပေးမယ်လေ' 'ဟာ . . . မရဘူး၊ မရဘူး . . .ဆွဲ ဆရာ ရေ' ဘတ်စ်ကားထွက်သွားသည်။ 'ဟင်း . . . ကျုပ်ကျတော့ မရဘူးတဲ့။ ဟို . . .ကြက်မတမ်းမလေးကျတော့ ညီမလေး လာလာဆိုပြီး ခါးကိုတောင် ဆွဲတင်ပေးလိုက်သေးတယ်' ဘဲမကြီးသည် မကျေမနက်ရေရွတ်ရင်း ကျန်ခဲ့သည်။ ရွက်ထားသော တောင်းထဲမှာတော့ ဒီမနက်ကမှ လောလောလတ်လတ် ဥထားသော ဘဲဥတွေ။ . . . . . .. . .....xxxxx.....xxxxx.....xxxxx..... ဘတ်စ်ကားသည် နဂိုကပင်ကျပ်ပြီးသား ဖြစ်၏။ နောက်ထပ် ခရီးသည်တွေ တက်လိုက်သောအခါ ပိုကျပ်သွားသည်။ ထိုင်ခုံတွေမှာ ဂိတ်စကတည်းက နေရာဦးလာခဲ့သော ငါးသေတ္တာငါးတွေ အစီအရီထိုင်နေကြသည်။ နောက်ဆုံးတန်းမှာတော့ ဇီးကွက်ကြီးတစ်ကောင်အိပ်ငိုက်နေသည်။ ညအလုပ်ဆင်းရာမှ ပြန်လာခြင်းဖြစ်ဟန်သူ၏။ ဇီးကွက်တို့သည် ညစောင့်အလုပ်ကို မျိုးနှင့်ရိုးနှင့် လုပ်ကြသူများဖြစ်၏။ 'ကဲ . . . ကားခလေးတွေ မစမယ်နော်။ ငါးရာတန်တွေပေးရင်တော့ ပြန်မအမ်းနိုင်သေးဘူး။အမေ့ခံထားလိုက်မှာပဲ။ ကဲ ကဲ . . .ကား ခလေးတွေ ထုတ်ထားမယ်။ လက်တို့တော့မှ ရှက်လို့ မဖြစ်ဘူးနော်' စပယ်ယာက တစာစာအော်တောင်းသည်။ မလှမ်းမကမ်းမှာရှိသော ငါးရှဥ့်တစ်ကောင်သည် ခရီးသည်တွေကြားထဲ လျှောခနဲတိုးဝင်ပြီး နောက်နားကျကျမှာ ခပ်ကွယ်ကွယ်ရပ်နေလိုက်သည်။ ခရီးသည်တွေက ကားခပေးကြသည်။ ယုန်တစ်ကောင်ကတော့ ကူပွန်စာရွက်ကို မရဲတရဲပေးလိုက်သည်။ စပယ်ယာက လှမ်းယူရင်း . . . 'အကြွေတော့ ပြန်မအမ်းနိုင်ဘူးနော်' ဟု ပြုံးစစပြောသည်။ ယုန်ကလေး၏ ထောင်နေသောနားရွက်မှာ ဖျတ်ခနဲ ကုတ်ကျသွားသယောင်ထင်ရ၏။ ကားအတွင်းဘက်က အခြေအတင်ပြော သံဆိုသံတွေထွက်ပေါ်လာသည်။ သမင်တစ်ကောင်၏ ဦးချိုက ဘေးမှ ခရီးသည်တွေကို လျှောက်ထိုးမိနေသောကြောင့်ဖြစ်သည်။ 'အို . . . ဘယ်လိုလဲ။ ရှင့် ချိုးကြီးက ဟိုထိုးဒီထိုးနဲ့” ဝက်မကြီးက ပြဿနာရှာသည်။ 'ခင်ဗျားအမြီးကလည်း ကျုပ်ကို တဖတ်ဖတ်လာရိုက်နေတာပဲ' ဟု သမင်က ပြန် ပြောသည်။ သစ်တောက်ငှက်တစ်ကောင်ကလည်း ဝါသနာကို မဖျောက်နိုင်ဘဲ မှန်ကို တဒေါက်ဒေါက်ခေါက်နေသဖြင့် 'ဟေ့ . . . နှုတ်သီးမဆော့ပါနဲ့ဗျ' ဟု စပယ်ယာက လှမ်းတားရသည်။ အရေးထဲ မှတ်တိုင်တစ်ခုမှာ ဖြူတစ်ကောင်က ကားပေါ်တက်မည်လုပ်နေသဖြင့် . . 'ဟာ . . .ခင်ဗျားကိုယ်က ဆူးတွေနဲ့ အလိုလိုကမှ ဒီမှာ ပြဿနာတက်နေရတဲ့ ကြားထဲ။ မရဘူး' 'ဟာဗျာ . . .မွေးကတည်းက ဆူးတွေပါလာတဲ့ဟာပဲ။ ဒါအပြစ်လားဗျ' 'ချောင်တဲ့ ကားကျမှ စီးဗျာ' ဆိုပြီး ထားခဲ့ရသည်။ 'ဟေ့ကောင် . . .