ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 3, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**ဒိုင်ယာနာမင်းသမီးအကြောင်း သီချင်းရေးဖွဲ့သီဆိုခြင်းကြောင့်အဆိုတော်လေဒီဂါဂါ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရ** 
ကမ္ဘာကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါသည် ဗြိတိသျှတော်ဝင်မင်းသမီး ဒိုင်ယာနာအကြောင်းကို ရေးဖွဲ့သီဆိုထားသည့် Princess Die အမည်ရှိ သီချင်းကို ရေးစပ်သီဆိုခဲ့သောကြောင့်အငြင်းပွားဖွယ်ရာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။လေဒီဂါဂါသည် ၁၉၉၇ ခုနှစ်ကပြင်သစ်နိုင်ငံ ပါရီမြို့တွင် ယာဉ်မတော် တဆဖြစ်ပြီး သေဆုံးသွားခဲ့သည့် ဝေလမင်းသမီး၏အကြောင်းကို ရည်ညွှန်း သီဆိုထားသည့် Princess Die အမည်ရှိတေးသီချင်းကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သော ဂီတဖျော်ဖြေပွဲတွင် အကြိုသီဆိုဖျော်ဖြေခဲ့ သည်။အသက် (၂၆)နှစ်ရှိ လေဒီဂါဂါသည်အဆိုပါ တေးသီချင်းနှင့် ပတ်သက်၍တော်ဝင်မိသားစုကို လေးစားတန်ဖိုးထားသည့် ပရိသတ်များက ဝေဖန် သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သော်လည်း ယခုကဲ့သို့ ဝေဖန်တိုက်ခိုက်မှုများမှာ သူ့အတွက်အထူးအဆန်း မဟုတ်တော့ပေ။
လေဒီဂါဂါသည် ယခင်ကလည်း လက်တွန်းလှည်းပေါ်တွင် သီချင်းဆိုခြင်း၊ သရုပ်ပျက် ဝတ်စားဆင်ယင်မှုများကြောင့်အင်ဒိုနီးရှားနိုင်ငံက ဖျော်ဖြေခွင့် ပိတ်ပင် ခံရခြင်း၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဘာသာရေးအသိုင်းအဝိုင်း များကကန့်ကွက်ခြင်း စသည့် ဝေဖန်တိုက်ခိုက်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။''ဂီတသံစဉ် တေးသွားတွေဟာအဖြစ်အပျက် အကြောင်းအရာတွေ ပေါ်မှာအခြေခံပြီး ဖော်ကျူးရေးဖွဲ့သီဆိုရတာကို ကျွန်တော်တို့နားလည် ပါတယ်။ ဒါပေမယ့် အနုပညာရှင်တွေမှတ်ယူထားရမှာက မိမိတို့ဟာ လူငယ် လူရွယ်တွေရဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတာကို လေးလေးနက်နက် ခံယူထား ဖို့ပါပဲ''ဟု ချားရစ်ဝင်းဂါး ဆိုသူကပြောကြားသည်။လေဒီဂါဂါသည် အဆိုပါသီချင်းကို လာမည့်အယ်လ်ဘမ်တွင် ထည့်သွင်းသီဆိုသွားဖွယ်ရှိသည်။ (အင်တာနက်)

**ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်အားလော့စ်အိန်ဂျလိစ်ဂလက်ဆီအသင်း ပစ်မှတ်ထားနေ**
 (လန်ဒန်၊ ဇူလိုင် ၁) အမေရိကန်ပြည်ထောင်စု၏ ဘောလုံးအင်အားကြီးကလပ်ဖြစ်သည့် လော့စ်အိန်ဂျလိစ် ဂလက်ဆီ အသင်းသည် ချယ်လ်ဆီးအသင်း၏ အားထားရသည့် ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။လော့စ်အိန်ဂျလိစ် ဂလက်ဆီအသင်းအနေဖြင့် အင်္ဂလန်နိုင်ငံသား လမ်းပတ်ကို အမေရိကန်သို့ လာရောက်ကစားရန်ဆန္ဒရှိပါက လုပ်ခလစာ တိုးမြှင့်ပေး၍ခေါ်ယူရန် အသင့်ရှိနေကြောင်း အသင်းတာဝန်ရှိသူများက ဆိုသည်။သို့သော် လမ်းပတ်သည် လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းနှင့်တစ်ပတ်လုပ်ခလစာ ပေါင် ၁၃ဝဝဝဝ ဖြင့်စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးသည်။ လမ်းပတ်၏ ချယ်လ်ဆီးနှင့် စာချုပ် သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ခြင်းကြောင့် လော့စ်အိန်ဂျလိစ်အသင်း ကခေါ်ယူလိုကြောင်း ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ အသက် (၃၄)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်သည် ချယ်လ် ဆီးအသင်းသို့ ရောက်ရှိချိန်မှစ၍ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ပရီမီယာလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား၊ လေးကြိမ်နှင့်အသင်း၏ အောင်မြင်မှုများစွာကို စွမ်း ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။လမ်းပတ်သည် ချယ်လ်ဆီးအသင်း ဆက်လက်အောင်မြင်မှု မရရှိခဲ့ပါကအသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထား ကြောင်း အတိအလင်းပြောကြားခဲ့သည်။သို့သော် ချယ်လ်ဆီးအသင်းသည် ပြီးခဲ့ သည့်နှစ် ဘောလုံးရာသီက ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ကာ အောင်ပွဲခံနိုင်ခဲ့သည့်အတွက် အသင်း၌ဆက်နေရန်နှင့် ထွက်ခွာ ရန် စဉ်းစားရခက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အင်တာနက်။  

**စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်ဒဏ်ရာပြဿနာကြောင့် အိုလံပစ်ပြိုင်ပွဲနှင့် လွဲရတော့မည်**
(လန်ဒန်၊ ဇူလိုင် ၁) တော့တင်ဟမ်ဟော့ စပါးအသင်းမှတောင်ပံကစားသမား ဂါရတ်ဘေးလ် သည် လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ၂ဝ၁၂ လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင် ဗြိတိန်အသင်း၌ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ဇူလိုင် ၁ ရက် အားကစားသတင်းတစ်ရပ်တွင် ဖော်ပြသည်။အသက်(၂၂)နှစ်အရွယ်ရှိ ဂါရတ် ဘေးလ်သည် ဗြိတိန်အသင်းမန်နေဂျာပီယာစီ၏ ၂ဝ၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ အတွက် ပဏာမကစားသမား ၁၈ ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ နည်းပြ ပီယာစီ၏အသင်းအတွက်အသက်(၂၃)နှစ်အထက် ကစားသမား တစ်ဦးအဖြစ် ပါဝင်ရန်ဆန္ဒရှိနေခဲ့သောဒေးဗစ်ဘက်ခမ်းကို ရွေးချယ်ခြင်း မရှိခဲ့ သော်လည်း ဂါရတ်ဘေးလ်ကိုမူ အသင်း၏တောင်ပံကစားသမားအဖြစ် ရွေးချယ်ခဲ့ သည်။ဂါရတ်ဘေးလ်သည် ဒဏ်ရာရရှိထားသော်လည်း သြဂုတ် ၁၂ ရက်တွင် နယူး ကာဆယ်အသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်တွင် ပါဝင်ရန်မျှော်လင့်ထားပြီး လက်ရှိ တွင်မူ စပါးအသင်းနှင့် လေးနှစ်သက်တမ်းရှိစာချုပ်အသစ်တစ်ရပ်ကို ချုပ်ဆိုထား ပြီးဖြစ်သည်။စပါးတောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ၂ဝ၁၂ လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိနေခဲ့ကြောင်း မေလကတည်းက ပြောကြားခဲ့သူဖြစ်သည်။ ထို့ပြင် ၂ဝ၁၂လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် ဗြိတိန်အသင်း ၏ ပြိုင်ပွဲဝင်အင်္ကျီကိုလည်း ဝတ်ဆင်ရန် မျှော်လင့်ထားခဲ့ကြောင်း၊ သို့သော် ဒဏ်ရာ ရရှိထားခြင်းကြောင့် စိတ်ပျက်မိကြောင်းဂါရတ်ဘေးလ်က ထုတ်ဖော်ပြောကြားခဲ့ သည်။ ( အင်တာနက်)

