ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, July 5, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**တရုတ်ရုပ်ရှင်မင်းသမီး ဂေါင်လီဟောလိဝုဒ်၌ ဇာတ်ကားသစ်ရိုက်ကူးမည်**

(ပေကျင်း၊ ဇူလိုင် ၃) တရုတ်ရုပ်ရှင်မင်းသမီး ဂေါင်လီရဲ့ရုပ်ရှင်ကားသစ်တစ်ကား လာမယ့်စက်တင်ဘာလမှာ စတင်ရိုက် ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးလ်ဘတ်က ရိုက်ကူးမှာဖြစ်ပါတယ်။ Memoris of a Geisha လို့အမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်ကားမှာ ရုပ်ရှင်ကားမှာ ရုပ်ရှင်မင်းသမီး ဂေါင်လီနဲ့အတူ တရုတ်ရုပ်ရှင်မင်းသမီး ကျန်ဇီယီလည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးဂေါင်လီဟာ ၂၀၁၁ ခုနှစ်က What Women Want ဇာတ်ကားရိုက်ကူးပြီးကတည်းက ရုပ်ရှင်ကားရိုက်ကူးမှု ခေတ္တရပ်နားထားသူဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးဂေါင်လီဟာပြီးခဲ့တဲ့မေလက သူ့ရဲ့ ခင်ပွန်းဖြစ်သူ စင်ကာပူစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အိုရီဟိုနဲ့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ ပါတယ်။ အခုအချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးမှုတွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဟောလိဝုဒ်မှာလည်း အောင်မြင်မှုရရှိတဲ့ တရုတ်ရုပ်ရှင်မင်းသမီး ဂေါင်လီဟာ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့လည်း အစီအစဉ်ရှိနေပြီး တရုတ်ရာဇ၀င်ကားတစ်ကား မကြာခင်မှာ ရိုက်ကူးဖို့လည်း ရှိနေပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် လှပနေဆဲဖြစ်တဲ့ ရုပ်ရှင်မင်းသမီးဂေါင်လီရဲ့ ၂၀၁၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Shenghai အမည်ရှိ ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေနှစ်ခြိုက်ပြီး အောင်မြင် မှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ (အင်တာနက်)

 **ယူရို ၂၀၁၂ ဘောလုံးပွဲတွင် တောရက်စ် ရွှေဖိနပ်ဆုဆွတ်ခူး**
(ကိယက်ဗ်၊ ဇူလိုင် ၃) ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲပြီးစီးခဲ့ပြီဖြစ်ရာ ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်သည့် ရွှေဖိနပ်ဆုကို စပိန်တိုက်စစ်မှူး တောရက်စ်က သုံးဂိုးသွင်းယူကာ ဆွတ်ခူးရရှိခဲ့ကြောင်း ဥရောပဘော လုံးအဖွဲ့ချုပ်က ဇူလိုင် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ တောရက်စ်သည် အီတလီနှင့် ကစားသော နောက်ဆုံးဗိုလ်လုပွဲ၌ တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် ကစားသမား ဖော် မာတာကိုလည်း ဂိုးရရှိအောင် ဖန်တီးပေးနိုင်ခဲ့သည်။

ထို့အပြင် စပိန်အသင်း နိုင်ပွဲများရရှိ စေရေး စွမ်းဆောင်ပေးနိုင်ခဲ့သည်။ အခြား သုံးဂိုးသွင်းယူခဲ့သော တိုက်စစ်မှူးများမှာ ဂျာမနီတိုက်စစ်မှူး ဂိုမက်ဇ်၊ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ၊ ရုရှားတိုက်စစ်မှူး အလန်ဒီ ဇာဂေါ့ဗ်၊ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်၊ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုတို့ ဖြစ်ကြသည်။ (အင်တာနက်)

