-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**စင်ကာပူတွင် ဖျော်ဖြေပွဲကျင်းပမည့် Wonder Girls**
နာမည်ကျော် ကိုရီးယားအမျိုးသမီးတေးဂီတအဖွဲ့ Wonder Girls of လာမည့် စက်တင်ဘာ ၈ ရက်တွင်စင်ကာပူနိုင်ငံ Resorts World Convention Centre ရှိ Compass Ballroom
တွင် ဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပသွားရန် စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Wonder Girls အဖွဲ့၏ ပထမဆုံး ဂျပန်တေးအယ်လ်ဘမ်
Nobody for Everybody သည် ဇူလိုင် ၂၄ ရက်က ဂျပန်
နိုင်ငံ၏ အရောင်းရဆုံး တေးအယ်လ်ဘမ်များတွင် နံပါတ်ခုနစ်
နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ထို့ပြင် ယင်းအဖွဲ့သည် သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့
တွင်လည်း အခြားကိုရီးယားပေါ့ပ်တေးဂီတအဖွဲ့များနှင့် အတူ
ဂျပန်နိုင်ငံသို့ သွားရောက်ဖျော်ဖြေရန် စီစဉ်ထားကြောင်း
သတင်းများတွင် ဖော်ပြသည်။Wonder Girls အဖွဲ့ကို ကိုရီးယား လှပျိုဖြူလေးများ
ဖြစ်သည့် ယူဘင်၊ ရန်နီ၊ ဆန်း၊ ဆိုဟီးနှင့် လိုင်မ်တို့ဖြင့် ၂ဝဝ၇
ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ¤င်းတို့၏ အဆို၊ အက၊ အလှများ
ဖြင့် ပေါင်းစပ်ဖျော်ဖြေတင်ဆက်ထားသည့် Tell Me၊ So Hot၊ Nobody၊ Be My Baby နှင့် Saying I Love You တေးသီချင်းများမှာ ပရိသတ်များ၏ အထူးအားပေးနှစ်သက်ခြင်း
ခံခဲ့ရသည်။ဂီတလှုပ်ရှားမှုများနှင့် ရုပ်သံလိုင်းများအတွက် အမေရိကန်
ပြည်ထောင်စုတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး နောက်
Wonder Girls အဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလ Wonder Worldိ အယ်လ်ဘမ်ကို ထုတ်ဝေခြင်းဖြင့် ကိုရီးယားဂီတလောကသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ယခုအခါ ပြီးခဲ့သည့်
လက ထုတ်ဝေခဲ့သည့်Wonder Party အယ်လ်ဘမ်ကို
အရောင်းမြှင့်တင်ရေး ပြုလုပ်လျက်ရှိသည်။ (အင်တာနက်)
**ဘောလုံးသမားဘဝမှ အနားယူပြီးနိုင်ငံရေးလုပ်တော့မည်ဆိုသည့် ရှက်ဗ်ချန်ကို**
( ကိယက်ဗ် ဇူလိုင် ၂၉ )
ယူကရိန်းနှင့်ဒိုင်နမိုကိဗ်တိုက်စစ်မှူးရှက်ဗ်ချန်ကိုသည်နိုင်ငံရေးကိုလေ့လာလိုက်စားမည်ဟုဆိုကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၉
ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။တိုက်စစ်မှူး ရှက်ဗ်ချန်ကိုသည်
ဘောလုံးသမားဘဝကို ၁၇ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် အနားယူခဲ့ခြင်း
ဖြစ်သည်။ ၄င်း၏ ကြေးစားဘောလုံးသမားဘဝကို ၁၉၉၄ ခုနှစ်က ဒိုင်နမို
ကိဗ်အသင်းနှင့် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်မူ အီတလီစီးရီးအေ ကလပ်အေစီ
မီလန်သို့ ပြောင်းရွှေ့ကစားခဲ့သည်။ထို့နောက် ၂ဝဝ၆ ခုနှစ်တွင်
လက်ရှိရီးယဲလ်မက်ဒရစ်အသင်းနည်းပြမော်ရင်ဟို၏ ချယ်လ်ဆီးအသင်း
နည်းပြလက်ထက်တွင် ပြောင်းရွှေ့ကြေးပေါင်သန်း ၃ဝ ဖြင့် ခေါ်ယူစာချုပ်ခဲ့
သဖြင့် အင်္ဂလိပ်ပရီမီယာလိဂ်တွင်နှစ်နှစ်ကြာ ကျင်လည်ခဲ့သူဖြစ်သည်။
၂ဝဝ၉ ခုနှစ် သြဂုတ်လတွင်မူ ဇာတိမြေသို့ ပြန်သွားခဲ့ပြီးနောက် ဒိုင်နမိုကိဗ်
အသင်းနှင့် နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ပြန်လည်ချုပ်ဆိုကာ ဒိုင်နမိုကိဗ်
တွင် ခြေစွမ်းပြကစားခဲ့သည်။တိုက်စစ်မှူး ရှက်ဗ်ချန်ကို၏ ခြေစွမ်း
ပိုင်းကောင်းမွန်မှုကြောင့် ယူကရိန်းနိုင်ငံအသင်းက ရှက်ဗ်ချန်ကိုအား
ဆယ်စုနှစ်တစ်ခုကြာမျှ နိုင်ငံအသင်းတွင် ပါဝင်ကစားစေခဲ့သည်။
