ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 5, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ- 

**ကမ္ဘာ့အရှည်ဆုံး ကြိုးတံတားရုရှားနိုင်ငံ၌ ဖွင့်လှစ်** 
(မော်စကို၊ ဇူလိုင် ၃) ကမ္ဘာပေါ်တွင် အရှည်လျားဆုံးကေဘယ်လ်ကြိုးတံတားကိုရုရှားနိုင်ငံအရှေ့ဖျားဒေသ၌ ဇူလိုင် ၂ ရက်တွင် ဖွင့်လှစ်လိုက်သည်။ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှ ရပ်စကေးကျွန်းသို့ ဆက်သွယ်ထားသော ကေဘယ်လ်ကြိုးတံတားမှာ ၁၁ဝ၄ မီတာ(၃၆၂၂ ပေ) အရှည်ရှိသည်။ရုရှားနိုင်ငံ၌ စက်တင်ဘာလအတွင်း အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အေပက်)ထိပ်သီးညီလာခံ အတွက် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေချိန်တွင် အဆိုပါ ကြိုးတံတားကို ဖွင့်လှစ်ခြင်းဖြစ်သည်။ ကမ္ဘာ့အရှည်ဆုံး ကေဘယ်လ်ကြိုးတံတားကို ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီမက်ဗီဒက်ဗ်က ဖွင့်လှစ်ပေးခဲ့သည်။ရုရှားအစိုးရအဖွဲ့သည် ဝေးလံသီခေါင်သော အရှေ့ဖျားဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပြုလုပ်လျက်ရှိသည်။ ရုရှားအရှေ့ဖျားဒေသရှိ ဗလာဒီဗော့ စတော့မြို့နှင့် ယင်းမြို့၏ကမ်းလွန်ရှိ ရပ်စကေးကျွန်းတို့ကို ဆက်သွယ်သောကြိုးတံတားသည် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများအနက် စီမံကိန်းတစ်ရပ်ဖြစ်သည်။ယခုနှစ်၏ အေပက်ထိပ်သီး အစည်းအဝေးကို ရပ်စကေးကျွန်း၌ ကျင်းပမည်ဖြစ်သည်။အဆိုပါကျွန်းတွင် အရှေ့ဖျားဒေသ ဖက်ဒရယ်တက္ကသိုလ် ကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်ထားသည်။ (အင်တာနက်)

**စက်ရုပ်နည်းပညာတိုးတက်ဖွံ့ဖြိုးရေး နီပေါနိုင်ငံတွင် စက်ရုပ်စွမ်းရည်များပြပွဲကျင်းပ**
(ခတ္တမန္ဒူ၊ ဇူလိုင် ၃) အနာဂတ်ကာလတွင် စက်ရုပ်နည်းပညာများကို တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ဇူလိုင် ၃ ရက်က စက်ရုပ်စွမ်းရည်ပြိုင်ပွဲကျင်းပကြောင်း ယင်းစက်ရုပ်စွမ်းရည် ပြပွဲသို့ စက်ရုပ်ပေါင်း ၁၂ ရုပ် ပါဝင်ယှဉ်ပြိုင်ကြကြောင်း ဇူလိုင် ၃ ရက်တွင် အင်တာနက် သတင်း၌ ဖော်ပြသည်။ နီပေါနိုင်ငံတွင် ၂၀၀၄ ခုနှစ်ကတည်းက အဆိုပါ စက်ရုပ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ်စက်ရုပ်စွမ်းရည်ပြိုင်ပွဲသို့ နီပေါအိမ်နီးချင်းနိုင်ငံများမှ ပညာရှင်များ၏ စက်ရုပ်များလည်း ပါဝင်ဆင်နွှဲကြသည်။ အဆိုပါပြိုင်ပွဲသို့ အင်ဂျင်နီယာ ကျောင်းသားနှင့် စက်မှုအင်ဂျင်နီယာများက တီထွင်ပြုလုပ်ထားသော စက်ရုပ် ၁၂ ရုပ် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၄င်းစက်ရုပ်ပြိုင်ပွဲကို နီပေါနိုင်ငံရှိ ပူလ်ချက်အင်ဂျင်နီယာအသင်းက ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုစက်ရုပ်ပြိုင်ပွဲသို့ ၀င်ရောက်ဆင်နွှဲသည့် စက်ရုပ်များမှာ ဒီဇိုင်းနှင့်အရွယ်အစား မတူညီသော ထူးခြားသောစက်ရုပ်စွမ်းရည်များကို ပြသခဲ့ကြောင်း၊ နီပေါနိုင်ငံမှ အင်ဂျင်နီယာကျောင်းသားများက လာမည့်နှစ်များ၌ နည်းပညာအသစ်များဖြင့် စက်ရုပ်အသစ်များထုတ်လုပ်မည်ဟု ပြောကြားသည်။ (အင်တာနက်)  