**ပေါ်တူဂီကြယ်ပွင့် မော်တင်ဟိုအား ခေါ်ယူရန် မန်ယူနီးစပ်လာ**
 (မန်ချက်စတာ၊ ဇူလိုင် ၃) ပြီးခဲ့သည့် ဘောလုံးရာသီကဆုဖလားများနှင့် လွဲခဲ့ရသည့် နည်းပြ ဖာဂူဆန်ကိုင်တွယ်သော မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီမစတင်မီ ပေါ်တူဂီကြယ်ပွင့် ဂျာအိုမော်တင်ဟိုအား ခေါ်ယူမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် အားကစားသတင်းဌာနများက သတင်းဖော်ပြသည်။ မန်ယူအသင်းသည် ရာသီမစတင်မီအသင်း၏ ပြင်ဆင်မှုများနှင့်အတူ ကစား သမားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ရာစပါးကွင်းလယ်ကစားသမား လူကာ မိုဒရစ်အားခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း စပါးအသင်း၏ ဈေးနှုန်း မြင့်မားစွာ တောင်းဆိုမှုကြောင့်မော်တင်ဟိုကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် ခြေဦးလှည့်လာခဲ့သည်။စပါးအသင်းမှ ခရိုအေးရှားကွင်းလယ် ကစားသမား လူကာမိုဒရစ်သည် နည်းပြဆာအဲလက်စ်ဖာဂူဆန်၏ နံပါတ်တစ် ပစ်မှတ်ထားနေသော ကစားသမားဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မိုဒရစ်အားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းမှ သန်း ၃ဝ အထိ ပေးရန် မန်ယူအသင်းပြင်ဆင်ခဲ့သည်။ သို့သော် မိုဒရစ်၏ ပြောင်းရွှေ့ ကြေးကို စပါးအသင်းက ပေါင်သန်း၎ဝ သတ်မှတ်ခဲ့၍ မန်ယူအသင်းက ခေါ်ယူတော့မည်မဟုတ်ပေ။ထို့ကြောင့် မန်ယူအသင်းသည် အသက်(၂၅)နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမား ဂျာအိုမော် တင်ဟိုအား ပစ်မှတ်ထားလာခဲ့ရာမော်တင်ဟို မန်ယူသို့ ရောက်ရှိခဲ့ပါက အိုးထရက်ဖို့ဒ်သို့ ရောက်ရှိခဲ့သည့်ပေါ်တူဂီမှ အောင်မြင်မှုရ ကစားသမား များဖြစ်သည့် ခရစ္စတီယာနိုရိုနယ်ဒိုနှင့်နာနီတို့၏နောက်တွင် မော်တင်ဟို ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဖာဂူဆန်ကသုံးသပ်ခဲ့သည်။ မော်တင်ဟိုအနေဖြင့် လည်း မန်ယူအသင်းသို့ သွားရောက်ကစားရန် ပြင်ဆင်မှုများ ပြုလုပ်နေ ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ (အင်တာနက်)
  **The Amazing Spider-Men ဇာတ်ကားအိန္ဒိယ၊ ဂျပန်နှင့်တောင်ကိုရီးယားတို့၌ ရုံဝင်ငွေကောင်းခဲ့** (မွမ်ဘိုင်း၊ ဇူလိုင် ၃) The Amazing Spider-Man ရုပ်ရှင်ကားကို အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသလျက်ရှိရာ ရုံဝင်ငွေအများအပြားရရှိခဲ့တယ်လို့ အိန္ဒိယရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတွေက ဇူလိုင် ၃ ရက်မှာ ထုတ်ဖော်ပြောကြားပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်ကားဖြစ်တဲ့ အဲ့ဒီဇာတ်ကားကို အိန္ဒိယ၊ တောင်ကိုရီး ယားနဲ့ ဂျပန်နိုင်ငံတွေအပါအ၀င် အခြားအာရှနိုင်ငံတွေမှာလည်း ပြီးခဲ့တဲ့သီတင်းပတ်က ရုံတင်ပြသ ခဲ့တဲ့အခါ စုစုပေါင်းရုံဝင်ငွေဟာ ပထမဆုံး သီတင်းပတ်အတွင်း မှာ အမေရိကန်ဒေါ်လာ ၅၀.၂ သန်းရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာတစ်ဝန်းမှာ ပရိသတ်အများအပြားအားပေးခံရတဲ့ ရုပ်ရှင်ကားဖြစ်တာမို့ အိန္ဒိယနိုင်ငံမှာလည်း ပရိသတ်တွေအများအပြားအားပေးကြည့် ရှုကြတယ်လို့ ဆိုပါတယ်။ ရုံဝင်ငွေအမေရိကန်ဒေါ်လာ ၅၀.၂၁ သန်းဟာ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင် ငံတွေက အများဆုံးရရှိတာဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာ ဟောလိဝုဒ်ဇာတ်ကားသစ်နှစ်ကားဖြစ်တဲ့ The Amazing Spider-Men နဲ့ The Avengers တို့ အပြိုင်ပြသခဲ့တဲ့အခါ The Amazing Spider-Men ဇာတ်ကားက ၀င်ငွေအကောင်းဆုံးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်ကားတွေပြသတဲ့ ရုံဝင်ငွေစံချိန်ထဲမှာလည်း အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ (အင်တာနက်) 

