-လူထုကျန်းမာရေး(သွားကိုက်မှုကို ဘာက ဖြစ်စေသလဲ (ဘာကြောင့် သွားကိုက်သလဲ) နှလုံးက ဘယ်နှစ်ကြိမ် ခုန်သလဲ)-
**Public Health**
**သွားကိုက်မှုကို ဘာက ဖြစ်စေသလဲ (ဘာကြောင့် သွားကိုက်သလဲ)**
ကျွန်မတို့ သွားတွေမှာ ရန်သူတွေ အများကြီးရှိတယ်။ သကြား၊ (ချိုတဲ့အရာ)နဲ့ အလွန်သေးငယ်တဲ့ အစားအသောက် အစအနလေးတွေကို ဘက်တီးရီးယားပိုးတွေက စားပြီး အက်ဆစ်အဖြစ် ပြောင်းလဲစေတယ်။ အဲဒီ အက်ဆစ်က...သွားရဲ့ အပေါ်ယံကြွေလွှာကို တဖြည်းဖြည်းချင်း ဖျက်ဆီးတယ်။ အဲဒီနောက် ...ဒင်န်တိုင်းခေါ်တဲ့ သွားရဲ့အလွှာကို ဖောက်ပြီး သွားအတွင်းက ပျော့အိတဲ့ အကြောမျှင်တွေရှိတဲ့ အခေါင်းထဲကို ရောက်သွားတယ်။ အဲဒီ အခေါင်းထဲမှာ အာရုံကြောတွေ...သွေးကြောတွေရဲ့ အဆုံး...အစွန်းပိုင်းတွေ အများကြီးရှိတယ်။ အဲဒီ ဘက်တီးရီးယားပိုးရဲ့ ထိုနှက်တိုက်ခိုက်မှုဟာ သွားအခေါင်းထဲကို (အက်ဆစ်က စားသွားလို့ဖြစ်တဲ့) အပေါက်ကတစ်ဆင့် ရောက်သွားတဲ့အခါ ..အလွန်အမင်း နာကျင်မှု (သွားကိုက်မှု)ကို ဖြစ်စေပါတယ်။ အဲဒီလို သွားကိုက်မှုမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စေဖို့အတွက် ...သွားကို မှန်မှန်တိုက်ပေးဖို့...အထူးသဖြင့် ချိုတဲ့ အစားအသောက်တွေ စားပြီးတဲ့အခါမှာ သွားတိုက်ဖို့ လုံးဝကို လိုအပ်ပါတယ်။ သွားကုသသူ (သွားကု ဆရာဝန်)နဲ့ မကြာမကြာ...မှန်မှန်စစ်ဆေးဖို့လည်း မရှိမဖြစ် လိုအပ်လှပါတယ်။**နှလုံးက ဘယ်နှစ်ကြိမ် ခုန်သလဲ**
နှလုံးဟာ တစ်မိနစ်မှာ ခန့်မှန်းခြေအားဖြင့် အကြိမ် ၈၀-ခုန်ပါတယ်။ အရွယ်ရောက်တဲ့ လူကြီးတစ်ယောက် ဆိုရင်တော့ နှလုံးခုန်နှုန်းက နည်းနည်းနှေးသွားပါတယ်။ တနည်းအားဖြင့် ဆိုရင် အပြည့်အဝ နားနေတဲ့အခိုက် (လူကြီးတစ်ယောက်ဟာ) တစ်မိနစ်မှာ အကြိမ် ၇၀-ခုန်ပါတယ်။ နှလုံးခုန်လိုက်တဲ့အခါ နှလုံးက ကျုံ့သွားပြီး သွေးကို ဖိညှစ်ပေးပြီး သွေးလွှတ်ကြောတွေထဲသို့ စီးဝင်စေတယ်။ နှလုံးရဲ့ ကြွက်သားတွေကို ဖြေလျှော့လိုက်တဲ့ အခါ ပိုမိုများပြားတဲ့ သွေးတွေဟာ သွေးပြန်ကြောတွေကနေပြီး စီးဝင်လာပါတယ်။ စင်စစ် တကယ်တမ်းက နှလုံးမှာ သွေးကိုထည့်သွင်းဖို့ ထုတ်ယူဖို့ အသုံးပြုတဲ့ ကိရိယာနှစ်ခု ရှိတယ်။ တစ်ခုက အောက်ဆီဂျင် ရဖို့အတွက် သွေးကို အဆုတ်ဆီသို့ ပို့တဲ့ကိရိယာ ဖြစ်တယ်။ အခြားကိရိယာကတော့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီသို့ သွေးကို ပို့လွှတ်တဲ့ ကိရိယာဖြစ်တယ်။ သွေးစီးဆင်းရာ ဦးတည်ချက်လမ်းကြောင်းကို သွေးလွှတ်ခန်းတွေနဲ့ သွေးပြန်ခန်းတွေရဲ့ ကြားမှာရှိတဲ့ အဆို့ရှင် လေးတွေက ထိန်းချုပ်ပါတယ်။ --
အားလုံးပျော်ရွင်ပါစေ
**မာမာ** -- -

No comments:
Post a Comment