ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 6, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

**အီတလီပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူး ၂၀၁၄ ခုနှစ်တွင် အာကာသအတွင်း စေလွှတ်မည်**
 နိုင်ငံတကာ အာကာသစခန်းမစ်ရှင်အဖွဲ့က အာကာသတွင်း ကာလရှည်ခရီးစဉ်တစ်ခုအတွက် အီတလီအမျိုးသမီးအာကာသယာဉ်မှူးတစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် စေလွှတ်မည်ဖြစ် ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဇူလိုင် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ လာမည့် ၂၀၁၄ တွင် ဥရောပအာကာသအေဂျင်စီမှ ဆာမင်သာခရစ္စတိုဖော်ရက်တီ (Samantha Cristoforetti) အမည်ရှိ အမျိုးသမီးအာကာသယာဉ်မှူးကို ကာဇက်စတန်ရှိ ဘိုင်ကိုနော့ အာကာသလွှတ်တင်ရေးစခန်းမှ ဆိုယုဇ်အာကာသယာဉ်တစ်စင်းဖြင့် အာကာသအတွင်း စေလွှတ်မည်ဖြစ်ကြောင်း ရောမမြို့ရှိအီတလီအာကာသရေးရာဌာနမှ ထုတ်ပြန်ကြေညာသည်။ အီတလီလေတပ်တွင် ဗိုလ်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၅ နှစ် အရွယ်အာကာသယာဉ်မှူး ခရစ္စတိုဖော်ရက်တီသည် ယခုအချိန်တွင် ဆိုယုဇ်အာကာသ ယာဉ်ပေါ်တွင် စက်ရုပ်အသုံးချမှုများ၊ အာကာသယာဉ်ဆိုင်ရာနည်းစနစ်များနှင့် အာကာသ အတွင်း လမ်းလျှောက်ခြင်းများကို လေ့ကျင့်နေပြီဖြစ်သည်။ သူမသည် နိုင်ငံတကာအာကာသ ယာဉ်စခန်းတွင် ခြောက်ဦးမြောက် နိုင်ငံတကာအာကာသယာဉ်မှူးအဖြစ် ခြောကလမှ ခုနစ်လ အထိ လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။ (အင်တာနက်)

**ဆွစ်ဇာလန်တွင် နိုင်ငံခြားသားတောင်တက်သမားငါဦး မီတာ ၄၀၀၀ ကျော်မြင့်သည့်တောင် ပေါ်မှ ပြုတ်ကျသေဆုံး**

(ဂျီနီဗာ၊ ဇူလိုင် ၄) ဆွစ်ဇာလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ မီတ ၄၀၀၀ ကျော်မြင့်သည့် တောင်တစ်တောင်ကို တက်ရောက်သည့် တောင်တက်သမားငါးဦး ဇွန် ၃ ရက်က ပြုတ်ကျသေဆုံးမှုဖြစ်ကြောင်း ဒေ သတွင်း မီဒီယာများက ဖော်ပြသည်။ ဗဲလ်လိစ်ဒေသရှိ မီတာ ၄၀၀၀ အမြင့်ရှိ လာဂျင်ဟွန်း တောင်ထိပ်သို့ တက်ရောက်ခဲ့သည့် တောင်တက်သမားများသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်၌ တောင်ထိပ်မှ မီတာ ၃၀၀ ခန့်အောက်သို့ မတော်တဆ ပြုတ်ကျခဲ့ခြင်းဖြစ် ကြောင်း နယ်မြေခံရဲဝန်ထမ်းများက ပြောကြားသည်။ ခြောက်ဦးပါ တောင်တက်သမားတစ်စု သည် ယင်းနေ့နံနက်ပိုင်းကစတင်၌ တောင်ပေါ်တက်ခဲ့ကြခြင်းဖြစ်သည်။ ၄င်းတို့အနက်မှ တစ်ဦးမှာ တောင်ထိပ်သို့ မရောက်မီ ကိုယ်လက်မအီမသာဖြစ်လာသဖြင့် ရပ်နားခဲ့သည်ဟု ဆိုသည်။ ကျန်ကံခေသူငါးဦးတို့က ဆက်လက်တက်သွားခဲ့ခြင်းဖြစ်ပြီး တောင်ထိပ်သို့ရောက်ရှိ ခဲ့ကြသည်။ ၄င်းတို့ငါးဦး တောင်အောက်ပြန်ဆင်းချိန်တွင် မတော်တဆပြုတ်ကျခဲ့ကြခြင်းဖြစ် ပြီး ကျန်ရစ်သော တောင်တက်သမားက ရဲကို လှမ်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)  