**အိုလံပစ်ပွဲတော်ဆုတံဆိပ်များကိုလန်ဒန်မျှော်စင်၌ သော့ခတ်သိမ်းဆည်း** 
(လန်ဒန်၊ ဇူလိုင် ၃) ဗြိတိန်မင်းဆက် ဧကရာဇ်ဘုရင်များ အသုံးပြုခဲ့သည့် ရတနာသရဖူများအား လက်နက်ကိုင်အစောင့်အကြပ်များဖြင့် သိမ်းဆည်းထားရာ လန်ဒန်မျှော်စင်အဆောက်အအုံ၏ မြေအောက်ခန်းတစ်ခန်း၌ ၂ဝ၁၂ အိုလံပစ်ပွဲတော် ဆုတံဆိပ် များကို ဇူလိုင် ၂ ရက်မှစ၍ သော့ခတ်သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။လန်ဒန်မြို့တော်တွင် ဇူလိုင် ၂၇ ရက်မှစ၍ ဖွင့်လှစ်ကျင်းပ မည့် ၂ဝ၁၂ ကမ္ဘာ့အိုလံပစ်ပွဲတော်အတွင်း အနိုင်ရရှိသူ အားကစားသမားများကို ဆုပေးအပ်ချီးမြှင့်မည့်ကာလထိတိုင် ရွှေ၊ ငွေ၊ ကြေးတံဆိပ် စုစုပေါင်း ၄၇ဝဝ အား လန်ဒန်မျှော်စင် အဆောက်အအုံ၌ သိမ်းဆည်းထားမည်ဖြစ်ကြောင်း သိရသည်။ လန်ဒန်အိုလံပစ်၏ ပထမဆုံးဆုတံဆိပ်များကို ဇူလိုင် ၂၇ ရက်တွင် စတင်ကျင်းပမည့် အမျိုးသမီး ၁ဝ မီတာ လေ သေနတ်ပစ်ပြိုင်ပွဲ (ရိုင်ဖယ်)နှင့် အမျိုးသား ၁ဝ မီတာ လေ သေနတ်ပစ်ပြိုင်ပွဲ (ပစ္စတို)တို့၌ အနိုင်ရရှိသူများအား ပေးအပ် ချီးမြှင့်မည်ဖြစ်သည်။အိုလံပစ်ပွဲတော် ရွှေတံဆိပ်များကို ရွှေသားစစ်စစ်ဖြင့် သွန်းလောင်းထားခြင်းမဟုတ်ဘဲ ငွေသား ၉၂ ဒသမ ၅ ရာခိုင် နှုန်းကို ရွှေသားနှင့် ကြေးသတ္တုတို့ဖြင့် ရောစပ်သွန်းလောင်း ထားခြင်းဖြစ်သည်။ ဆုတံဆိပ်များသိမ်းဆည်းရာ လန်ဒန် မျှော်စင် အဆောက်အအုံသည် လန်ဒန်အရှေ့ပိုင်းရှိ ၁၁ ရာစု လက်ရာ သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ (အေအက်ဖ်ပီ) 

**အမေရိကန်အရှေ့ပိုင်း၌မုန်တိုင်းတိုက်ခတ်သေဆုံးသူ ၂၂ ဦး ရှိ **
 (၀ါရှင်တန်၊ ဇူလိုင် ၃) အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းဒေသများတွင် မုန်တိုင်းများတိုက်ခတ်မှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးပြီး ပြည်သူတစ်သန်းကျော် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း ဇူလိုင် ၃ ရက်သတင်းတွင် ဖော်ပြသည်။ဇူလိုင် ၂ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်နှင့်နယူး ဂျာစီပြည်နယ်တွင်သာမက အီလီနွိုက်ပြည်နယ်များ အထိ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်ကြရသည်။မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယားနှင့် အိုဟိုင်းယိုးပြည်နယ်များအပါအဝင် ပြည်နယ်များစွာတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။မေရီလန်းပြည်နယ်တွင် လေပြင်းတိုက်ခတ်ခံရ၍သစ်ပင်တစ်ပင် ကားပေါ်လဲကျရာမှ လူတစ်ဦးသေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ လေမုန်တိုင်းဒဏ် ခံစားရ၍ ဗာဂျီးနီးယားပြည်နယ်တွင် အဘွားအိုတစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးကြောင်း၊ နယူးဂျာစီပြည်နယ်တွင် နေထိုင်သော ဝမ်းကွဲမောင်နှမနှစ်ဦး၏ တဲပေါ်သို့ သစ်ပင်လဲကျရာမှ သစ်ပင်ပိကာ နှစ်ဦးစလုံးသေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြသည်။ အဆိုပါမုန်တိုင်း များသည် အပူချိန်မြင့်တက်မှု ပြင်းထန်ခြင်းနှင့် ဆက်နွှယ်နေသော မုန်တိုင်းဖြစ်သည်ဟုသိရသည်။ (အင်တာနက်) 

