-လူထုကျန်းမာရေး(တစ်နေ့ ပန်းသီးနှစ်လုံးစားခြင်းဖြင့်အမျိုးသမီးများ နှလုံးရောဂါကို ကာကွယ်နိုင်)-
**Public Health**တစ်နေ့လျှင် ပန်းသီးနှစ်လုံးစားခြင်းသည် အမျိုးသမီးများ၏ ကိုလက်စထရောပါဝင်မှုကို လျော့ပါးစေနိုင်ပြီးနှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်ဟု လေ့လာမှုတစ်ခုက ဖော်ပြသည်။ပန်းသီးသည် သွေးဆုံးချိန်(ဓမ္မတာ) ပြီးဆုံးသွားပြီး သော အမျိုးသမီးများတွင် ဖြစ်ပေါ်သည့် သွေးအဆီများအား သိသာထင်ရှားစွာ လျော့နည်းစေသည်ကိုသုတေသနပညာရှင်များက တွေ့ရှိခဲ့ကြသည်။ ထို အမျိုးသမီးများသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်ခြေအများဆုံးရှိသည့် အုပ်စုဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ပန်းသီးများကို နေ့စဉ်သတ်မှတ်ထားသည့် နှုန်းအတိုင်း ခြောက်လကြာ စားသုံးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောကို လေးပုံတစ်ပုံခန့် သိသာစွာ လျော့ကျစေသည်။ သိပ်သည်းဆ လျော့နည်းသည့် လိုင်ပိုပရိုတင်းဟုခေါ်သည့် အဆီနှင့် ပရိုတင်းပေါင်းစပ်ထားသော ပစ္စည်း(သို့)ဆိုးရွားသည့် ကိုလက်စထရောများကို ကြီးမားစွာ လျော့ကျစေခြင်းဖြစ်သည်။ ယင်းလိုင်ပိုပရိုတင်းသည် သွေးလွှတ်ကြောများ၏ နံရံကို ချိုးတက်လာသကဲ့သို့ထူလာသည်။ သွေးလွှတ်ကြောများ ယင်းသို့ နံရံထူလာခြင်း ကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် နှလုံးနှင့်ဦးနှောက်အနီးတွင် သွေးခဲမှုကို ပိုမိုဖြစ်ပွားစေနိုင်သည်။ယခင်လေ့လာတွေ့ရှိချက်ဖြစ်သည့် ပန်းသီးစားသုံးခြင်းသည် နှလုံးအတွက် ကောင်းမွန်စေသည်ဆိုသော တွေ့ရှိချက်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါတက္ကသိုလ်မှသုတေသီများကထပ်ဆင့်ထောက်ခံသော နောက်ဆုံးလေ့လာတွေ့ရှိချက်ဖြစ်သည်။ (အင်တာနက်) ဘာသာပြန် - မောင်ဇော်

No comments:
Post a Comment