ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 6, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

 ( ဂျော်ဒီအယ်လ်ဘာ၊ ဂျွန်မာတာနှင့် မာတီနက်စ်)
**လန်ဒန်အိုလံပစ်အားကစားပွဲ၏ ဘောလုံးပြိုင်ပွဲ စပိန်အသင်းကစားသမားများ စာရင်း ထုတ်ပြန်** (မက်ဒရစ်၊ ဇူလိုင် ၄) ဇူလိုင် ၂၇ ရက်၌ စတင်ကျင်းပမည့် ၂၀၁၂ လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲ၏ဘောလုံးပြိုင်ပွဲ ကို ပါဝင်ယှဉ်ပြိုင်ရန် စပိန်အသင်းက ဘောလုံးသမား ၂၂ ဦး၏ အမည်စာရင်းကို ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယခုထုတ်ပြန်လိုက်သည့် စပိန်ဘောလုံးသမား ၂၂ ဦးစာ ရင်းတွင် မကြာမီက ယူရို ၂၀၁၂ ဖလားရယူခဲ့သည့် ဘောလုံးအသင်းမှကစားသမားအချို့ ပြန် လည်ပါဝင်လာသည်။ ယင်းတို့မှာ ဂျော်ဒီအယ်လ်ဘာ၊ ဂျွန်မာတာနှင့် မာတီနက်စ်တို့ဖြစ်သည်။ အယ်လ်ဘာမှာယူရို ၂၀၁၂ ၌ စပိန်နှင့်အီတလီ၏ နောက်ဆုံးဗိုလ်လုပွဲ၌ ဒုတိယဂိုသွင်းယူပေး ခဲ့သူဖြစ်သည်။ စပိန်အိုလံပစ် ဘောလုံးအသင်းနည်းပြ မီလာက ရွေးချယ်လိုက်သော ဘောလုံး သမား ၂၂ ဦးစာရင်း တွင် မန်ယူဂိုးသမား၊ ဒီဂီရာ၊ ဗီလာရီးရဲမှ မာရီနို၊ ဘင်ဖီကာမှ ရိုဒရီဂို၊ ဘာစီလိုနာမှ ခရစ္စတင်းတီလို၊ မွန်တာယာ၊ အယ်ကင်တာရာ စသည့် ကစားသမားများလည်း ပါဝင်ကြသည်။ (အင်တာနက်)

**ဟောလိဝုဒ် ဝင်ငွေအကောင်းဆုံးမင်းသားအဖြစ်ပြန်လည်ရပ်တည်လာနိုင်သည့် တွမ်ခရုစ်**
ကမ္ဘာကျော် ဟောလိဝုဒ်အက်ရှင်မင်းသားတွမ်ခရုစ် သည်ဟောလိဝုဒ် ဝင်ငွေအကောင်းဆုံး မင်းသား အဖြစ်ရပ်တည်နိုင်မှုကိုနှစ်အတန် ကြာဝေးကွာနေရာမှယခုအခါ ဝင်ငွေအကောင်းဆုံး မင်းသားအဖြစ် ပြန်လည်ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဇူလိုင် ၃ ရက်က အသက် (၅ဝ)ပြည့်ခဲ့သည့် တွမ်ခရုစ်သည် ဖောဘီစ်မဂ္ဂဇင်းဝက်ဘ်ဆိုက်က ၂ဝ၁၁ ခုနှစ်မေလမှ ၂ဝ၁၂ ခုနှစ် မေလအတွင်း ဟောလိဝုဒ်မင်းသားများ၏ ဝင်ငွေကို စာရင်းပြုစုခဲ့သည့် ဇယားတွင် အမေရိကန်ဒေါ်လာ၇၅ သန်းဖြင့် နံပါတ်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ တွမ်ခရုစ်သည်လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကဖြန့်ချိပြသခဲ့သော ၄င်း၏ နာမည်ကျော်လူကြိုက် များခဲ့သည့် Mission Impossible-Ghost Protocol ဇာတ်ကားမှ ဝင်ငွေ အမြောက်အမြားရရှိခဲ့ပြီး ယင်းဇာတ်ကား ကမ္ဘာတစ်ဝန်းပြသမှုစုစုပေါင်းဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိသည်ဟု ဆိုသည်။ဝင်ငွေအကောင်းဆုံး ဒုတိယမင်းသားများအဖြစ် တိုက်တန်းနစ်မင်းသား လီယိုနာဒိုနှင့် ဟာသမင်းသား အဒမ်ဆန်ဒလာတို့ကအမေရိကန် ဒေါ်လာ ၃၇ သန်းစီဖြင့် ရပ်တည်နေကြသည်။ လီယိုနာဒိုက အဆိုပါ ကာလအတွင်း J.Edgar ဇာတ်ကားကို ဖြန့်ချိပြသနိုင်ခဲ့ပြီး အဒမ်ဆန်ဒလာက Jack and Jill ဇာတ်ကားကို ဖြန့်ချိပြသနိုင်ခဲ့သည်။စတုတ္ထနေရာတွင် Fast Fiveဇာတ်ကားနှင့် Journey 2 ဇာတ်ကားမှ မင်းသားဒွါရင်ဂျွန်ကအမေရိကန်ဒေါ်လာ ၃၆ သန်းဖြင့်လည်းကောင်း၊ ပဉ္စမနေရာတွင် ဘန်စတီလာက အမေရိကန်ဒေါ်လာ ၃၃ သန်းဖြင့် လည်း ကောင်း အသီးသီးရပ်တည်လျက်ရှိသည်။ (အင်တာနက်)  

