-ဘ၀အမောပြေ-
**၀မ်းသာတယ်* *
ငွေကြေးလိမ်လည်မှုဖြင့် တရားရုံးသို့ ရောက်ရှိပြီး အမှုရင်ဆိုင်နေရသူအား တရားသူကြီးက အမိန့်ချမှတ်လေသည်။တရားသူကြီး = မောင်မင်း ငွေကြေးလိမ်ခဲ့တယ်နော်…။
တရားခံ = ဟုတ်ကဲ့..။
တရားသူကြီး = ဒါဆိုရင်..အပြစ်ရှိကြောင်း ၀န်ခံတယ်ပေါ့။
တရားခံ = ဟုတ်ကဲ့..။
တရားသူကြီး = ကဲ့…တရားရုံးက အမိန့်ချမယ် မောင်မင်းနားထောင်ပါ..။
တရားခံ = ဟုတ်ကဲ့..။
တရားသူကြီး = မောင်မင်းလိမ်လည်ယူထားတဲ့ ငွေကြေးတွေ တရားရုံးက ပြန်ပေးဖို့ အမိန့်ချမှတ်လိုက်တယ်…။
တရားခံ = အိုး…၀မ်းသာလိုက်တာ..တရားသူကြီးမင်း။
တရားသူကြီး = ဘာဖြစ်လို့လဲ…။
တရားခံ = တရားရုံးကငွေတွေ လျော်ပေးမယ်ဆိုတော့… ကျနော်မပေးရတော့ဘူး ပေါ့နော်…။
တရားသူကြီး = “ဘာကွ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment