ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 8, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ရုပ်ရှင်မင်းသားနဲ့ ဒါရိုက်တာကလင့်အိစ်ဝုဒ်ရဲ့ သမီး ရုပ်ရှင်မင်းသမီးဖရန့်ကာအိစ်ဝုဒ် ဇာတ်ကားသစ်ရိုက်ကူးမည်**
(လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၆) ရုပ်ရှင်မင်းသားနဲ့ ဒါရိုက်တာဖြစ်တဲ့ ကလင့်အိစ်ဝုဒ်ရဲ့ သမီးဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ဖရန့်ကာအိစ်ဝုဒ်ဟာ သူမရဲ့ ဖခင်ဖြစ်သူ ကလင့်အိစ်ဝုဒ်ရဲ့ အကူအညီမပါဘဲ ရုပ်ရှင်ကားသစ်တစ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ ဇူလိုင် ၅ ရက်က အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ရုပ်ရှင်မင်းသမီး ဖရန့်ကာအိစ်ဝုဒ်ဟာ အရင်ကရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဟာ ဖခင်ဖြစ်သူရဲ့ ကူညီမှုနဲ့ သူမတို့ မိသားစုပိုင် Mrs. Eastwood & Company က ရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီဇာတ်ကား တွေရိုက်ကူးတဲ့အခါ ဖရန့်ကာအိစ်ဝုဒ်ဟာ သူရဲ့ဖခင်ကဒါရိုက်တာတစ်ဦးအနေနဲ့ သွန်သင်ပြသခဲ့သလို တွဲဖက်သရုပ်ဆောင်အနေနဲ့ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ အခုတော့ သူမကိုယ်တိုင်ခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ကူးတော့မှာဖြစ်ပြီး အဲဒီဇာတ်ကားကတော့ Final Girl အမည်ရှိတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရုပ်ရှင်မင်းသားဘရက်လင်းနဲ့ အတူ သရုပ်ဆောင်မှာဖြစ်ပြီး ရုပ်ရှင်မင်းသမီး ဖရန့်ကာအိစ်ဝုဒ်ရဲ့ ယောက်ျားလေး မိတ်ဆွေဖြစ် တဲ့ ဓါတ်ပုံဆရာတေလာရှိတ်စ်ကလည်း ဒီဇာတ်ကားမှာ ရုပ်ရှင်ဓါတ်ပုံဖန်တီးသူအဖြစ် ပါဝင်ဆောင် ရွက်မှာဖြစ်ပါတယ်။ (အင်တာနက်)

 **ဗစ်တာမိုဆက်အား ပေါင် ၁ဝ သန်းဖြင့်ခေါ်ယူရန် ချယ်လ်ဆီးအသင့်ရှိနေ**
(လန်ဒန်၊ ဇူလိုင် ၆) လန်ဒန်မြောက်ပိုင်း အခြေစိုက်ချယ်လ်ဆီးအသင်းသည် လီဗာပူး အသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသော ဝီဂန်တိုက်စစ်မှူး ဗစ်တာ မိုဆက်အား ပေါင် ၁ဝ သန်းဖြင့် ခေါ်ယူစာချုပ်ရန် အသင့်ရှိနေကြောင်း ချယ်လ် ဆီး အသင်းနည်းပြ ရောဘတ်တိုဒီမတ်တီယိုက ပြောကြားခဲ့သည်။ ဝီဂန်တိုက်စစ်မှူး ဗစ်တာမိုဆက်ကိုအစောပိုင်းက လီဗာပူးအသင်း အနေ ဖြင့် ပေါင် ခုနစ်သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းနည်းပြ ဒီမတ်တီယိုက လီဗာပူးအသင်း၏ အရင်ခေါ်ယူရန် မျှော်လင့်ထားကြောင်းဆိုသည်။ထို့အပြင် ဒီမတ်တီယိုက ၄င်းတို့၏ အသင်းအောင်မြင်မှုကို လာမည့်ဘောလုံးရာသီတွင်လည်း ဆက်လက်စွမ်းဆောင်နိုင်ရေးအတွက် ဗစ်တာမိုဆက်အား ပေါင်၁ဝ သန်းဖြင့် တစ်ရက်နှစ်ရက်အတွင်း စာချုပ်မည်ဟုလည်း ဆိုခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ချန်ပီယံဆုဖလားများ ရရှိအောင် ခြေစွမ်းပြနိုင်ခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီတွင်လည်း ပြင်ဆင်မှု အနေဖြင့် လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများလုပ်ဆောင်နေသည့်အပြင် နောက်ထပ်ကစားသမားသစ်များ ခေါ်ယူနိုင်ရေးအတွက်လည်း ကမ်းလှမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ဒီမတ်တီယိုက ပြောကြား ခဲ့သည်။ထို့ပြင် ယူရို ၂ဝ၁၂ ပြိုင်ပွဲဝင်ရန် နိုင်ငံအသင်းသို့ သွားရောက်ကာ နိုင်ငံအသင်းအတွက် ယူရိုအောင်ပွဲရရှိရေး စွမ်းဆောင်ပေးနိုင်ခဲ့သည့် တောရက်နှင့် မာတာတို့သည်လည်း လာမည့်သီတင်းသုံးပတ်အတွင်း ပြန်လာမည်ဖြစ်ရာ လာမည့်ဘောလုံးရာသီတွင်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ဒီမတ်တီယိုကဆိုသည်။ (အင်တာနက်)  

