ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 30, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**သရုပ်ဆောင်မင်းသမီးလုပ်တော့ မည့် အဆိုတော်လေဒီဂါဂါ** 
အမေရိကန်ပေါ့ပ်အဆိုတော် လေဒီဂါဂါသည် လာမည့်နှစ်တွင် ဖြန့်ချိပြသ မည့် အက်ရှင်ဇာတ်ကားတစ်ကားတွင်ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။အသက် (၂၆)နှစ်ရှိ အဆိုတော်လေဒီဂါဂါသည် ဒါရိုက်တာ ရောဘတ် ရိုဒရီဂူးဇ် ရိုက်ကူးမည့် Machete Kills ဇာတ်ကားတွင် လာ ချာမီလီယွန်အမည်ရှိ အမျိုးသမီးဇာတ်ကောင်အဖြစ်သရုပ်ဆောင်ရမည်ဖြစ်သည်။ အဆိုပါ ဇာတ်ကားသည် ဒါရိုက်တာရောဘတ်၏၂ဝ၁ဝ ခုနှစ်က Machete ဇာတ်ကား ၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည်။ဒါရိုက်တာရောဘတ်က မိမိသည် Machete Kills ဇာတ်ကားအတွက်လေဒီဂါဂါနှင့်အတူ စတင်လက်တွဲလုပ် ဆောင်လျက်ရှိကြောင်း လေဒီဂါဂါ၏အဆိုပါဇာတ်ကားတွင် သရုပ်ဆောင် ရမည့် ဇာတ်ရုပ်ကို ဖော်ကျူးထားသောပိုစတာဖြင့် ၄င်း၏တွစ်တာစာမျက်နှာတွင် အတည်ပြုရေးသားဖော်ပြထားသည်။ယင်းပိုစတာတွင် လေဒီဂါဂါက မာရီလင်မွန်ရိုးဆံပင်ပုံစ ကဲ့သို့ ရွှေဝါရောင်ဆံပင်တိုတိုဖြင့် လက်ထဲတွင် မီးခိုးထွက်နေသောသေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ဝံပုလွေဖြူတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့်ပုံ ဖြင့် သရုပ်ဖော်ထားသည်။လေဒီဂါဂါကလည်း ဒါရိုက်တာရောဘတ်၏ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခြင်းဖြင့် သရုပ်ဆောင် အလုပ်ကိုစတင်တော့မည်ဖြစ်ကြောင်း၊ ယင်းအတွက် အလွန်စိတ်လှုပ်ရှားလျက်ရှိကြောင်း ၄င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ယင်းဇာတ်ကားတွင် လေဒီဂါဂါနှင့် အတူ အခြားနာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် မီလ်ဂစ်ဆင်၊ ဆိုဖီယာ ဗာဂါရာ၊ အမ်ဘာဟဒ်၊ ဂျက်ဆီကာအယ်လ်ဘာ၊ မစ်ချယ်လီရိုဒရီဂူးဇ်နှင့် ဗန်နက်ဆာဟတ်ဂျန်စ်တို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။ (အင်တာနက်)

** စာချုပ်သစ်ကမ်းလှမ်းလာမှုကိုစောင့်နေရသည့် အက်ရှ်လေကိုးလ်**
(လန်ဒန် ဇူလိုင် ၂၈) ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်းတို့၏ အားထားရသည့် ကစား သမားတစ်ဦးဖြစ်သည့် အက်ရှ်လေကိုးလ်သည် အသင်းနှင့် စာချုပ် သက်တမ်းမှာတစ်နှစ်သာ ကျန်တော့သည့်အတွက် အသင်း၏ စာချုပ်သစ်တစ်ရပ် ထပ်တိုး ချုပ်ဆိုမှုကမ်းလှမ်းလာမည့်အချိန်ကို စောင့်နေရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ချယ်လ်ဆီးအသင်း၏ ဘယ်နောက်ခံကစားသမား အက်ရှ်လေကိုးလ်သည် လက်ရှိကလပ် ချယ်လ်ဆီးအသင်းကစာချုပ်သစ်ကမ်းလှမ်းခြင်းမရှိခဲ့ပါက လာမည့်နှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် စတမ်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာ မည်ဟုလည်း အတိအလင်းပြောကြားခဲ့သည်။သို့သော် ချယ်လ်ဆီးအသင်းကမူ အက်ရှ်လေကိုးလ်၏ စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေး၍ စာချုပ်သစ် ကမ်းလှမ်းရန် မကြိုးပမ်းခြင်းသာဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်များက ပြောကြားခဲ့သည်။ချယ်လ်ဆီးနောက်တန်းကစားသမားအက်ရှ်လေကိုးလ်သည် အသင်းသို့ ရောက်ရှိချိန်မှစ၍ ချယ်လ်ဆီးအသင်းနှင့်အတူ ပရီမီယာလိဂ်၊ ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလားများကိုရရှိအောင်လည်းစွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ အသင်းက စာချုပ်သစ်ကမ်းလှမ်းမှုမရှိခဲ့သော်လည်း အခြားကလပ်အသင်းတစ်ခု ဖြစ်သည့် အာဆင်နယ်အသင်းကလည်းအသင်း၏ အားထားရသည့်ကစားသမား များဖြစ်သည့် ရော်ဘင်ဗန်ပါစီနှင့်သီယိုဝဲကော့တို့ကိုလည်း မိမိနည်းတူ စာချုပ်သစ်ကမ်းလှမ်းထားခြင်းမရှိသည်ကိုတွေ့ရှိရ၍ စိတ်ပျော်ရွှင်မှုရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ (အင်တာနက်)  

** ဟာသဇာတ်ကားသစ်တွင် တွဲဖက်သရုပ်ဆောင်မည်**
ကိုရီးယားမင်းသမီးချွဲကန်ဟီးနှင့် မင်းသားဘွန်တေဂူးကိုရီးယားမင်းသမီး ချွဲကန်ဟီးနှင့် မင်းသား ဘွန်တေဂူးတို့သည်ဟာသဇာတ်ကားကြီးတစ်ကားတွင်တွဲဖက်သရုပ်ဆောင်မည် ဖြစ်ကြောင်းသတင်းများ
တွင် ဖော်ပြသည်။၎င်းတို့၏ အေဂျင်စီ KEYEAST က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင်ထုတ်ပြန်ကြေညာရာ၌ ချွဲကန်ဟီးနှင့် ဘွန်တေဂူးတို့သည် Mina’s Stationary Shop အမည်ရှိ ဟာသဇာတ်ကား တွင် အတူတွဲဖက်သရုပ် ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ အဆိုပါ ဟာသဇာတ်ကားသည်အသက် (၃၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဖခင်ပိုင်ဆိုင်ခဲ့သည့် စာရေးကိရိယာဆိုင် အဟောင်းတစ်ခုကို ဆက်လက်လုပ်ကိုင်ရောင်းဝယ်လှုပ်ရှားပုံကို အဓိကအခြေခံရိုက်ကူးထားသည်။ ယင်းဇာတ်ကားတွင် ချွဲကန်ဟီးကဆိုင်ပိုင်ရှင် မီနာအဖြစ် သရုပ်ဆောင် သွားမည်ဖြစ်ပြီး ဘွန်တေဂူးက ရိုးသားသော ကျောင်းဆရာတစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ချွဲကန်ဟီးသည် သရုပ်ဆောင် လောကတွင် My Scary Girl၊ Goodbye Mom နှင့် Petty Romance ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ဘွန်တေဂူးသည် ၂ဝဝ၅ ခုနှစ်က When Romance Meets Destiny တွင် ပါဝင်သရုပ်ဆောင်ခဲ့သကဲ့သို့ ကေဘီအက်စ်ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော Don’t Worry, I’m a ghost ဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။ (အင်တာနက်) 
** ဘောလုံးလောကသတင်းတိုများ**
 ► စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ယခုသီတင်းပတ်အတွင်း တော့တင်ဟမ် ဟော့စပါးအသင်းမှ ကွင်းလယ်ကစားသမား လူကာမိုဒရစ်အား ကမ်းလှမ်းမှုများ ထပ်မံလုပ်ဆောင်ခဲ့ပြီး အဆိုပါ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်အား ပြောင်းရွှေ့ကြေးပေါင် ၃၃ သန်းပေးမည်ဟုလည်း ဆိုခဲ့သည်။ 
► အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူရန် လက်လျှော့ လိုက်ပြီဖြစ်သည့် အာဆင်နယ်အသင်းတိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအား မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့က အင်္ဂလန်မြေ၌ ဆက်ရှိရေး အပြိုင် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ 
► မန်စီးတီးအသင်းမှ ယခုနှစ်နွေရာသီတွင် ကျူပီအာအသင်းသို့ ပြောင်းရွှေ့ သွားခဲ့သော ကွင်းလယ်ကစားသမား အိုဝင်ဟားဂရေ့သည်ဒဏ်ရာမှ ပြန်လည် သက်သာလာ၍ ကျူပီအာအသင်းနှင့်အတူ လေ့ကျင့်ရေးကွင်း၌ ပြန်၍ ကစားနေပြီဖြစ်ကြောင်း အသင်းတာဝန်ရှိသူများက ဆိုသည်။ 
► ဝက်စ်ဟမ်းအသင်းနည်းပြ အယ်လာဒီစီသည် လာမည့် ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီတွင် အသင်းအောင်မြင်မှုရရှိရေး ကစားသမားခေါ်ယူရန် အတွက် ပေါ်တိုအသင်းမှ နောက်တန်းကစားသမား အက်ဘ်ဒူလာရီဘာအား မျက်စိကျနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 
► လီဗာပူး၊ အာဆင်နယ်နှင့် လိုင်ယွန်အသင်းတို့သည် ပြင်သစ်ကလပ်ပီအက်စ်ဂျီ အသင်းမှ အားထားရသည့် နောက်တန်းကစားသမား မာမာဒူဆက်ခိုအား ခေါ်ယူစာချုပ်နိုင်ရေး အပြိုင်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ► မာလာဂါအသင်းနည်းပြ ပယ်လီဂရီသည် မာလာဂါအသင်း၏ အရေးပါသော ကစားသမားတစ်ဦးဖြစ်သည့် ကာဇိုလာအား အာဆင်နယ်အသင်းက ပြောင်းရွှေ့ ကြေးပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းထားခြင်းကြောင့် ကာဇိုလာအား ဆုံးရှုံးရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။
► စပါးအသင်းနည်းပြ အန်ဒရီဗီလာဘိုအာ့စ်က စပါးအသင်းကစားသမားများသည် ချယ်လ်ဆီး ကစားသမားများထက်စော၍ လေ့ကျင့်ကစားခဲ့ခြင်းကြောင့် ပြီးခဲ့ သည့်နှစ်က ဆုဖလားများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ချယ်လ်ဆီးအသင်း ထက်စပါးအသင်းအောင်မြင်မှုရရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 
► အဲဗာတန်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့သည် အင်တာမီလန်ကြယ်ပွင့် ကက်စ်တိုင်နော့စ်အား ပစ်မှတ်ထားနေသော်လည်း င်္ဃွှတနညအန က ပေါင် ၄ ဒသမ ၇ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည့်အတွက် အဲဗာတန်နှင့် ဝက်စ်ဟမ်းတို့၏ စာချုပ်ချုပ်ဆိုခေါ်ယူမည်ဆိုသော အင်တာမီလန်ကစားသမား ကက်စ်တိုင်နော့စ်အား လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)