အတွယ်တွေ အထဲဝင် ခိုင်းစမ်းရှေ့မှာ ဆပ်ပလိုင်းချပ်ရှိတယ်' ဒရိုက်ဘာ မြင်းနက်ကြီးက လှမ်းသတိပေးသည်။ ရှေ့နားက သစ်ပင်ရိပ်အောက်မှာ ချောင်းနေသော ပိုလာဝက်ဝံနှစ်ကောင်ကို လှမ်းမြင်လိုက်ရသောကြောင့်ဖြစ်၏။ သူတို့ရှေ့က အဖြတ်တွင် ကားအရှိန်လျှော့လိုက်ပြီး လွန်တော့မှ ပြန်တင်သည်။ 'ဟင် . . . နံလိုက်တာ၊ ဘာနံ့ကြီးလဲ” 'ဟုတ်ပါ့ . . .ဒီလောက်ကားကျပ်တဲ့ ကြားထဲမှာ တော်တော်ယုတ်တယ်' နောက်နားဆီက အသံတွေထွက်လာသည်။ 'ငါးပြေမတွေ ကားကျပ်လို့ ငါးပိဖြစ်ကုန်ပြီထင်တယ်' ဆိတ်တစ်ကောင်က နောက်လိုက်သည်။ လမ်းဆုံမှတ်တိုင်မှာ ခရီးသည်တော်တော်များများဆင်းသည်။ ထို့အတူ တော်တော်များများကလည်း ကားပေါ်တက်ဖို့ တာစူနေသည်။ အောက်က တိုးဝှေ့တက်လာတော့ မှ 'နေပါဦး၊ ဒီမှာ ဆင်းတောင် မဆင်းရသေးဘူး' လိပ်တစ်ကောင်သည် ခရီးသည်တွေ ကြားက ခေါင်းပြူထွက်ရင်း လှမ်းပြောသည်။ စပယ်ယာက . . . 'ခက်တာပဲ၊ ခင်ဗျားတို့ လိပ်တွေဟာ နေရာတကာမှာ တုံ့နှေးတုံ့နှေးနဲ့။ စောစောက တည်းက တိုးထွက်ထားပါ့လား' 'တိုးတာပဲ နို့ပုံးကြီးက ကန့်လန့်ခံနေလို့' လိပ်က စောဒကတက်သည်။ 'အလိုတော် . . . ဘာလို့ ကျုပ်နို့ပုံးကို ရမယ်ရှာရတာလဲ' ဟု နွားမကြီးက ပြန်လည် ချေပသည်။ ခရီးသည်တွေ တက်လာပြီးနောက် ကား ဆက်ထွက်သည်။ 'ကဲ . . . အတွင်းထဲကို တိုးပါ။ ဘေး ဆောင်းတိုးလေ။ အထဲမှာ အချောင်ကြီး။ ကမ္ဘာ့ဖလား ဘောလုံးပွဲတောင်ကန်လို့ရတယ်' စပယ်ယာက အော်တော့ စပါးကြီးမြွေတစ်ကောင်က . . . 'မင်းက အချောင်ကြီးပြောနေ၊ ဒီမှာ မြွေစင်စစ်က ကြိုးဖြစ်တော့မယ်ကွ' ထိုစဉ်မှာ ဒရိုက်ဘာက ဘရိတ်ကို ဆောင့်နင်းလိုက်သဖြင့် အလဲလဲအပြိုပြိုဖြစ်ကုန်သည်။ မြင်းကျားတစ်ကောင်က ရုတ်တရက် လမ်းဖြတ်ကူးလိုက်သောကြောင့် အရှိန်သတ်လိုက်ရခြင်းဖြစ်သည်။ 'တောက် . . . သူ့ကိုယ်သူ မြင်းကျားဆိုပြီး တော်တော်အခွင့်အရေးယူချင်တယ်' ဒရိုက်ဘာက မကျေမနပ်ရေရွတ်ပြီးမှ ကားကို ဆောင့်ကြီးအောင်ကြီး ပြန်မောင်း ထွက်သည်။ ' မှတ်တိုင်ပါတယ်' ပင်ဂွင်းငှက်တစ်ကောင်က အော်လိုက် သည်။ စပယ်ယာက . . . 'မှတ်တိုင် ပါသေးတယ်တဲ့ ဆရာရေ၊ လိုက်မယ့်သူ မရှိရင် မှေးထားပေးလိုက်' ပင်ဂွင်းသည် 'စီးဆားဗစ်' ရင့်နေသူဖြစ် သောကြောင့် ကောင်းကောင်းသဘောပေါက်သည်။ ကားက လေးဘီးစလုံးရပ်ပေးမှာမဟုတ်။ အရှိန်လျှော့ယုံသာ လျှော့ပေးလိမ့်မည်။ ထို့ကြောင့် အပေါက်ဝနားမှ ရပ်ပြီး အသင့် ပြင်ထားလိုက်သည်။ ကားအရှိန် အလျှော့ဆုံးအချိန်ကို