**မျက်မမြင်များ ဘေးကင်းစွာမောင်းနှင်နိုင်သည့် မော်တော်ကားအမျိုးအစားတီထွင်ထုတ် လုပ်** (နယူးယောက်၊ ဇူလိုင် ၆) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားစက်ရုပ်နည်းပညာသုတေသနဌာနမှ ပညာရှင်များက မျက်မမြင်များ ဘေးကင်းစွာမောင်းနှင်နိုင်သည့် မော်တော်ကားအမျိုးအစားသစ်ကို စမ်းသပ်တီထွင်ထုတ်လုပ်လိုက်ကြောင်း ဇူလိုင် ၅ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါကားတွင် လေဆာရောင်ခြည်သုံး ခရီးအကွာအဝေးတိုင်းကိရိယာ၊ မော်တော်ကားမောင်းနှင်မှုနှင့် သက်ဆိုင်သော အချက်အလက်များကို အီလက်ထရွန်နစ်နည်း ပညာဖြင့် ထည့်သွင်းထားသည့် မှတ်ဉာဏ်ပြားနှင့် ဂျီပီအက်စ်စနစ် အပါအ၀င် မျက်မမြင်ယာဉ်မောင်း အတွက် အထောက်အကူပြုကိရိယာများ ထည့်သွင်းတပ်ဆင်ထား သည်။ ထို့အပြင် မျက်မမြင်များ မော်တော်ကား မောင်းနှင်စဉ်ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်သတိပေးစနစ်များ တပ်ဆင်ထးသည့်အပြင် မျက်မမြင်ယာဉ်မောင်းက ကားမောင်းနှင်နေစဉ် ကားအရှိန်ကို ကိုယ်တိုင်ထိန်းချုပ်ရန်မလိုဘဲ အလိုအလျောက် ထိန်းချုပ် ပေးသည့် စနစ်များလည်း မော်တော်ကားအတွင်း တပ်ဆင်ထားသည်။ မျက်မမြင်ယာဉ်မောင်းသည် ကားမောင်းရာတွင် လွတ်လပ်စွာမောင်းနှင်နိုင်မည်ဖြစ်ပြီး ဘေးကင်းလုံခြုံမှုဖြစ်စေရန် အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့နိုင်ပါက ယာဉ်မောင်းရှေ့တွင် ကြိုတင်သတိပေးမှုစနစ် ထည့်သွင်းတပ်ဆင်ထားသည်။ ယခုမော်တော်ကားကို ဗာဂျီးနီးယားစက်ရုပ်နည်းပညာသုတေသနဌာနမှ စက်ရုပ်နည်းပညာကိုအခြေခံပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ (အင်တာနက်) 

**လာမည့်ပရီမီယာလိဂ်ဘောလုံးပြိုင်ပွဲဂိုးစည်းနည်းပညာများ စတင်အသုံးပြုမည်** 
(ဇူးရစ်၊ ဇူလိုင် ၆) ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှစပြီး ပရီမီယာလိဂ်ပြိုင်ပွဲများတွင် ဘောလုံးဂိုးစည်းနည်းပညာ ကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဇူးရစ်မြို့၌ ဇူလိုင် ၅ ရက်က နိုင်ငံတကာဘောလုံးဘုတ် အဖွဲ့က သဘောတူညီထားသည်။ အဆိုပါ ဘောလုံးနည်းပညာသုံး ဂိုးစည်းစနစ်သည် နှစ်မျိုး ပါဝင်သည်။ ၄င်းစည်းနည်းပညာများကို လာမည့် ဒီဇင်ဘာလ ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲနှင့် ၂၀၁၃ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် စတင်အသုံးပြုလိမ့် မည်ဖြစ်ကြောင်း ဖီဖာတာဝန်ရှိသူများက ပြောကြားသည်။ ယင်းဂိုးစည်းတွင် နည်းပညာစနစ် တွင် နှစ်ဖက်ဂိုးပေါက်တို့၌ ကင်မရာခြောက်လုံးစီ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကင်မရာမှ တစ်ဆင့် ကွင်းလယ်ဒိုင်လကြီးရှိ အချက်ပြနာရီသို့ ဂိုးမဂိုးအချက်အလက်များ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ ၄င်းဂိုးစည်းနည်းပညာများသည် ဘောလုံးဂိုးစည်းအတွင်း သို့ ၀င်မ၀င်အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဘောလုံးပညာရှင်များက ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဂိုးဝင် မ၀င်အငြင်းပွား မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဖီဖာက ဂိုးစည်းနည်းပညာများ အသုံး ပြုရန် ဆုံးဖြတ်သဘောတူခဲ့ခြင်းဖြစ်သည်။ (အင်တာနက်) 

**ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ကလစ္စကို မန်ညူရယ်ချားနှင့် ယှဉ်ပြိုင်ထိုးသတ်မည်**
 (ကိယက်ဗ်၊ ဇူလိုင် ၆) အသက် ၄၀ အရွယ်ရှိ ဒဗလှူဘီစီဟဲဗီးဝိတ်ချန်ပီယံ ကလစ္စကိုသည် စက်တင်ဘာ ၈ ရက်တွင် ရုရှားနိုင်ငံမော်စကိုမြို့၌ ဂျာမနီလက်ဝှေ့သမားမန်ညူရယ်ချားနှင့် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ် လိမ့်မည်ဖြစ်သည်။ ဂျာမနီလက်ဝှေ့သမား မန်ညူရယ်သည် ရှုံးပွဲမရှိ စံချိန်တင်ထားသူဖြစ် သည်။ ယူကရိန်းလက်ဝှေ့သမား ကလစ္စကိုနှင့် မန်ညူရယ်တို့ပွဲသည် လက်ဝှေ့ဝါသနာရှင်များအတွက် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။ ကလစ္စကိုက သူ၏ အနာဂတ်နှင့် ပတ်သက်ပြီး မကြာမီ ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)