နိုင်ငံအသင်းတွင် တိုက်စစ်ကိုအကောင်းဆုံးပုံဖော်နိုင်စွမ်းရှိခြင်းကြောင့်
အသင်း၏ ပွဲချိန်ပြည့်ကစားသမားအဖြစ်ထည့်သွင်းကစားစေခဲ့သည်။ ယူကရိန်း
နှင့် ဒိုင်နမိုကိဗ်တိုက်စစ်မှူး ရှက်ဗ်ချန်ကိုသည် ယူကရိန်းအသင်း ကွာတားဖိုင်နယ်
တက်ရောက်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်း
ဆောင်အဖြစ် ပါဝင်ကစားခဲ့ပြီးယူကရိန်းနှင့် ပိုလန်ပူးတွဲအိမ်ရှင်အဖြစ်
လက်ခံကျင်းပခဲ့သည့် ယူရို ၂ဝ၁၂ပြိုင်ပွဲတွင်လည်း အသင်းအတွက်
အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။သို့သော် လက်ရှိတွင် နိုင်ငံရေးကို
လေ့လာလိုက်စားတော့မည်ဟုဆိုကာဘောလုံးသမားဘဝမှ အနားယူလိုက်ပြီ
ဖြစ်ကြောင်း ကြေညာခဲ့သည်။(အင်တာနက်)
**ဘောလုံးလောက သတင်းတိုများ**
❖ တော့တင်ဟမ်ဟော့စပါးအသင်းသည် ကွင်းလယ်ကစားသမား လူကာ
မိုဒရစ်နေရာတွင် အစားထိုးရန် ဖူလ်ဟမ်ကွင်းလယ်ကစားသမား
ဒမ်ဘီလီအား ပစ်မှတ်ထားနေကြောင်း သိရသည်။
❖ အာဆင်နယ်ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှီးယားသည် ခြေသလုံးနှင့်
ဒူးတို့တွင် ဒဏ်ရာများရရှိထား၍ ဆေးဝါးကုသမှုခံယူရဦးမည်ဖြစ်သော
ကြောင့် လာမည့် အောက်တိုဘာလအထိ အာဆင်နယ်အသင်းတွင် ပါဝင်
ကစားနိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ❖ စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ဘောလုံး ရာသီအတွက် ခေါ်ယူရန် ဆန္ဒပြင်းပြနေသည့် ခရိုအေးရှားနှင့် စပါး ကွင်းလယ်ကစားသမား လူကာမိုဒရစ်အား အလွတ်ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
❖ ပရီမီယာလိဂ် အင်အားကြီးကလပ် အာဆင်နယ်အသင်းသည် အသက် (၂၇)နှစ်အရွယ်ရှိ မာလာဂါကွင်းလယ်ကစားသမား ကာဇိုလာအား ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းဖြင့် ယခုသီတင်းပတ်အတွင်း ခေါ်ယူ စာချုပ်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။
❖ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ မန်ယူ အသင်းသို့ ပြောင်းရွှေ့လာသည့် ဂျပန်နိုင်ငံသား ကာဂါဝါသည် မန်ယူ အသင်းတွင် ကစားခွင့်ရသည့် ပထမဆုံးဂျပန်ကစားသမားများဖြစ်၍ များစွာ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
**တောင်ကိုရီးယားသေနတ်ပစ်ချန်ပီယံ လန်ဒန်အိုလံပစ်တွင် ရွှေတံဆိပ်ဆုဆွတ်ခူး**
(လန်ဒန်၊ ဇူလိုင် ၂၉)
တောင်ကိုရီးယားနိုင်ငံမှ ဂျင်ဂျောင်အိုးသည် လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲ အမျိုးသား ၁၀ မီတာ လေပစ္စတိုပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ ၄င်းသည် ၆၈၈ မှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ အီတလီ လူကာတက်စကိုနီက ယင်း ၁၀ မီတာ လေပစ္စတိုပြိုင်ပွဲတွင် ၆၅၈.၈ မှတ်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည်။ ဆားဘီးယားမှ အင်ဒီဂျဇလက်တစ်က ၆၈၅.၂ မှတ်ဖြင့် ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ တရုတ်နိုင်မှ လက်ရှိချန်ပီယံ ပန်ဝေက စတုတ္ထသာရခဲ့သည်။ တောင်ကိုရီးယားမှ ဂျင်ဂျင်အိုးက ပေကျင်းအိုလံပစ်တွင် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သူဖြစ် သည်။ ၄င်းသည် ပေကျင်းအိုလံပစ် မီတာ ၅၀ ပစ္စတိုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သူဖြစ်သည်။ ၄င်းသည် လာမည့်သြဂုတ် ၅ ရက်တွင် ယှဉ်ပြိုင်မည့် မီတာ ၅၀ ပစ္စတိုပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုဆွတ်ခူးရန် မျှော်လင့်လျက်ရှိသည်။ (အင်တာနက်)စုစည်းဘာသာပြန် - နိုင်လင်းကြည်၊ မြင့်မောင်စိုး

No comments:
Post a Comment