ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 31, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ -
** ၂ဝ၁ဝ ခုနှစ်အတွင်း အိန္ဒိယ၏ အနာကြီးရောဂါစတင်ဖြစ်ပွားနှုန်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် နှိုင်းယှဉ်ပါက ၅၆ ရာခိုင်နှုန်းရှိ**
 (ဒေလီ၊ ဇူလိုင် ၂၉) ၂ဝ၁ဝ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရအနာကြီးရောဂါစတင်ဖြစ်ပွားသူဦးရေ ၂၂၈၄၇၄ ဦးရှိခဲ့ရာအိန္ဒိယနိုင်ငံတစ်နိုင်ငံတည်း၌ ၁၂၆၈ဝဝ ရှိခဲ့ကြောင်း နိုင်ငံ တကာ အနာကြီးရောဂါဆိုင်ရာ သမဂ္ဂ(အိန္ဒိယ)၏ ဥက္ကဋ္ဌကပြောကြားခဲ့သည်။ အနာကြီးရောဂါကို အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် ထိထိ ရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့လျှင် အဆိုပါ ရောဂါဆိုး၏ အန္တရာယ်မှာ ပိုမိုကြီးမားလာမည်ဖြစ်ကြောင်း နိုင်ငံတကာ အနာ ကြီးရောဂါဆိုင်ရာ သမဂ္ဂ(အိန္ဒိယ)၏ ဥက္ကဋ္ဌ အက်စ်ဒီဂိုခေးလ်က သတိပေးခဲ့သည်။အနာကြီးရောဂါ (ူနစမသျပ) သည် ကုသ၍ ရနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လူ့ အရေပြား၊ အဓိကမကျသော အာရုံကြောစနစ်များ၊ အသက်ရှူလမ်းကြောင်းများနှင့် မျက်လုံး တို့ကို ထိုးနှက်တိုက်ခိုက်တတ်သည့် ရောဂါဆိုးတစ်မျိုးဖြစ်သည်။ အနာကြီးရောဂါ၏ လက်သည် ဗက်တီးရီးယားပိုးများ ကူးစက်ဝင်ရောက်မှုသည် ငါးနှစ်ခန့်အထိ ကြာမြင့်တတ်ပြီး ရောဂါလက္ခဏာများမှာ နှစ်ပေါင်း ၂ဝ ခန့်ကြာမှ ပေါ်ထွက်လာ နိုင်သည်။၂ဝ၁ဝ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ အနာကြီးရောဂါဖြစ်ပွား ခဲ့သူ အရေအတွက်ကို ယင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားကြောင်း သိရသည်။ (အေအက်ဖ်ပီ)

** ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းတွင်အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား**
(ကန်ပါလာ ဇူလိုင် ၂၉) ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် ၁၄ ဦး သေဆုံး ကြောင်း ကျန်းမာရေးအရာရှိများက ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ခ်ျအို) ကိုယ်စားလှယ် တို့က ကန်ပါလာမြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ယူဂန္ဓာ အနောက်ပိုင်း၌ အီဘိုလာရောဂါ ဖြစ်ပွားနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယူဂန္ဓာ ဗိုင်းရပ်စ်သုတေသနသိပ္ပံ၌ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုရလဒ်များအရ ကီဘာလီခရိုင်၌ ဖြစ်ပွားသော ထူးဆန်းသည့်ရောဂါမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်သော အဖျားရောဂါဖြစ်ကြောင်း ယူဂန္ဓာအစိုးရနှင့် ဒဗလျူအိပ်ခ်ျအိုတို့၏ ပူးတွဲ ကြေညာချက်၌ ဖော်ပြထားသည်။ယူဂန္ဓာအနောက်ပိုင်း ကီဘာလီခရိုင်နေပြည်သူများသည် အမည်မသိ ထူးဆန်းသည့် အဖျားရောဂါကြောင့် ဒုက္ခကြုံနေရသည်။ ယူဂန္ဓာကျန်းမာရေး အရာရှိများမှာလည်း သီတင်းပတ်ပေါင်းများစွာ စမ်းသပ်စစ်ဆေးပြီးမှသာလျှင် ထူးဆန်း သည့်ရောဂါ၏ဇာစ်မြစ်မှာ အီဘိုလာဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း အဖြေတွေ့ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)
** မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့်ဆိုမာလီတောင်ပိုင်း၌ ၁ ဦးသေဆုံး** 
(မိုဂါဒစ်ရှူး ဇူလိုင် ၂၉) ဆိုမာလီနိုင်ငံတောင်ပိုင်းတွင် အမေရိကန်မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ၁၈ ဦးထက် မနည်းသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိသွား ကြောင်း ပရက်စ်တီဗွီသတင်းဌာနကထုတ်လွှင့်သည်။မိုဂါဒစ်ရှူးမြို့အနောက်ဘက်ရှိ ဒေး နိုင်းလ်ခရိုင်ရှိ အယ်လ်-ရှာဘတ်များ၏စစ်စခန်းကို အမေရိကန်မောင်းသူမဲ့ လေယာဉ်က ဇူလိုင် ၂၈ ရက်တွင် ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း၊ နံနက်စောစော ပိုင်း အချိန်တွင်ဖြစ်ကြောင်း ဆိုမာလီစစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားသည်။အမေရိကန်စစ်ဘက်သည် အမေရိကန်တို့က ပါကစ္စတန်အပါအဝင် အာဖဂန်နစ္စတန်၊ အီရတ်၊ ယီမင်နှင့်လစ်ဗျားတို့တွင် စစ်သွေးကြွအကြမ်းဖက် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့်ဆိုမာလီတောင်ပိုင်း၌ ၁ ဦးသေဆုံး သမားများအား ပစ်မှတ်ထား၍မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်လေ့ရှိသည်။ အများဆုံးသေဆုံးမှုမှာအရပ်သားများဖြစ်ကြသည်။ (အင်တာနက်)

** အိုလံပစ်အားကစားပွဲ လက်မှတ်မှောင်ခို ၁၆ဦး ဖမ်းဆီးရမိ**
လန်ဒန်အိုလံပစ်ပြိုင်ပွဲလက်မှတ်များကို တရားမဝင်တစ်ဆင့်ပြန်လည်ရောင်းချနေသူများအား ဇူလိုင် ၂၇ ရက်မှစ၍ လန်ဒန်အိုလံပစ်ပြိုင်ပွဲလက်မှတ်များကို ဖမ်းဆီးခဲ့ရာ ၁၆ ဦးဖမ်းဆီး ရမိပြီးဖြစ်ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ကပြောကြားသည်။ ဇူလိုင် ၂၈ ရက်တွင် ကျင်းပသည့်အားကစားပြိုင်ပွဲအချို့တွင် ထိုင်ခုံများ လစ်လပ်နေသည်ကို တွေ့မြင်ရသည့်အတွက် အဘယ်ကြောင့် ထိုသို့ဖြစ်ရ ခြင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုအိုလံပစ်ပွဲတော် စီစဉ်သူများက ပြော သည်။ မြို့တော်တောင်ပိုင်းရှိ ဝင်ဘလေဒန်ကွင်းနှင့် အရှေ့ပိုင်း အိုလံပစ်ကွင်း အနီး စတက်ဖို့ဒ်နယ်မြေ၌ ဇူလိုင် ၂၇ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။လက်မှတ်မှောင်ခိုရောင်းခြင်းသည်တရားမဝင်သကဲ့သို့ အားကစားပွဲများ ကို မျက်မြင်ကိုယ်တွေ့ကြည့်လိုသူများအပေါ် အမြတ်ထုတ်သည်မှာ ရှင်းပါ ကြောင်း လက်မှတ်မှောင်ခိုရောင်းဝယ်ခြင်းကို နှိမ်နင်းရေးအဖွဲ့တာဝန်ခံ အရာရှိ က ပြောကြားသည်။ယခု ၂ဝ၁၂ လန်ဒန်အိုလံပစ် အားကစားပွဲတော်တွင် ဤသို့သော နည်းလမ်းဖြင့်ငွေရှာသူများကို ပြင်းပြင်းထန်ထန်အရေးယူလျက်ရှိကြောင်း၊ ဆက်လက်ပြီး အရေးယူမည်ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။အားကစားပွဲလက်မှတ်များကို