ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 8, 2012

>
- ပြည်ပထွက်ခွာစိစစ်ရေးရုံးအနီးရှိလူလိမ်ပွဲစားများ-
 ပြည်တွင်းအခွန်များဦးစီးဌာန ၀င်ငွေခွန်ဌာနခွဲပြည်ပသို့ထွက်ခွာ မည့်သူများအား စိစစ်ရေးအဖွဲ့ (ပ.ပ.ထ.ဖ) ရုံးအနီးရှိ ပွဲစားများ အနေဖြင့် ပုံစံ (၁၉) လာရောက် လျှောက်ထားသည့် မိဘပြည်သူ များထံမှအကြောင်းအမျိုးမျိုးပြ၍ ငွေသောင်းချီကာလိမ်လည်နေလျက် ရှိကြောင်း ပြည်သူများ၏ပြောပြ ချက်အရစုံစမ်းသိရှိရသည်။ ""တက္ကစီပေါ်ကဆင်းပြီး ပုံစံ (၁၉) ရုံးကို သွားဖို့ပဲရှိသေးတယ်။ ၅၀၀ ပဲပေးရမယ် ၅၀၀ ပဲပေးရ မယ်ဆိုပြီးတော့ ပွဲစားတွေ အမေ ကြီးနားကို အုံလာကြတယ်။ အမေ ကြီးကိုင်ထားတဲ့ စာရွက်စာတမ်း ဖိုင်ကို အဲဒီပွဲစားတွေထဲကတစ် ယောက်က ဆွဲလုပြီး သူ့ကို ၀န်ဆောင်ခ ၅၀၀ ပဲပေး။ အကုန် အပြီးအစီးလိုက်လုပ်ပေးမယ်လို့ပြော တယ်။ သူတောင်းတာကလည်း ၅၀၀ အမေကလည်းအသက်ကြီး လာတော့ သိပ်နားမလည်တာရယ် လည်လည်ပတ်ပတ်မရှိတာကြောင့် အဲဒီ ပွဲစားကလေးမလေးကို လုပ် ပေးဖို့အပ်လိုက်တာ အစကတော့ တောင်းတာ ၅၀၀ ပါပဲ နောက် လည်းကြရော မိတ္တူကြေးတွေရော တိုကင်ကြေးတွေရောအများကြီးပဲ ပေါင်းလိုက်တော့သောင်းဂဏန်း ကပ်နေပြီကိုယ်ကလည်းဘာမှနားမ လည်တော့ပေးလိုက်တာပေါ့။ အဲဒါ ရုံးနားမှာ ကပ်ထားတဲ့ စာတွေမှာ ကိုယ်တိုင်ဝင်လုပ်ဖို့ ပွဲစားတွေကို မယုံဖို့ဆိုပြီး ရေးထားတော့ အဲဒီရုံး က ကောင်လေးတစ်ယောက်ကို ခုနပွဲစားမတောင်းတဲ့ ငွေတွေကို ပြောပြလိုက်တယ်။ ရုံးကကောင် လေးက ပြောတယ်။ ရုံးထဲမှာ ဘာမှမပေးရဘူး။ အဲဒါအမေကြီး ကိုလိမ်လိုက်တာလို့ပြောပြီးလိုက် တောင်းပေးမှရတယ်""ဟု အသက် ၆၀ ကျော် အငြိမ်းစားကျောင်း ဆရာမကြီးတစ်ဦးမှ ပွဲစားများ၏ လိမ်လည်မှုများအားပြောကြားသွား ခဲ့သည်။ အဆိုပါပြည်ပသို့ထွက်ခွာမည့် သူများအား စိစစ်ရေးအဖွဲ့ (ပ.ပ. ထ.