**ဖီဖာအဆင့်သတ်မှတ်ချက်များထုတ်ပြန် အင်္ဂလန်အသင်း စတုတ္ထနေရာရောက်ရှိ** 
(လန်ဒန်၊ ဇူလိုင် ၄) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ကမ္ဘာ့ဘောလုံးအဆင့်သတ်မှတ်ချက်အရ အင်္ဂလန် ဘောလုံးအသင်းသည် ကမ္ဘာ့အဆင့်လေးနေရာသို့ တက်ရောက်လာကြောင်း ဇူလိုင် ၄ ရက်၌ ဖော်ပြသည်။ အင်္ဂလန်ဘောလုံးအသင်းသည် မကြာမီကပြီးဆုံးခဲ့သည့် ယူရို ၂၀၁၂ ဘောလုံး ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့သဖြင့် ကမ္ဘာအဆင့် သတ်မှတ်ချက် တိုးမြှင့်လာ ခြင်းဖြစ်သည်။ အင်္ဂလန်အသင်း၏ယခင်ကမ္ဘာ့အဆင့်သတ်မှတ်ချက်သည် အဆင့်ခြောက်ဖြစ် သည်။ ယူရို ၂၀၁၂ ၌ ဗိုလ်စွဲခဲ့သော စပိန်အသင်းသည် ကမ္ဘာ့အဆင့်တစ်နေရာ၌ ရပ်တည် နေပြီး ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ် ကျင်းပမည့် ဘရာဇီးအသင်း မှာ အဆင့် ၁၁ သို့ ကျဆင်းသွားသည်။ ဂျာမနီအသင်းမှာ ကမ္ဘာ့အဆင့်ဒုတိယနေရာသို့ ရောက်ရှိလာပြီး ဥရုဂွေးအသင်းမှာ တတိယဖြစ်လာသည်။ ပေါ်တူဂီအသင်းမှာ ပဉ္စမအဆင့် မှာရှိနေပြီး အီတလီအသင်းမှာ ဆဋ္ဌမနေရာ၌ရှိနေသည်။ (အင်တာနက်) 

**ယူ-၁၉ ဥရောပချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အင်္ဂလန်တို့ သရေကျပြီး စပိန်တို့နိုင်ပွဲရရှိ**
 (လန်ဒန်၊ ဇူလိုင် ၁၄) ယူ-၁၉ ဥရောပချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဇူလိုင် ၄ ရက်နံနက်က ကျင်းပရာ အုပ်စု(ခ)မှ အင်္ဂလန်နှင့် ခရိုအေးရှားတို့ပွဲတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲဖြစ်သွားခဲ့သည်။ အင်္ဂလန်အသင်းသည် ခရိုအေးရှားအသင်းကို သရေပွဲဖြစ်အောင် ကြိုးစားကစားခဲ့ရသည်။ ခရိုအေးရှားအသင်းအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်၌ ပါဗီစီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်တို့ ချေပဂိုးသွင်းယူနိုင်ရေးကြိုးစားခဲ့ရာ ပွဲချိန်မိနစ် ၆၀ ၌ ရှာလိုဘက်က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန်ပြည့်သည်အထိ နှစ်သင်းစလုံးအနိုင်ဂိုး မသွင်းနိုင်ခဲ့သဖြင့် တစ်ဂိုးစီသရေပွဲဖြစ်ကာ တစ်မှတ်စီခွဲယူခဲ့ခြင်းဖြစ်သည်။ ထို့အတူ အုပ်စု(ခ) မှ ဆားဘီးယားနှင့်ပြင်သစ်တို့ပွဲတွင် ပြင်သစ်တို့က သုံးဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။ ဆက်လက်ပြီး အုပ်စု(က)မှ ဂရိနှင့်စပိန်တို့ပွဲတွင် စပိန်က နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ စပိန်တို့ပထမပိုင်းပွဲချိန်အတွင်း၌ပင် ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူထားနိုင်ခဲ့သည်။ စပိန်အတွက် ပထမ ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၃၀ ၌ ရိုဒရီဂွတ်ဇ်က သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် မိနစ် ၄၀ တွင် အိုဆီဒီက ယွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် အက်စ်တိုးနီးယားနှင့် ပေါ်တူဂီတို့ပွဲတွင် ပေါ်တူဂီက သုံးဂိုးဖြတ်အနိုင်ရရှိခဲ့သည်။ ပေါ်တူဂီအတွက် ဂိုးများကို ပွဲချိန် ၅ မိနစ်၌ ပစ်ခ်ကတစ်ဂိုး၊ ပွဲချိန် ၂၆ မိနစ်၌ ဘက်တီနိုက တစ်ဂိုးနှင့်ပွဲချိ ၇၂ မိနစ်၌ မာတင်က တစ်ဂိုးသွင်းယူခဲ့ကြခြင်းဖြစ်သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)