**အစောဆုံးအမေရိကတိုက်မြေပုံရှားပါးကော်ပီ ဂျာမနီနိုင်ငံအတွင်း၌ တွေ့ရှိ**
 (နယူးယောက်၊ ဇူလိုင် ၄) အမေရိကတိုက် ပေါ်ထွန်းခြင်း အမှတ်အသားတစ်ရပ်ဖြစ်သည့် ၁၆ ရာစုက ရှားပါးအစောဆုံး အမေရိက မြေပုံမူပွားတစ်ခုကို ဂျာမနီနိုင်ငံအတွင်း တွေ့ရှိခဲ့သည်။ ထင်းရှားသော မြေပုံရေးဆွဲ မြေပုံရေးဆွဲသူပညာရှင် ဟာတင်ဝဲလ်ဒ်ဆမ်မြူလာရေးဆွဲခဲ့သည့် မြေပုံဖြစ်သည်။ ၄င်းမြေပုံ တွင် နယ်မြေသစ်တွေ့ရှိသည့် အမေရိကကုန်းမြေကို ပထမဆုံးနာမည်ရေးထိုးဖော်ပြထားပြီး မှတ်တမ်းမှတ်ရာများလည်း ဖော်ပြထားသည်။ ၀ဲလ်ဆမ်မြူလာရေးဆွဲခဲ့သည့် အမေရိကမြေပုံ သည် မူပွာလေးစုံသာရှိသည်ဟု သိရသည်။ သို့သော်လည်း ဂျာမနီမြူးနစ်တက္ကသိုလ်မှ သုတေ သနပညာရှင်များ ယခုတွေ့ရှိသည့်မြေပုံမှာ ငါးခုမြောက်မူကွဲဖြစ်သည်ဟုဆိုသည်။ တွေ့ရှိထား သော မြေပုံသစ်ကို အချိန်ကာလဆီလျော်ခြင်းမရှိသည့် ၁၉ ရာစုခေတ်စာအုပ်တစ်အုပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
 **သဏ္ဌာန်ဆောင်ရန်သူ့တပ်စခန်းများကို အီရန်ပြည်တွင်းဖြစ်ဒုံးကျည်များဖြင့်ပစ်ခတ် လေ့ကျင့်** (တီဟီရန်၊ ဇူလိုင် ၄) အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်များ (အိုင်အာရ်ဂျီစီ)က ရန်သူ့တပ်စခန်းအတုများ ဖန်တီးပြီး ပြည်တွင်းဖြစ်ဒုံးကျည်များဖြင့်ပစ်ခတ်ကာ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၃ ရက်က စတင် ပြုလုပ်ခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ အီရန်နိုင်ငံမြောက်ပိုင်း ဆင်နန်သဲကန္တရအတွင်းမှ ရန်သူ့လေတပ်စခန်းဟုသတ်မှတ်သည့် တပ်စခန်းအတုများကို ဇူလိုင် ၃ ရက်က စစ်ရေးလေ့ကျင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းဖြစ်ဒုံးကျည်များဖြစ် သည့် ရှာဟက်၊ ထွန်ဒါ၊ ဖာတက်နှင့် ဇယ်ဇာအမျိုးအစားဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ရန် ရန်သူ့စခန်းများကို တစ်ရက်ကြိုတင်၌ ပြင်ဆင်သရုပ်ဆောင်ဖော်ထားရသည်ဆို၏။ (အင်တာနက်) 

စုစည်းဘာသာပြန်-တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)