**ပါရှန်ပင်လယ်ကွေ့ဒေသ၌ စစ်အင်အားဖြည့်တင်းမှုများ အမေရိကန်ပြည်ထောင်စု လုပ်ဆောင်** (၀ါရှင်တန်၊ ဇူလိုင် ၃) အမေရိကန်ရေတပ်သည် ပါရှန်ပင်လယ်ကွေ့ရေပြင်အတွင်းရှိ မိုင်းရှင်းသင်္ဘောအရေအတွက်ကို နှစ်ဆတိုးကာရှစ်စင်းအထိ ဖြန့်ကြက်ထားကြောင်း နယူးယောက် တိုင်းမ်သတင်းစာ၏ အဆိုအရသိရသည်။ယင်းအပြင် လက်ရှိဖြန့်ကြက်ထားပြီးဖြစ်သော လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေး အုပ်စုများကို အင်အားဖြည့်တင်းပေးသည့်အနေဖြင့် ပင်လယ်ကွေ့ဒေသတွင်းရှိ အခြေစိုက်စခန်းများ သို့ ရေဒါထောက်လှမ်းမှု ရှောင်ကွင်းနိုင်သည့် အက်ဖ်၂၂ တိုက် လေယာဉ်များနှင့် အက်ဖ် ၁၅-စီ တိုက်လေယာဉ်များအား ထပ်မံ စေလွှတ်ဖြန့်ကြက်ထားကြောင်းလည်း သိရသည်။အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို စစ်ရေးနည်းလမ်းဖြင့် ဟန့်တားမည်ဆိုပါက ပါရှန်ပင်လယ်ကွေ့ ဝင်ပေါက် ဖြစ်သော ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့မည်ဖြစ်ကြောင်း အီရန်နိုင်ငံက ခြိမ်းခြောက်ထားသည်။အရပ်ဘက်သုံး ယူရေနီယမ်သန့်စင်ရေး အစီအစဉ်ကို ဗန်းပြ၍ အီရန်သည် နျူကလီးယားလက်နက်တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း အနောက်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့က စွပ်စွဲထားသည်။ သို့ရာတွင် ယင်းစွပ်စွဲချက်ကို အီရန်နိုင်ငံက ပယ်ချခဲ့သည်။ပင်လယ်ကွေ့ဒေသ၌ စစ်အင်အားတိုးမြှင့်ထားခြင်းသည်ပင်လယ်ကွေ့ဒေသ၌ စစ်အင်အားတိုးမြှင့်ထားခြင်းသည်ကမ္ဘာ့ရေနံသယ်ပို့မှုအတွက် အရေးပါသော မဟာဗျူဟာရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ရေးကို မစဉ်းစားရန် အီရန်နိုင်ငံအား သတိပေးခြင်းဖြစ်ကြောင်း အမေရိကန်ထိပ်တန်းတာဝန်ရှိသူတစ်ဦး၏အဆိုကို ကိုးကား၍ နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ (အေအက်ဖ်ပီ) 