ဖ)ရုံးအနီးမှ ပွဲစားလူလိမ်များ အနေဖြင့် ရုံးချိန်အတွင်းပုံစံလာ ရောက်လျှောက်ထားသူများအား လိမ်လည်သည့်အပြင် နေ့လယ် ထမင်းစားချိန်ရုံးတံခါးခေတ္တပိတ် ထားသည့်အချိန်တွင်လည်းပုံစံ လျှောက်ထားရန်လာသော ပြည်သူ များအား လှည့်ဖြားကာ ရုံးမှာ ပိတ်ထားပြီဖြစ်ကြောင်း မိမိတို့ ၀င်ရောက်ဆောင်ရွက်ပေးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ရုံး အတွင်းရှိ အရာရှိများနှင့် မိမိတို့ မှာ အလွန်ပင်ရင်းနှီးကြောင်း မိမိ တို့အား ၀န်ဆောင်ခ ၅၀၀ သာပေး ရမည်ဖြစ်ကြောင်း လီဆည်ပြောဆို စည်းရုံးကာ ငွေကြေးလိမ်လည် ကြကြောင်း သိရသည်။ ပြည်ပသို့ထွက်ခွာမည့်သူများ အား စိစစ်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်ကြီးကျော်ဇေယျအားတွေ့ဆုံ ၍ ရုံးအနီးရှိ လူလိမ်ပွဲစားများနှင့် ပတ်သက်၍ ရုံးအနေဖြင့် ဖြေရှင်း ပေးနေမှုများအား မေးမြန်းခဲ့ရာ ""အဓိကကတော့ ကျွန်တော်တို့ရုံး ထမင်းစားချိန်တံခါးခဏပိတ်ထား တာကို သူတို့ကပုံစံလာလျှောက် တဲ့သူတွေကို ပြပြီးလိမ်ကြတာ အလိမ်ခံရတဲ့သူတိုင်းလိုလိုသောင်း ဂဏန်းကြီးပဲ"" အဲဒီ အလိမ်ခံရတဲ့ သူတွေက ကျွန်တော်တို့ကိုလာ တိုင်တယ် ဒီတော့ ကျွန်တော်တို့ က လိမ်တဲ့ပွဲစားကို ခေါ်ပြီး ငွေပြန် ရအောင်တောင်းပေးပါတယ်။ ဌာနအနေနဲ့လည်း ပုံစံလာလျှောက် တဲ့ပြည်သူတွေ ပွဲစားတွေကိုမယုံ ဖို့ကြော်ငြာတာတို့စာရေးပြီးအသိ ပေးထားတာတို့လိုလုပ်ထားပါတယ်"" ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။ ""ပထမ ရုံးတာဝန်ရှိသူတွေက တော့ ဒီပွဲစားတွေ လိမ်ထားတဲ့ ငွေပြန်ရအောင်ရယ် ပွဲစားတွေဒီလို မလိမ်ဖို့ခေါ်သတိပေးတာရယ်ပဲ လုပ်နိုင်မယ်လေ အမှန်တော့ မြို့ လယ်ခေါင်ကြီးမှာ အုပ်စုဖွဲ့ပြီး ပြည်သူကိုငွေသောင်းချီပြီးလိမ်နေ တာကို နယ်မြေခံရဲတပ်ဖွဲ့တွေ စည်ပင်ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီးရှင်း လင်းပစ်ရမှာ ဒီလူလိမ်တွေကလည်း ဌာနကတာဝန်ရှိသူတွေခဏခဏ ခေါ်သတိပေးနေတာကိုနားယဉ် နေပြီ ဒါကြောင့် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီးဖယ်ရှားမှပဲ ဒီလူလိမ် တွေပျောက်မယ်""ဟု လေ့လာသူ တစ်ဦးမှ လူလိမ်ပွဲစားများနှင့် ပတ်သက်၍ သုံးသပ်ပြောကြား သွားခဲ့သည်။

**ကိုခန့် (ဒဿနိက)** 
Hot News Weekly http://feeds.feedburner.com/thithtoolwin/yIWV -
- Posted By Richard Aung

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)