ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 8, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**နှစ်နှစ်သမီးလေးမျက်လုံးအတွင်း စိုက်ဝင်နေသည့် ခဲတံတစ်ချောင်း ခွဲစိတ်ဖယ်ရှားနိုင်ခဲ့**
(လန်ဒန်၊ ဇူလိုင် ၆) ဗြိတိန်နိုင်ငံတွင် နှစ်နှစ်သမီးလေးတစ်ဦး ကံနိမ့်ပါး၍ အခိုက်အသင့်သဖြင့် ခဲတံတစ်ချောင်း မျက်လုံး အိမ်အတွင်း စိုက်ဝင်သွားပြီး ဦးနှောက်ကို ဖောက်ဝင်ခဲ့သည်။ သို့သော် အဆိုပါခံတံ ကို ဆရာဝန်များက ခွဲထုတ်ဖယ်ရှားပြီးနောက် ၄င်းသမီးငယ်လေးမှာ အသက်ရှင်လျက်ရှိခဲ့ ကြောင်း အင်တာနက်သတင်းတွင် ဇူလိုင် ၅ ရက်က ဖော်ပြသည်။ စိန့်ဂျွန်မြို့တွင် နေထိုင် သည့် ၀ါရန်ဘိုဝဲလ်ဆိုသူ နှစ်နှစ်သမီးလေး တစ်ဦးသည် ဇူလိုင် ၄ ရက်ညအိပ်ရာ ၀င်ချိန် အိမ်ရာပေါ်လှဲချလိုက်ရာ ခဲတံတစ်ချောင်းပေါ် မှောက် ချမိသွားပြီး ကလေးမလေး၏ မျက်လုံးတစ်ဖက်တွင် ဖောက်ဝင်သွားခြင်းဖြစ်သည်။ ၀ါရန်လေး၏ငို ယိုယံကြောင့် မိဘများသိရှိသွားခဲ့ပြီး ဖရန့်စဟေးဆေးရုံသို့ တင်ပို့ကာ ခွဲစိတ်ဖယ်ရှားခဲ့ရခြင်းဖြစ်သည်။ ကလေးမလေးမှာ ကံကြီးလွန်း၍သာခဲတံကို ဖယ်ရှားနိုင်ခဲ့ပြီအသက် ကယ်လိုက်နိုင်ခြင်း ဖြစ် သည်ဟု ခွဲစိတ်ဆရာဝန်များက ဆိုသည်။ ၀ါရန်ဘိုဝဲလ်၏ မျက်လုံးနှင့် သီသီလေးလွတ်ကာ ခဲတံစိုက်ဝင်သွား ခဲ့ခြင်းဖြစ်ပြီး ဦးနှောက်အရှေ့ပိုင်းတွင်း ၁.၅ လက်မ အထိ ဖောက်ဝင်၍ စိုက် နေခြင်းဖြစ်သည်။ (အင်တာနက်)

**တရုတ်တွင် ကလေးမှောင်ခိုဂိုဏ်းများဖြိုခွင်း..ကလေး ၁၈၁ ယောက် ကယ်တင်နိုင်ခဲ့**
(ပေကျင်း၊ ဇူလိုင် ၆) တရုတ်ရဲတပ်ဖွဲ့သည် အဓိက ကလေးမှောင်ခိုဂိုဏ်း နှစ်ဂိုဏ်းကိုဖြိုခွင်းလိုက်ပြီး ကလေး ၁၈၁ယောက်ကို လွတ်မြောက်စေခဲ့သည်ဟု တာဝန်ရှိသူများကပြောသည်။ နိုင်ငံတစ်ဝန်း စစ်ဆင်ရေးလုပ်ဆောင်ရာတွင် မသင်္ကာသူ ၈ဝ၂ဦးကို တနင်္လာ နေ့၌ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သောကြေညာ ချက်တွင် ဖော်ပြထားသည်။ပြန်ပေးဆွဲထားသော ကလေးများကိုသားသမီးအဖြစ် မွေးစားရန်၊ အလုပ်သမားအဖြစ် ခိုင်းစေရန်နှင့် အိမ်ဖော်အဖြစ်ခိုင်းစေရန် ရောင်းချကြသည်။ တရုတ်နိုင်ငံတွင် ကလေးမှောင်ခိုလုပ်ငန်းသည် အရေးကြီးသောပြဿနာ တစ်ရပ် ဖြစ်လာလျက်ရှိသည်။ ဝေဖန်သူများက မိသားစုတစ်စုတွင် ကလေးတစ်ဦး သာယူရေးမူနှင့် လျော့တိလျော့ရဲနိုင်သောမွေးစားခြင်းဥပဒေကိုအပြစ်တင်ကြသည်။ အဆိုပါ မူဝါဒများသည် ကလေးများရောင်းဝယ်ရန်အတွက် မြေအောက် ဈေး ကွက်ကို ရှင်သန်စေသည်ဟု ဆိုကြသည်။ယောက်ျားများကို အမွေစားအမွေခံ အဖြစ် ဦးစားပေးသည့် ရိုးရာဓလေ့ကယောက်ျားလေးများအတွက် ခိုင်မာသော ဈေးကွက်ကို ဖန်တီးပေးနေသကဲ့သို့ဖြစ်သည်။ အမျိုးသမီးများနှင့် မိန်းကလေး ငယ်များကို အလုပ်သမားအဖြစ်သို့မဟုတ် ဇနီးမယားအဖြစ် မကြာခဏ ပြန်ပေးဆွဲသည်ဟု ဆိုသည်။နောက်ဆုံးပြုလုပ်သော စစ်ဆင်ရေးတွင် ဟီဆိုင်း၊ ရှန်ဒေါင်း၊ဟီးနန်၊စီချွမ်နှင့်ယူနန်ပြည်နယ်များအပါအဝင် ပြည်နယ် နှင့် ဒေသ ၁၅ခု အတွင်းရှိ မှောင်ခိုသမားများထံမှ ကလေးအမြောက်အမြားကို ကယ်တင်နိုင်ခဲ့သည်။ (အင်တာနက်)  

**တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်ရောဂါဖြစ်ပွားသူ ကမ္ဘာတစ်ဝန်း တစ်နှစ်တွင်း ၂ ဘီလီယံ ကျော်ရှိနေ** (လန်ဒန်၊ ဇူလိုင် ၆) တစ်ကမ္ဘာလုံးဆိုင်ရာ လေ့လာသုတေသနပြုချက်တစ်ရပ်အရ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက် ရောဂါများဖြစ်ပွား သူဦးရေမှာ တစ်နှစ်လျှင် လူပေါင်း ၂.၂ သန်းသေဆုံးပြီး နာဖျားမကျန်းမမာ ဖြစ်သူဦးရေမှာ ၂.၄ ဘီလီယံရှိကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ တီဘီရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါနှင့် ကြက်ငှက်တုတ်ကွေးရောဂါကဲ့ သို့သောတိရစ္ဆာန်များမှတစ်ဆင့် လူတို့ကို ကူးစက်ရောဂါ ၁၃ မျိုးခန့်ကြောင့် နာဖျားသေဆုံးသူဦးရေ ထိုမျှထိရှိကြောင်း သုတေ သနပြုချက်တွင် ဖော်ပြသည်။ ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ်ရှိ နိုင်ငံများတွင် တိရိစ္ဆာန်များမှ ကူးစက်ရောဂါကြောင့် နာမကျန်းဖြစ်သူနှင့် သေဆုံးသူဦးရေပမာဏသည် အများဆုံးဖြစ်သည်။ တိရစ္ဆာများမှ ရောဂါပိုးများ လူတို့တွင် ပထမဆုံးကူးစက်ဖြစ်ပွားသည့်အခါ သေလောက်အောင်ပြင်းထန်သည့် ဝေဒနာများခံစားရပြီး ကုသရန်ခက်ခဲကာ ဆေးဝါးခုခံခြင်းများဖြစ်ပွားသည်။ (အင်တာနက်) **

**ထိုင်းတွင်မုတ်သုံမိုးကြောင့် ရေလွှမ်းမိုးမှု ဖြစ်နိုင်** 

(ဗန်ကောက်၊ ဇူလိုင် ၆) ထိုင်းနိုင်ငံဒေသအချို့တွင် ပျံ့နှံ့သည်းထန်စွာ ရွာသွန်းနေသော မုတ်သုံမိုးကြောင့် လာမည့်ရက်အနည်းငယ်အတွင်းအန္တရာယ်ရှိသော ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာနိုင်သဖြင့် ၄င်း ဒေသများအတွင်း၌ နေထိုင်ကြသူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် ထိုင်းမိုးလေ ဝသဌာနမှ သတိပေးချက်တစ်ရပ်ထုတ်ပြန်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ထိုင်းနိုင် ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင်အင်အားကောင်းသော မုတ်သုံလေတိုက်ခတ်နေပြီး ထိုင်းပင်လယ်ကွေ့နှင့် အန်ဒမန်ပင်လယ်တို့တွင်လည်း အနောက်တောင်မုတ်သုံလေအားကောင်းနေကြောင်း၊ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ တောင်ကုန်းတောင်တန်းနှင့် မြစ်ကြောင်းများအနီးတွင် နေထိုင်သူများသည် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်ရေလွှမ်းမိုးမှုဖြစ်နိုင်ဖွယ်ရာရှိခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားရန် မိုးလေဝသဌာနက အသိပေးနှိုးဆော်ထားသည်။ (ဆင်ဟွာ) 