 **ဘဏ္ဍာရေးအခက်အခဲကြောင့် ဝန်ထမ်းများအား ပါလက်စတိုင်းအစိုးရ လစာမပေးနိုင်သေး** (ရာမာလာ၊ ဇူလိုင် ၃) အနောက်ဘက်ကမ်းဒေသ၌ ဖြစ်ပေါ်နေသော ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအလုပ်သမားများကို လုပ်ခ လစာပေးချေနိုင်သေးခြင်းမရှိကြောင်း ပါလက်စတိုင်း အာဏာ ပိုင်အဖွဲ့က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။ အနောက်ဘက်ကမ်းဒေသ၌ ယခုကြုံတွေ့နေရသော ဘဏ္ဍာရေးအကျပ်အတည်းသည် သုံးနှစ်တာကာလအတွင်း အဆိုးရွားဆုံးအကျပ်အတည်းဖြစ်ကြောင်း၊ ပါလက်စတိုင်းအစိုးရ အဖွဲ့အနေဖြင့် ယင်းအကျပ်အတည်းကို ဖြေရှင်းနိုင်ပါက လစာ ငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပါလက်စတိုင်းအာဏာ ပိုင်အဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ ပါလက်စတိုင်းဒေသ၏စီးပွားရေးသည် ပြည်ပနိုင်ငံများ၏ ဘဏ္ဍာရေးအကူအညီများအပေါ် အဓိကမှီခိုနေရသည်။ ပြည်ပအလှူရှင်နိုင်ငံများသည် ၁၉၉၃ ခုနှစ်မှ စ၍ ပါလက် စတိုင်းဒေသသို့ ငွေကြေးအရ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း တစ်ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေးပြဿနာကြောင့် အလှူရှင်နိုင်ငံအများ အပြားမှာ ယင်းဒေသသို့ ငွေကြေးထောက်ပံ့မှုများ ရပ်ဆိုင်း ခဲ့သည်။ပါလက်စတိုင်းများအနေဖြင့် ¤င်းတို့၏ စီးပွားရေးကဏ္ဍ များကို ပိုမိုမြှင့်တင်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးမှုကို အထောက် အကူပြုနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ဆွဲဆောင်သွားရန် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ကတိုက်တွန်းထားသည်။ အတိတ်ကာလကလည်း ဘဏ္ဍာရေးအခက်အခဲများ ကြောင့် ပါလက်စတိုင်းအစိုးရသည် အလုပ်သမားဝန်ထမ်းများ ကို လစာပေးချေရန် ကြန့်ကြာခဲ့ရသည့် အဖြစ်မျိုးများ ပေါ်ပေါက် ခဲ့ဖူးသည်။ (အေပီ) 

 **လန်ဒန်အိုလံပစ်ပွဲတော်အတွက် အိုင်ဖုန်းဘာသာပြန်ဆော့ဖ်ဝဲ ဖြန့်ချိ**
(လန်ဒန်၊ ဇူလိုင်၊ ၃) ဗြိတိန်နိုင်ငံ၌ ယခုလအတွင်း ကျင်းပမည့် လန်ဒန်အိုလံပစ်အားကစားပွဲတော် ဘာသာပြန် ဆော့ဖ်ဝဲတစ်မျိုးကို အမေရိကန်နိုင်ငံရှိ အက်ပဲလ်ကုမ္ပဏီက ဖြန့်ချိလိုက်ပြီဖြစ်သည်။ စမတ်ဖုန်းအမျိုးအစားဖြစ်သော အိုင်ဖုန်း(iphone)ဖြင့် ဘာသာပြန်ဆိုပေးနိုင်သော ဆော့ဖ်ဝဲကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတွင် ထုတ်ဝေသော သတင်းစာများက ရေးသားဖော်ပြကြသည်။အိုင်ဖုန်းဖြင့် အင်တာနက်ကို အသုံးပြုနိုင်သည့်အပြင် အရုပ်၊ အသံ၊ စာသားများဖြင့်ပါသတင်းပေးပို့နိုင်သည်။Voice Tra-4U-M အမည်ပေးထားသော ကွန်ပျူတာဆော့ဖ်ဝဲသည် ဘာသာစကား၁၃ မျိုးအတွက် ဘာသာပြန်ဆိုပေးနိုင်ရန် တည်ဆောက်ထားသည်။ ဇူလိုင် ၂၇ ရက်မှသြဂုတ် ၁၂ ရက်အထိ ကျင်းပမည့် လန်ဒန်အိုလံပစ်အားကစားပွဲတော်အမီ အဆိုပါကွန်ပျူတာဆော့ဖ်ဝဲကို ဖြန့်ချိလျက်ရှိကြောင်း၊ အိုလံပစ်ပွဲတော်ကာလအတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူသန်းပေါင်းများစွာက ဘာသာပြန်ဆော့ဖ်ဝဲ ထည့်သွင်းထားသော အိုင်ဖုန်းမှ တစ်ဆင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုနိုင်ကြမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ အမေရိကန်နိုင်ငံ၌ ပထမမျိုးဆက် အိုင်ဖုန်းကို ၂ဝဝ၇ ခုနှစ်တွင် စတင်ထုတ် ဝေခဲ့ပြီး ပÍ္စမမျိုးဆက် အိုင်ဖုန်း ကို ၂ဝ၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ အိုင်ဖုန်းကို ဗီဒီယိုကင်မရာအဖြစ်လည်းကောင်း၊ ကင်မရာဖုန်းအဖြစ်လည်း ကောင်း၊ အလွယ်တကူသယ်ယူနိုင်သော မီဒီယာပလေယာအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)