မှန်းဆပြီး ခုန်ဆင်းလိုက်၏။ အကျ ညင်သာအေင် တောင်ပံကို တဖျက်ဖျက်ခတ်လိုက်သည်။ သို့ရာတွင် ပင်ဂွင်းတို့၏တောင်ပံက လေမှာ ပျံနိုင်လောက်သော အင်အား မရှိသဖြင့် ဘာမှအရာမရောက်ဘဲ ပလက် ဖောင်းပေါ် ဟက်ထိုးကျသွား၏။ နောက်တစ်မှတ်တိုင်သို့ အရောက်တွင် 'ဟာ ပြဿနာကောင်တွေတော့လာပြီ' ဟု စပယ်ယာက ရေရွတ်လိုက်သည်။ တစ်တီတူးတစ်အုပ် တက်လာသောကြောင့်ဖြစ်၏။ ဒီအကောင်တွေက အများတကာနဲ့ မတူဘဲ လက်ကိုင်ကို ဇောက်ထိုးတွဲလဲခိုပြီး လိုက်တက်တာကိုး။ ထင်တဲ့အတိုင်းပဲ မှတ်တိုင်က ထွက်လာပြီး မကြာခင်မှာပင် . . . 'ဘယ်လိုဖြစ်နေတာလဲ' 'ဟဲ့ . . . သောက်ပလုပ်တုတ်၊ တင်ပါး ကိုဆိတ်တယ်ဟဲ့' 'ဒီကောင်တွေ တက်လာရင် ဒီအတိုင်းပဲ' 'ပိုက်ဆံအိပ်လေးတွေ သတိထားကြ နော်' စသော အသံတွေထွက်လာသည်။ ဒီလိုနဲ့ တိုးရင်း၊ ဝှေ့ရင်း၊ နောက်ရင်း ပြောင်ရင်း ဂိတ်ဆုံးရောက်လာသည်။ ခရီးသည် တွေ ကားပေါ်က ဆင်းကြသည်။ ဆင်းခွေချပ် တစ်ကောင်သည်။ ရောက်လို့ရောက်မှန်း မသိဘဲ ထောင်တစ်နေရာမှာခွေခွေလေး အိပ်ပျော်နေသည်။ စပယ်ယာက သွားနှိုးတော့မှ လူးလဲ ထပြီး . . 'ဟင် . . . ဘရာဇီးလ်နိုင်သွားတာလား၊ ဘယ်နှစ်ဂိုးလဲ' ဟု ယောင်ကန်းကန်းပြောလိုက်၏။ ဗျိုင်းမလေးသည် ဖွာလန်ကြဲသွားသော အမွှေးအတောင်များကို သပ်သပ်ရပ်ရပ်ဖြစ် အောင်လုပ်နေသည်။ ကားပေါ်မှာတုန်းက တစ်ချိန်လုံး သူ့နားကပ်နေသော ဘဲငန်းကြီးတစ်ကောင်ကို မျက်စောင်းတစ်ချက်ထိုးပြီးမှ ထွက်သွားသည်။ သမင်က ချိုဖျားလေး တစ်ချောင်း ကျိုးသွားသည်။ ဝက်မကြီးသည် သမင်ချိုနှင့် ထိုးမိသောကြောင့် ဘေးကြောအောင့် သွားသည်။ အောက်ချင်းငှက်ကတော့ တစ်ချိန်လုံး ဇက်ကိုပုထားခဲ့ရသဖြင့်လည်ပင်းတွေ ညောင်းနေသည်။ မြင်းမလေးသည် ပိုနီတေးပုံ သွင်းထားသော အမြီးလှလှလေးအလှပျက်သွားသဖြင့် စိတ်ပျက်နေ၏။ သားပိုက်ကောင်ကတော့ ကိုယ်ကပ်ပိုက်ဆံအိပ်ကို ခါးပိုက်နှိုက် ဓားနှင့်ခွဲတာ ခံလိုက်ရသဖြင့် တဖျစ်တောက် တောက်ညည်းညူနေသည်။ ဖားဂုံညင်းတစ်ကောင်သည် ကားပေါ်မှ ဆင်းလာခါစတွင် တစ်ကိုယ်လုံး ပြားကပ်နေသည်။ ပလက်ဖောင်း ပေါ်ရောက်တော့ ' ခုမှပဲ အသက်ဝဝ ရှူရ တော့တယ်'ဟု ပြောရင်း လေကို အားပါးတရ ရှိုက်လိုက်ရာ သူ့ကိုယ်လုံးက ပြန်လည် ပြည့်တင်းကာ ဖောင်းကားလာလေသည်။ ။ .

....xxxxx.....xxxxx.....xxxxx.....

 **မင်းလူ၏ ၀တ္တုတိုများ** 
 (ရွှေအမြုတေမဂ္ဂဇင်း၊ ၂ဝဝ၂၊ နိုဝင်ဘာ) -

- Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)