ဝယ်ယူနိုင်စွမ်းမရှိသည့်အတွက် ဗြိတိန်နိုင်ငံသားများစွာမှာ စိတ်ထဲတွင် မချင့်မရဲဖြစ်ရ သည့်အပြင် အချို့အားကစားပြိုင်ဝင်းအတွင်း၌ ထိုင်ခုံများလစ်ဟာနေသည်ကို မြင်ရသည့်အခါ စိတ်အနှောင့်အယှက်ဖြစ်ကြရသည်ဟု ဆိုသည်။ ပြည်သူများအနေဖြင့် ရာဇဝတ်မှုကျူးလွန်သူများထံမှ လက်မှတ်များ ဝယ်ယူမည်ဆိုလျှင် နှစ်ကြိမ်စဉ်းစားရန်တိုက်တွန်းကြောင်း၊ ၄င်းတို့ထံမှဝယ် လျှင် ငွေပိုပေးရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း အားပေးအား မြှောက်ပြုရာ ရောက်မည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇူလိုင် ၂၈ ရက်က လစ်လပ်နေသော ထိုင်ခုံများသည် ကုန်ကျစရိတ် ထောက်ပံ့သူများ တာဝန်ယူထားသောထိုင်ခုံများဖြစ်သည်ဟု ယုံကြည်ရ ကြောင်း၊ အဘယ်ကြောင့် လွတ်နေရသည်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။ (အင်တာနက်)

**ပါကစ္စတန်ထောက်လှမ်းရေးနှင့် စီအိုင်အေအကြီးအကဲတို့ ဆွေးနွေးမည်**
 (အစ္စလာမ္မာဘတ်၊ ဇူလိုင် ၂၉) ဆွေးနွေးမည့် အဓိကပြဿနာမှာ မောင်းသူမဲ့လေယာဉ် ဖြင့် တိုက်ခိုက်သည့်ကိစ္စဖြစ်မည်ဟု ယူဆရသည်။ ပါကစ္စတန်နိုင်ငံတွင် အရှိန်အဝါကြီးမားသော အိုင်အက်စ် အိုင် အကြီးအကဲတစ်ဦးသည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ခရီးထွက်ခြင်းဖြစ်သည်။ ဤခရီးစဉ်သည် ၂ဝ၁၁ခုနှစ် မေလ အတွင်းက အမေရိကန် အထူးတပ်ဖွဲ့များက အိုစမာဘင်လာဒင် ကို လုပ်ကြံပြီးသည့်နောက် နှစ်နိုင်ငံအကြား တင်းမာသော ဆက်ဆံရေးမှာ ပြေပြစ်ချောမွေ့လာသည့် လက္ခဏာဖြစ်သည်။ မတ်လအတွင်းက ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော ဒုတိယဗိုလ်ချုပ်ကြီး ဇာဟာအူလ်အစ္စလာမ်သည် အမေရိကန်ပြည်ထောင်စုသို့ သြဂုတ် ၁ ရက်မှ ၃ ရက်အထိ အလည်အပတ်သွားရောက်မည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံ ဆိုင်ရာလုပ်ငန်းကိစ္စဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြသည်။၎င်းသည် စီအိုင်အေညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီထရော့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ဆိုသည်။ အခြား အသေးစိတ်အကြောင်းအရာများ ဖော်ပြထား ခြင်း မပြုသော်လည်း ဗိုလ်ချုပ်ကြီးနှစ်ဦးသည် အကြမ်းဖက်သမား နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ထောက်လှမ်းရေး သတင်းများမျှဝေပေးရေးတို့ကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ပါကစ္စတန်လုံခြုံရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြား ခဲ့ပြီး ဖြစ်သည်။တာလီဘန်နှင့် အယ်လ်ခိုင်ဒါတို့အား အမေရိကန် မောင်းသူမဲ့ လေယာဉ်များက တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းရန်နှင့် အမေရိကန်တို့အစား ပါကစ္စတန်တပ်ဖွဲ့များက တိုက်ခိုက်ရန် ဗိုလ်ချုပ်ကြီးအစ္စလာမ်က တောင်းဆိုမည်ဖြစ်ကြောင်း ၄င်းလုံခြုံ ရေးအရာရှိက ပြောကြားသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)