** လာအိုနိုင်ငံသို့ ဟီလာရီကလင်တန်သွားရောက်မည်** 
(၀ါရှင်တန်၊ ဇူလိုင် ၆) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် လာအိုနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ၄င်းသည် ၅၇နှစ်တာကာလအတွင်း လာအိုနိုင်ငံသို့ သွားရောက်သည့် ပထမဆုံးသော အမေရိကန်အထက်တန်း သံတမန်တစ်ဦး ဖြစ်ကြောင်း အမေရိကန်သတင်းဌာနများက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန် သည်။ကလင်တန်သည် ဇူလိုင် ၅ရက်တွင် ဝါရှင်တန်မှထွက်ခွာသွားကြောင်း၊ ကလင်တန်သည် သူမ၏ခရီးစဉ်အတွင်း ပြင်သစ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်သောကြေညာချက်တစ်ရပ်တွင် ဖော်ပြ သည်။ (အင်တာနက်) ** အကြမ်းဖက်သမားများအဖြစ် မသင်္ကာသူများကိုဗြိတိသျှရဲတပ်ဖွဲ့ ဖမ်းဆီး** (လန်ဒန်၊ ဇူလိုင် ၆) အကြမ်းဖက်သမားများအဖြစ် မသင်္ကာသူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဗြိတိသျှရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း လန်ဒန်တွင် ထုတ်ဝေသော သတင်းစာများက ဇူလိုင် ၆ ရက်တွင် ရေးသားဖော်ပြသည်။ဗြိတိန်နိုင်ငံ၏ ၂ဝဝဝ ပြည့်နှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရမသင်္ကာဖွယ်ရာ လူခြောက်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။အဖမ်းခံရသူများအနက် အချို့မှာ ဗြိတိန်နိုင်ငံသားများဖြစ်ကြပြီး ၄င်းတို့သည်ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ယခုဖမ်းဆီးမှုသည် မကြာမီကျင်းပတော့မည့် အိုလံပစ်အားကစားပွဲတော်နှင့်ဆက်နွှယ်မှုမရှိဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ လန်ဒန်အနောက်ပိုင်းရှိ လူနေဒေသအချို့ကို စီးနင်းရှာဖွေကာ ၄င်းတို့ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။ (ဆင်ဟွာ)

** စင်ကာပူမြေအောက်ရထားပို့ဆောင်ရေးစနစ်တိုးတက်ကောင်းမွန်ရေးစုံစမ်းရေးအဖွဲ့

တိုက်တွန်း **
(စင်ကာပူ၊ ဇူလိုင် ၆) စင်ကာပူနိုင်ငံ၏ မြေအောက်ရထားသယ်ယူပို့ဆောင်ရေးစနစ်တိုးတက် ကောင်းမွန်လာအောင် အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ မြေအောက်ရထား လုပ်ငန်းကို လုပ်ကိုင်သော ကုမ္ပဏီအနေဖြင့် အမြတ်အစွန်းရရှိရေး တစ်ခု တည်းကိုသာ မကြည့်သင့်ကြောင်း စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။စင်ကာပူနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ဒီဇင်ဘာလက မြေအောက်ရထားနှစ်စင်း ခုတ်မောင်းနေချိန်အတွင်း စက်ချွတ်ယွင်းမှု ကြောင့် ခရီးသည်ထောင်ပေါင်းများစွာမြေအောက်တွင် နာရီအတန်ကြာမျှ ပိတ်မိ နေခဲ့ရသည်။မြေအောက်ရထားလုပ်ငန်းကုမ္ပဏီသည် ၄င်း၏ ရထားကွန်ရက်စနစ်တွင် ဖြစ်ပေါ်နေသော ပြဿနာများကိုအလေးမူခြင်းမရှိကြောင်း စုံစမ်းရေး ကော်မတီက ပြောကြားသည်။ စင်ကာပူမြေအောက်ရထားလုပ်ငန်းကုမ္ပဏီသည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုထိရောက်စွာ လုပ်ကိုင်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)