 **တွမ်ခရုစ်နှင့် ကေတီဟုမ်းတို့ ကွာရှင်းပြတ်စဲ**

Rock of Ages ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ် မင်းသားတွမ်ခရုစ်နှင့် ဇနီးသည်မင်းသမီးကေတီဟုမ်းတို့၏ ငါးနှစ် သက်တမ်းရှိ အိမ်ထောင်ရေးသည်တစ်ခန်းရပ် အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ကေတီဟုမ်း၏ရှေ့နေ ဂျိုနသန်ဝိုလ်ဖ် က ကေတီဟုမ်းအနေဖြင့် ၄င်းတို့၏ခြောက်နှစ်အရွယ်သမီး ဆူရီကို အကောင်းဆုံး ပြုစုစောင့်ရှောက်သွားရန်ဆန္ဒရှိကြောင်း၊ ယခုကဲ့သို့ ကွာရှင်း ပြတ်စဲခဲ့ရသည့် အကြောင်းမှာလည်းသူတို့မိသားစုပုဂ္ဂိုလ်ရေးနှင့် ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့်သာဖြစ်ပြီး၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပုံမှန် အတိုင်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားသည်။ အသက် (၄၉) နှစ်ရှိ တွမ်ခရုစ်နှင့်အသက် (၃၃)နှစ်ရှိ ကေတီဟုမ်းတို့ သည် အသက်(၁၆)နှစ် ကွာခြားပြီး၂ဝဝ၆ခုနှစ်က လက်ထပ်ပေါင်းသင်း ခဲ့ကြသည်။တွမ်ခရုစ်အတွက် ယခုအိမ်ထောင်ပြိုကွဲခြင်းသည် တတိယအကြိမ်ဖြစ်ပြီး ယခင်က မင်းသမီး နီကိုးလ်ကစ်မန်းနှင့်မီမီရိုဂျာတို့နှင့် အိမ်ထောင်ကျခဲ့ဖူးသူဖြစ်သည်။ ကေတီဟုမ်းသည် ချားရစ်ကလင်နှင့်ကွာရှင်းပြတ်စဲပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း တွမ်ခရုစ်နှင့်ချစ်ကြိုးသွယ်ခဲ့ကြပြီး တွမ်ခရုစ်က ဒုတိယဇနီး နီကိုးလ်ကစ်မန်းကိုကွာရှင်းပြီးကေတီနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ တွမ်ခရုစ်သည် ယခုအခါ နှစ်(၅ဝ)ပြည့်မွေးနေ့ပွဲကျင်းပရန် ပြင်ဆင်နေပြီး အိုင်ယာလန်နိုင်ငံတွင် Oblivion အမည်ရှိဇာတ်ကားသစ်ကို ရိုက်ကူးလျက်ရှိ ကြောင်းနှင့် ကေတီဟုမ်း၏ သမီးငယ်ဆူရီတို့မှာ နယူးယောက်မြို့တွင် နေထိုင်လျက် ရှိသည်။ (အင်တာနက်)

 ** ခြေနင်းဖြင့် တွန်းအားပေးနိုင်သောရဟတ်ယာဉ်ကို စမ်းသပ်ပျံသန်း**
 (ဝါရှင်တန်၊ ဇူလိုင် ၁) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများသည် ခြေနင်းဖြင့် တွန်းအားပေးနိုင်သော ရဟတ်ယာဉ်တစ်စင်းကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဂမ်မာရာ (၂) (Gamera-2) ဟုအမည်ပေးထားသော အဆိုပါ ရဟတ်ယာဉ်၌ ပန်ကာပြား လေးခုပါရှိသည်။ ရဟတ်ယာဉ်မှာ ၁ဝ၅ ပေ အရှည်ရှိသော်လည်း အလေးချိန်မှာ ၇၁ ပေါင် သာရှိသည်။ဂမ်မာရာ ရဟတ်ယာဉ်၏ ယာဉ်မှူးသည် ခြေနင်းကိုနင်းကာ တွန်းကန်အားကို ဖြစ်ပေါ်စေပြီး ကေဘယ်လ်ကြေးနန်းကြိုးများဖြင့် တည်ဆောက်ထားသောယာဉ်စနစ်ကို ထိန်းချုပ်ကာပျံသန်းစေခြင်းဖြစ်သည်။မေရီလန်းတက္ကသိုလ်မှ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများသည် ယင်းရဟတ်ယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့ကြရာ စက္ကန့် ၅ဝ ကြာ ပျံသန်းနိုင်ခဲ့သည်။ဂမ်မာရာ(၁)အမည်ရှိ ပထမဦးဆုံး ရဟတ်ယာဉ်ကို စမ်းသပ်ခဲ့ရာတွင်မူ ၁၁ ဒသမ ၄စက္ကန့်ကြာမျှ ပျံသန်းနိုင်ခဲ့သည်။ ဂမ်မာရာ(၁) ရဟတ်ယာဉ်ကို အဲဖရက်ဂက်ဆိုးရဟတ်ယာဉ်ဌာနမှ ကျောင်းသား ကျောင်းသူများကတည်ဆောက်ခဲ့ကြသည်။ အဆိုပါဌာနသည် မေရီလန်းတက္ကသိုလ် အင်ဂျင်နီယာကောလိပ်လက်အောက်တွင် တည်ရှိသည်။ခြေနင်းဖြင့် တွန်းအားပေးမောင်းနှင်နိုင်သော ရဟတ်ယာဉ်ကို သြဂုတ်လ တွင် စမ်းသပ်ပျံသန်းသည့်အခါ အမျိုးသားလေကြောင်းအာကာသအသင်းမှ အဖွဲ့ဝင် များက ကြည့်ရှုလေ့လာကြရန် စီစဉ်ထားသည်။ (အင်တာနက်) 

