ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 9, 2012

>
-လူတကာမုန်းတဲ့ ဗီလိန်-
ဝမ်းနည်းစရာမရှိပါဘူးလို့ စိတ်တင်းလည်း ကြေကွဲမှုက နှလုံးအိမ်တွင်းမှာ တဖျက်ဖျက်လက်နေဆဲ။ ငါ ဘာမှလည်း မမှားဘဲနဲ့ ဆိုကာ ဒေါသစိတ်က တနုံ့နုံ့နှိပ်စက်ကာ နာကျင်မှုမပြေနိုင်။ ဒါပေမယ့် တစ်ခုခုမှားနေတယ်။ ဘာကြောင့် ဒီအဖြစ်ကို ရေးကြီးခွင်ကျယ်လုပ်နေမိပါလိမ့်။ တခြားသူများလိုပင် လိမ္မာပါးနပ်စွာ လျစ်လျူရှုရှောင်ထွက်သင့်တာ။ ရှောင်တိမ်းခြင်း။ မဟုတ်သေးပါဘူး။ ဒီလိုစကားအသုံးအနှုန်းသုံးရအောင် ငါက ဘယ်တုန်းကမှ ပါဝင်ပက်သက်ခြင်းမရှိခဲ့ပါဘဲ။ ဒါပေမယ့် သူမရဲ့ ချစ်သူနဲ့ အပေါင်းအပါများက စကားတင်းဆိုကြတာက သူမတို့ ချစ်သူဖြစ်ခိုက်မှာ ဝင်ရောက်နှောင့်ယှက်တားဆီးကြသူများဆိုပဲ။အလိုလေး။ ကြောက်စရာကောင်းလှချည့်။ သူမက သူငယ်ချင်းတွေ ပြောသမျှနာခံတဲ့ ဆယ်ကျော်သက်မှ မဟုတ်ဘဲလေ။ အံ့သြလွန်းလို့ရယ်။ နောက်ဆုံးသိလိုက်ရသည်က ကျွန်မအပါဝင် သူမရဲ့မသူတော်သူငယ်ချင်းများရဲ့ ကြားဝင်ဖျက်ဆီးမှုကြောင့် သူမတို့ချစ်သူနှစ်ဦး ကွေကွင်းရပါသတဲ့။ ကျွန်မတို့သူငယ်ချင်းက မကောင်းမြစ်တာ ကောင်းရာညွှန်လတ် ဆရာလုပ်ရလုပ်အောင် သူမက အသိဥာဏ်တုံးကာ ဆင်ခြင်တရားမဲ့နေသူလည်း မဟုတ်ပါ။ မိန်းကလေးတွေဟာ ကိုယ်တကယ်ချစ်မိပြီဆို သူငယ်ချင်းတွေကသာမက မိဘမောင်ဘွားတွေကပါ သဘောမတူဘူးဆိုလည်း မစွန့်ပစ်နိုင်ကြဘူးမဟုတ်လား။ ဒါပေမယ့် ကြားရတဲ့သတင်းများကတော့ သူမရဲ့သူငယ်ချင်းများတွေဟာ သူမနှင့်သူကို မဆက်သွယ်ရန် အကြောင်းအမျိုးမျိုးပြကာ တားမြစ်ကြတဲ့ ဗီလိန်တွေ၊ သူ့အကြောင်း မကောင်းသတင်းများကို သူမကို ပြောဆိုကာ သူများချစ်ခြင်းကို ကိုယ်ချင်းစာတရားမဲ့ ခွဲရက်ကြသူတွေ၊ သူတို့ အတူတူ တွဲသွား တွဲလာကို မနာလို မရှုစိမ့်နဲ့ အများအမြင် မတင့်တယ်လို့ မနေသင့်ဆိုကာ ပြောဆိုကြတဲ့ သနားကြင်နာခြင်းမဲ့ ရက်စက်ယုတ်မာကြသူတွေ။ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလွန်းချည့်။ ထိုသို့ ကိုယ်ချင်းစာတရားခေါင်းပါး သူတပါးချစ်ခြင်းကို တဲ့အကြံနဲ့ ခွဲရက်ကြတဲ့ သူငယ်ချင်းများခေါင်းစဉ်အောက်မှာ ကျွန်မရောက်သွားတဲ့အခါ။ ဘယ်လိုဖြေသိမ့်ပြီး မျက်နှာလွှဲနေရမလဲ ။ တစ်ကျောင်းတည်းတက်၊ တစ်ရုံးတည်း အလုပ်ဆင်းကာ သူမအနားမှာ သူငယ်ချင်းဖြစ်နေတဲ့အတွက် ထိုမတရားစွဲချက်ကို ကျွန်မ ခံသင့်ပါရဲ့လား။ ကြားသုံးကြားမှာ ဘယ်ကြားမှာ မဝင်ခဲ့သူပါ ။ ဒီလို မဝင်လို့လည်း နင်က ငါ ဘာလုပ်လုပ်စိတ်မဝင်စားဘူး မဟုတ်လားလို့ သူမကိုယ်တိုင်ပဲ ပြောဆိုခဲ့တာ။ ဒီလိုလျစ်လျူရှုလွန်းလို့ပင် မရှုနိုင်မကယ်နိုင် သတင်းကြားမှ မယုံနိုင်ဖြစ်ရလေတာ။ အရှက်သည်းကာ နာကျင်။ ကိစ္စများမြောင်တဲ့ ကိုယ့်ဘောင်လေးအတွင်းမှာ တစ်ကိုယ်တည်းချာလည်ဆဲ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲနေခဲ့သမျှ သတင်းဆိုးကို ကြားရချိန်မှာတော့ စဉ်းငယ်မျှ နားမလည်နိုင်ခဲ့။ ပြီးတော့ ဆိုးရွားယုတ်မာသောသူငယ်ချင်းများရဲ့ အလွန်တရာရက်စက်ကြမ်းကြုတ်မှုသတင်းကလည်း ထိုမျှမကသေးပါ။ အဲဒီသူငယ်ချင်းတွေက ကောင်လေးကိုများ ကြိတ်ကြိုက်နေကြလို့ မနာလိုစိတ်နဲ့ ဝင်ဖျက်ကြတာလို့ လှောင်ဆိုသူကဆို ။ သူ့အကြောင်း မဟုတ်မမှန်တွေ ဇတ်လမ်းဆင်ပြီး ခွဲကြတာလို့ သတ်မှတ်သူက သတ်မှတ်။စိတ်မကောင်းစရာကောင်းလွန်းလှချည့်။ တော်ကြပါတော့ ။ နာကျင်လွန်းလို့ အသက်ရှုပင်ရပ်သွား။ မူလကတည်းက မြေနိမ့်ရာဖက်မှာ ရပ်မိသူမို့လည်း ကြားရတဲ့သတင်း၊မြင်ရတဲ့ စကားလုံးလှံတံများအောက်မှာ အသဲနှလုံး အစိတ်စိတ်အမွှာမွှာကြေသွား။ ဘုရား ။ ဘုရား။ သူငယ်ချင်းဖြစ်တယ်ဆိုတဲ့ ပြစ်မှုနဲ့ အခုတော့ ချစ်သူနှစ်ယောက်ဝေးခန်းမှာ လူယုတ်မာဆိုထုံးနဲ့ ဗီလိန်လုံးလုံးဖြစ်လို့နေလေတာ။ ဒါကြောင့် သူငယ်ချင်းကိုတော့ နောက်ပြောင်စိတ်တစ်ဝက်နဲ့ ပွင့်အံပေါက်ကွဲမိလေတာ။ ‘ ငါလည်း ဘာမှ မပက်သက်ဘဲနဲ့ နင့်သူငယ်ချင်းဖြစ်ရုံနဲ့ ဗီလိန်ဖြစ်ရရောလား။ နောက် နင် ငါ့အနားလာမနေနဲ့တော့’ လို့ မရည်ရွယ်ဘဲ ပြောမိတာ။ မာနကြီးသော သူမက ထိခိုက်နာကျင်သွားလေသလား။ ကျွန်မ ပြန်လည်ချော့သည့်တိုင် သူမက ခေါင်းခါ။ ဝေးနေကြတာပဲ ကောင်းပါတယ်တဲ့။ အင်း... ကောင်းပါတယ်။ သူတော်ကောင်းများရဲ့ စွပ်စွဲပြောဆိုခြင်းရန်က ဝေးသွားတာပေါ့လို့ တွေးလည်း ဝမ်းနည်းသိမ်ငယ်ဆဲ။ စော်ကားမှုတွေကို တစိမ့်စိမ့်ရေးမှတ်ကာ လမ်းခွဲတာ ကံကောင်းတာလို့ ဒေါသနဲ့တွေးလည်း နာကျင်ခြင်းဟာ စိမ့်ထွက်မပြေ။ မဟုတ်ဘူး။ ငါဟာ စွန့်ပစ်ခံရတာ မဟုတ်ဘူးလို့ မာနနဲ့ တင်းခံလည်း ကြေကွဲမကုန်နိုင်။ ယောက်ျားတစ်ယောက်ကြောင့် သူငယ်ချင်းနှစ်ယောက်ဝေးကြတာပေါ့ ဟုတ်လားလို့ တစိမ်းသူတွေက မေးတဲ့အခါ ဆွံ့အတုန်လှုပ်။ တကယ်တော့ ပျော်စရာကြီးဖြစ်သင့်တာရယ်။ ဟုတ်တယ်မဟုတ်လား။ နောက်နောင် ကိုယ်မလုပ်တဲ့ အရာအတွက် သူတပါးတွေ စွပ်စွဲပြစ်တင်ခြင်းဘေးက ကင်းလွတ်တော့မှာ။ တစ်ယောက်သည်းညည်း တစ်ယောက်မခံနိုင်တဲ့ သူငယ်ချင်းတွေ မဟုတ်လား။ ကြားလေသွေးလို့ ဝေးကြတယ်ဆိုတည်းက ကျွမ်းဝင်မှုမခိုင်မြဲလို့ပဲ မဟုတ်လား။ ဒါကြောင့် လမ်းခွဲလိုက်ခြင်းအတွက် ဘာမှ ဝမ်းနည်းစရာမလို ။ တစ်ခုလေးပါပဲ။ ဒီလိုအေးခဲနာကျည်းစွာလမ်းခွဲရလိမ့်လို့ ဘယ်တုန်းကမှ မထင်မိခဲ့။ ဘာပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ်လေ။ အဆုံးမှာတော့ လူတွေဟာ တနည်းနည်းနဲ့ လမ်းခွဲကြတာပဲ ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့် ဘယ်လိုဖြစ်ပါလိမ့်။ ငါ နင့်အနားမှာနေရင် ဘယ်လိုတွေထပ်ဖြစ်လာမယ်ဆိုတာ မသိဘူး။ အဲဒါကြောင့် အခြေအနေတွေ အနည်ကျသွားတဲ့အထိ ငါတို့က သာမန်သူငယ်ချင်းတွေလိုပဲ ဝေးဝေးနေကြတာပေါ့ ဆိုတဲ့ သူမရဲ့ ဖုန်းစာတိုလေးကို ပြန်ဖတ်တိုင်း မျက်ရည်တဖျက်ဖျက်လည်လာ။ ငါ မငိုဘူးလို့ အားတင်းရင်းမှာပင် မျက်ဝန်းစိမ့်စိုလာ။

**မယ်ကိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)