---ငါ့ကို ချစ်ပါ ...
ငါ့ကို ချစ်ပါ ...
ဘာကြောင့်လဲဆိုမသေချာတဲ့ ကန့်သတ်မှုအတွင်းမှာ ဘ၀ကို မြည်းစမ်းဖို့ ငါ ... ကြိုးစားနေလို့ပါ။
ငါ့ကို ချစ်ပါ ...
လောင်းရိပ်အောက်က ဆုံးဖြတ်ချက်တွေနဲ့ အသိတရားတွေ ပိုင်ဆိုင်ဖို့
ငါ ... ကြိုးစားနေလို့ပါ။
ငါ့ကို ချစ်ပါ ... အေးစက် တိတ်ဆိတ်တဲ့ နာကျင်မှုတွေနဲ့ ခေါင်းရှုပ်စရာကောင်းတဲ့ အနှောင့်အယှက်တွေ ငါ ခံစားရတဲ့အခါ...။
ငါ့ကို ချစ်ပါ ..
. ကြောက်ရွံ့ပူပန်ခြင်းကင်းတဲ့
ငါ့ရဲ့စိတ်နဲ့ ငါ့ရဲ့ နှလုံးသား ခံစားချက်အတွက်ပါ။
ငါ့ကို ချစ်ပါ ...
အမှန်တရားကို ရှာဖွေရင်း
အတွေးအမြင်မှားတွေနဲ့ (ငါ) ခလုတ်တိုက်မိတဲ့အခါ။
ငါ့ကို ချစ်ပါ ...
အိပ်မက်တွေနောက်လိုက်ရင်း
တစ်ခါတစ်ရံမှာ အထင်အမြင်မှားတွေနဲ့
အသိဉာဏ် နုံနဲ့တဲ့အခါ ...။
ငါ့ကို ချစ်ပါ ...
ဇရာပိုင်းကို ချဉ်းကပ်လာတဲ့နောက်
တိုးတက်မှုတွေ ဆိတ်သုဉ်းလာပြီလို့
ငါ့ကိုယ်ငါ သိလာတဲ့အခါ ...။
ငါ့ကို ချစ်ပါ ...
ဘာကြောင့်လဲဆို
ငါနဲ့ သဟဇာတဖြစ်တဲ့ လူတွေကို ရှာဖွေရင်း
လူတွေနဲ့ ငါ ... စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ...။
ငါ့ကို ချစ်ပါ ...
ငါ့ရဲ့ခန္ဓာကို ချစ်ခြင်းမေတ္တာတွေနဲ့
မျှဝေပြီး မင်းကို နွေးထွေးစွာ လွှမ်းခြုံတဲ့အခါ ...။
ငါ့ကို ချစ်ပါ ...
ဘာကြောင့်လဲဆို ငါတို့ဟာ .
.. ခြားနားမှုတွေ များပေမဲ့ စိတ်ချင်း နီးစပ်သူတွေ ဖြစ်လို့ပါ ...။
ငါ့ကို ချစ်ပါ ...
ငါတို့ရဲ့ဘဝ ရှင်သန်မှုကို ကြင်နာမှုတွေ၊
နားလည်မှုတွေနဲ့ အတူတကွ ကုန်ဆုံးစေမှာမို့ပါ ...။
ငါ့ကို ချစ်ပါ ...
ဘာကိုမှ မျှော်လင့်လို့ မရပေမဲ့
ငါဟာ ... မင်းကို မင်းနဲ့ထပ်တူ ချစ်နေမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါ။
**မြဝတီဇော်**

No comments:
Post a Comment