ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, July 2, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ရုပ်ရှင်မင်းသားလီယိုနာဒိုချစ်သူသစ်တွဲနေပြီလား**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၃၀) ကမ္ဘာကျော်ရုပ်ရှင်မင်းသား လီယိုနာဒိုဟာ ရုပ်ရှင်မင်းသမီး အမ်မာစတုန်းနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်မင်းသမီးအမ်မာစ တုန်းက လီယိုနာဒိုဟာ သူမရဲ့ အနှစ်သက်ဆုံး ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တယ်လို့ လော့စ်အိန်ဂျလိစ်မြို့မှာ ဇွန် ၂၉ ရက်က သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ပြောကြားသွား ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ရုပ်ရှင် မင်းသား လီယိုနာဒိုဟာ ဟောလိဝုဒ်အမျိုးသမီး အနုပညာရှင်တွေကြားမှာတော့ စိတ်ဝင်စားခြင်းခံရတဲ့ ရုပ်ရှင်မင်းသား တစ်ဦးဖြစ်ပါတယ်။ (အင်တာနက်)

**ဗြိတိန်ဘောလုံးအသင်း အိုလံပစ်အဖွင့်ပွဲတွင် ဆီနီဂေါနှင့် ကစားရမည်**

 (လန်ဒန်၊ ဇွန် ၃၀) လန်ဒန် ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲကို ဇူလိုင်လလယ်တွင် စတင်ကျင်းပမည်ဖြစ်ရာ ဗြိတိန်သျှအိုလံပစ်ဘောလုံးအသင်းအတွက် အားကစားသမားများ ရွေးချယ်လိုက်ပြီဖြစ်သည်။ အဆိုပါ ဗြိတိသျှအိုလံပစ် ဘောလုံအးသင်းတွင် စကော့တလန် သို့မဟုတ် မြောက်အိုင်ယာလန်မှ ဘောလုံးသမား များတစ်ဦးမျှ ပါဝင်မည်မဟုတ်ဟုဆိုသည်။ ၄င်းဗြိတိန်သျှအတွင်းတွင် ရိုင်ယံဂစ်၊ ဘယ်လာမီနှင့် မီကက် ရစ်ချက်တို့နှင့်အတူ အသက် ၂၃ နှစ်အောက်ရှိ ကစားသမား ၁၅ ဦးကိုရွေးချယ်ထားသည်။ ဗြိတိန်အသင်းသည် အုပ်စု(က)တွင် ပါဝင်ပြီး ဆီနီဂေါ၊ ဥရုဂွေးနှင့် ယူအေအီးနိုင်ငံအသင်းများနှင့် ကစားရမည်ဖြစ်သည်။ ဗြိတိန် အသင်းသည် ဇူလိုင် ၂၆ ရက်တွင် ဆီနီဂေါအသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၉ ရက်တွင် ယူအေအီးအသင်းနှင့်လည်းကောင်း၊ သြဂုတ် ၁ ရက်တွင် ဥရုဂွေးအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (အင်တာနက်)

**ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက် Labor Day ဇာတ်ကားသစ်ရိုက်ကူး**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၃၀) ဟောလိဝုဒ် ရုပ်ရှင်မင်းသမီးကိတ်ဝင်စလက်ဟာ Labor Day အမည်ရှိတဲ့ ဇာတ်ကားသစ်ရဲ့ ဇာတ်ဝန်ခန်းတွေကို လော့စ်အိန်ဂျလိစ်မြို့မှာ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကို ဒီနှစ်မကုန်ခင်မှာ အပြီးရိုက်ကူးမှာဖြစ်တယ်လို့ ကိတ်ဝင်သလက်က ပြောကြားနေသည်။ အသက် ၃၆ နှစ်အရွယ်ရှိတဲ့ ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်ဟာ ဒီဇာတ်ကားမှာ အဒီလီ အမည်ရှိတဲ့ အမျိုးသမီးရဲ့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဒရာမာဇာတ်ကားအဖြစ် ရိုက် ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသဖို့ စီစဉ်နေပြီး သူကိုယ်တိုင် နှစ်သက်တဲ့ ဇာတ်လမ်းဖြစ်တယ်လို့လည်း ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်က ပြောကြားနေ ပါတယ်။ (အင်တာနက်)  