** ဆဲလ်ဖုန်းများကို အားသွင်းနိုင်သည့်ဗြိတိန်မှ ဘရော်လီ (Brolly) ထီး**
 မိမိတို့ကုမ္ပဏီ၏ မီးအားမြှင့်တင်အားသွင်းနိုင်သည့် ဘရော်လီထီး (Brolly Umbrella) များသည် သုံးစွဲသူများ၏ လက်ကိုင်ဖုန်းများကိုအားသွင်းခြင်းပြုလုပ်ပေးနိုင်မည်ဖြစ်ပြီး ယင်းသို့ အားသွင်းနေချိန်တွင်လည်း ဖုန်းအဝင်များကို ပို၍လက်ခံနိုင်ကြောင်း ဗြိတိန်ဆဲလ်ဖုန်းကုမ္ပဏီဖြစ်သည့် Vodaphone ကုမ္ပဏီက ပြောကြားလိုက်သည်။ အဆိုပါထီးတွင် ဆဲလ်ဖုန်းတစ်လုံးကို အားသွင်းရန် တစ်ဒါဇင်လျှင်၂ ဗို့အားရှိသော ဆိုလာအကန့်များ တပ်ဆင်ထားကြောင်း၊ လန်ဒန်အင်တာနာနှင့် မိုက်ခရိုဝေ့ဗ် နည်းပညာတက္ကသိုလ်မှ ကထိက တစ်ဦးဖြစ်သည့် Kenneth Tong ၏ ပြောကြားချက်ကို Giga Om.com ၌ဖော်ပြထားသည်။ ဆဲလ်ဖုန်းနှင့်တွဲညှပ်ထားရန် ထီး၏ အလယ်တွင် ကာဗွန်ဖိုက်ဘာဝင်ရိုးပါရှိပြီး ဘရော်လီထီးတွင် ဆဲလ်ဖုန်းတစ်လုံးအတွက်အဝင်များကို ပိုမိုလက်ခံသည့်အချက်ပြအဆင့်မြင့်အင်တာနာနှင့်လျှပ်စစ်ဓာတ် ပို၍စီးစေနိုင်သည့် အလူမီနီယမ်ဒေါက်များ ပါရှိသည်။ဆဲလ်ဖုန်းနှင့်ထီးကို တွဲ၍ထားသော အချိန်တွင်ဖုန်းကို အားသွင်းနိုင်သည်။ ထို့ပြင် ဖုန်းကို လက်မှကိုင်စရာမလိုဘဲ အခြားအဝင်၊ အထွက်များကိုဆက်သွယ်ပြောဆိုနိုင်သည်။ Vodaphone ကုမ္ပဏီသည် လျှပ်စစ်အားသွင်းသည့် ထီးများကိုယခုနှစ်နွေရာသီတွင် ဗြိတိန်နိုင်ငံရှိ ထင်ရှားသော ပွဲတော်များ၌ ရောင်းချရန် ကမ်းလှမ်းနေပြီ ဖြစ်သည်။( အင်တာနက်) 

စုစည်းဘာသာပြန် - အေ၀မ်းစိုး - နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)