**စပါးနည်းပြအဖြစ် အန်ဒရီဗီလာဘိုအာ့စ်အား ခန့်အပ်တော့မည်**
 (လန်ဒန်၊ ဇူလိုင် ၃) နည်းပြဟယ်ရီရက်နက်နုတ်ထွက်သွားပြီးနောက် နည်းပြလက်မဲ့ဖြစ်ခဲ့ရသည့် တော့တင်ဟမ်ဟော့စပါးအသင်းသည်၎င်းတို့၏ လစ်လပ်နေသော နည်းပြ ရာထူးအတွက် ချယ်လ်ဆီးအသင်းနည်းပြဟောင်း အန်ဒရီဗီလာဘိုအာ့စ် အား ခန့်အပ်တော့မည်ဟုဆိုသည်။စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗီ သည် ဗီလာဘိုအာ့စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကမ်းလှမ်းမှုများလုပ် ဆောင်ခဲ့ပြီး မကြာမီအချိန်တွင် သုံးနှစ်သက်တမ်း(သို့မဟုတ်) လေးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက် အားကစားစာမျက်နှာများတွင် ဖော်ပြထားသည်။ပေါ်တိုနှင့် ချယ်လ်ဆီးအသင်း နည်းပြဟောင်း အန်ဒရီဗီလာဘိုအာ့စ်အနေဖြင့်လည်း ၄င်း၏ စပါးအသင်းနှင့် စာချုပ်ချုပ်ဆိုရေးကိစ္စအား သဘောတူညီ ခဲ့ပါက စပါးအသင်းဥက္ကဋ္ဌ ဒန်နီ ရယ်လီဗီက ¤င်းကိုခေါ်ယူရေး တုန့်ဆိုင်းနေဖွယ်မရှိကြောင်း စပါးကစားသမား များက ယခုသီတင်းပတ်အစောပိုင်းတွင်ပြောကြားခဲ့သည်။စပါးအသင်းသည်နည်းပြသစ် အတွက် ချယ်လ်ဆီးအသင်းနည်းပြဟောင်း အန်ဒရီဗီလာဘိုအာ့စ်အား ခေါ်ယူရန် ကြိုးစားနေသည့်အပြင်လာမည့်ဘောလုံးရာသီတွင် အသင်း၏ ကစားသမားအင်အားဖြည့်ဆည်းမှုအနေဖြင့် ချယ်လ်ဆီးအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးတော့မည့် ကစားသမားဒန်နီရယ် စတားရစ်ကိုပါ ခေါ်ယူရန် ပြင်ဆင်လာခဲ့ပြီး ပြောင်းရွှေ့ကြေးအနေဖြင့် ပေါင် ၁ဝ သန်းဖြင့် ကမ်းလှမ်း လာခဲ့ကြောင်းလည်း ဖော်ပြထားသည်။စပါးအသင်းသည် ¤င်းတို့၏ အဓိက လိုအပ်ချက်သည် နည်းပြသစ်ခန့်အပ်ရေးအတွက် ဖြစ်သောကြောင့် နည်းပြ ဗီလာဘိုအာ့စ်ကို စပါးအသင်းသို့ရောက်ရှိမှုနှင့်ပတ်သက်၍ မကြာမီအချိန် တွင် သိရတော့မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (အင်တာနက်) 

 **ဘီယွန်စေးနှင့် ခရစ္စဘရောင်း BET ဆုဆွတ်ခူး** 
၂ဝ၁၂ ခုနှစ်အတွက် BET (Black Entertainment Television) ဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် မြို့တွင် ဇူလိုင် ၁ ရက်က ကျင်းပခဲ့ရာနာမည်ကျော် အဆိုတော်များဖြစ်ကြသည့် ဘီယွန်စေးနှင့် ခရစ္စဘရောင်းတို့ကအကောင်းဆုံးဆုများ ဆွတ်ခူးသွား ကြောင်း သတင်းများတွင် ဖော်ပြသည်။အဆိုပါဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆုကိုဘီယွန်စေး၊ အကောင်းဆုံး အမျိုးသား R&B အဆိုတော်ဆုကို ခရစ္စဘရောင်း၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် ဆုကို ဟာသမင်းသား ကီဗင်ဟတ်၊တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ဟစ်ဟော့ပ်အဆိုတော်ဆုကို နစ်ကီမင်ဂျ၊အကောင်းဆုံးဂီတအဖွဲ့နှင့် တစ်နှစ်တာ အကောင်းဆုံးဗီဒီယိုဆုကို ကာညေးဝက်စ်နှင့် ဂျေး-ဇက်၊ အကောင်းဆုံးမျက်နှာသစ် အဆိုတော်ဆုကို ဘစ်ဆီယန်၊ တစ်နှစ်တာအကောင်းဆုံး အားကစားမယ်ဆုကို ကမ္ဘာကျော် တင်းနစ်မယ် ဆရီနာဝီလျံနှင့် တစ်နှစ်တာအကောင်းဆုံး အားကစား သမားဆုကို ကီဗင်ဒေါ်ရန့်တို့က ဆွတ်ခူးရရှိသွားကြသည်။ယင်းဆုပေးပွဲသို့ ရပ်ပ်ပါ ကာညေး ဝက်စ်၏ အသစ်စက်စက်ချစ်သူအဖြစ်မကြာသေးမီက ထုတ်ဖော်ဝန်ခံခဲ့သည့် နာမည်ကျော်မင်းသမီး ကင်မ်ကာဒါရှီယန်းသည်လည်း ဘီယွန်စေး၊ နစ်ကီမင်ဂျတို့နှင့်အတူ ပရိသတ်၏ရှေ့ဆုံးတန်းမှ တက်ရောက်အားပေးခဲ့သည်ဟု သိရသည်။BET ဆုသည် အာဖရိကန် အမေရိကန်လူမည်းအဆိုတော်၊ သရုပ်ဆောင်၊ အားကစားသမားများနှင့် အခြားနယ်ပယ်ကဏ္ဍအသီးသီးတွင် ထူးချွန်ထင်ရှားသည့် သူများကိုပေးအပ်သည့် ဆုဖြစ်ပြီး၂ဝဝ၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပ ပေးအပ် ခဲ့သည့် ဆုဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး-ကိုသစ္စာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)