**ကေတီပါရီ၏ အတ္ထုပ္ပတ္တိဇာတ်ကားမကြာမီဖြန့်ချိပြသမည်** 
နာမည်ကျော် ဂီတငွေကြယ်ပွင့်ကေတီပါရီအကြောင်း ရိုက်ကူး ထားသည့် Katy Perry; Part of Me ရုပ်ရှင်ကားကို မကြာမီဖြန့်ချိ ပြသတော့မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ပါရာမောက် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကေတီပါရီ၏ အတ္ထုပ္ပတ္တိ ဇာတ်ကားကို လာမည့်ဇူလိုင် ၅ ရက်တွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိပြသမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။မကြာမီ ဖြန့်ချိပြသမည့် ကေတီ ပါရီ၏ အတ္ထုပ္ပတ္တိဇာတ်ကားတွင်ကေတီပါရီနှင့် ၁၄ လကြာ လက်ထပ် ပေါင်းသင်းခဲ့သူ ဗြိတိသျှဟာသသရုပ်ဆောင် ရပ်ဆဲလ်ဘရန်း အကြောင်းပါဝင်ခြင်းမရှိဟု သိရသည်။ကေတီပါရီက အဆိုပါ ဇာတ်ကား ကို ကြည့်ရင်းမျက်ရည်ကျခဲ့ရကြောင်းဝန်ခံခဲ့ပြီး သည်ဆန်းသတင်းစာသို့ ပြောကြားရာတွင် ''ကျွန်မဘဝရဲ့အအောင်မြင်ဆုံး အချိန်တွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားမျိုးကိုမလိုချင်ပါဘူး။ အဲဒီလို ရိုက်ပြတာ စိတ်ဝင်စားစရာမကောင်းဘူး'' ဟုထုတ်ဖော်ပြောကြားခဲ့သည်။မည်သို့ပင်ဖြစ်စေ ကေတီပါရီ အတ္ထုပ္ပတ္တိဇာတ်ကားသည် သူ၏ကမ္ဘာလှည့် ဖျော်ဖြေပွဲများနှင့် အယ်လ်ဘမ်များအကြောင်း ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သောကြောင့် ကေတီပါရီ၏ ဂီတဖျော်ဖြေပွဲများနှင့်လွဲချော်ခဲ့ရသူများအတွက် ပြန်လည် ကြည့်ရှုခွင့်ရမည်ဖြစ်သကဲ့သို့ ကေတီပါရီ၏ တွစ်တာပရိသတ် ၂၂ သန်း အတွက် အတိုင်းအတာတစ်ခုအထိကျေနပ်နှစ်သိမ့်မှု ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သတင်းများတွင်ဖော်ပြထားသည်။ (အင်တာနက်) 

**ရုပ်ရှင်ရိုက်ကွင်းပေါက်ကွဲမှုမှသီသီကလေးလွတ်မြောက်သွားသည့်ဆလ်မန်ခန်**
 ဘောလိဝုဒ် ထိပ်တန်းစာရင်းဝင်မင်းသား ဆလ်မန်ခန်သည် Dabangg ဇာတ်ကား၏ နောက်ဆက်တွဲအဖြစ် Dabangg 2 ဇာတ်ကားကိုမွမ်ဘိုင်းမြို့ရှိ ရုပ်ရှင်ရိုက်ကွင်းတစ်ခု၌ ရိုက်ကူးနေစဉ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ဆလ်မန်ခန်၏ကိုယ်စား သရုပ်ဆောင် သည့် စတန့်သရုပ်ဆောင်တစ်ဦးနှင့်အခြားသရုပ်ဆောင်နှစ်ဦးတို့ ဒဏ်ရာများ ရရှိ၍ ဆေးရုံတင်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။အဆိုပါ ပေါက်ကွဲမှုမှ ဆလ်မန်ခန်သီသီကလေး လွတ်မြောက်သွားသော်လည်း အခြားသရုပ်ဆောင်သုံးဦးမှာ ဒဏ်ရာများရရှိသွားပြီး အရေးပေါ်လူနာတင်ယာဉ်ဖြင့် လီလာဗာတီဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်းသတင်းများတွင် ဆက်လက်ဖော်ပြသည်။သတင်းမီဒီယာများက ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကိုအသေးစိတ် စုံစမ်းမေးမြန်းခဲ့သော် လည်း ရိုက်ကူးရေးတာဝန်ရှိသူများကအဆိုပါ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားရသည့်သတင်းကို ဖုံးဖိရန်ကြိုးစားခဲ့သည်ဟုဆိုသည်။ အီလက် ထရွန်နစ်ဆားကစ်မှ တစ်ဆင့်မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ ရခြင်းဖြစ်သည်ဟု သတင်းမီဒီယာများ ရေးသားဖော်ပြထားသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရိုက်ကူးရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ သုံးဦးမှာ စိုးရိမ်စရာအခြေ အနေမရှိကြောင်း သတင်းများတွင်ဖော်ပြသည်။အဆိုပါ အက်ရှင်ဇာတ်ကားကို ၂ဝ၁၃ ခုနှစ်တွင် ဖြန့်ချိပြသမည်ဟုမျှော်လင့်ရသည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - မြင့်မောင်စိုး၊ အေဝမ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)