- လူထုကျန်းမာရေး(ကင်ဆာရောဂါ၊ ပါကင်ဆန်ရောဂါနှင့်စိတ်ဖိစီးမှု
ဝေဒနာတို့ကို ကုသရာတွင် ဆေးခြောက်ကို အသုံးပြု)-
**Public Health**
(ဂျေရုဆလင်၊ ဇူလိုင် ၆) လုပ်ငန်း၌အသုံးပြုနိုင်မည့်
ဆေးခြောက်ပင်တစ်မျိုးကိုစိုက်ပျိုးထားကြောင်း အစ္စရေးသတင်းဌာနများကဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ဆေးဝါးကုသရေးဆိုင်ရာ ရည်မှန်းချက်များအတွက် အသုံးပြုနိုင်မည့် ဆေးခြောက်ပင်တစ်မျိုးကိုဂယ်လီလီဒေသရှိ တောင်ကုန်းများတည်ရှိရာ နေရာ တစ်နေရာ၌ စိုက်ပျိုးထားပြီး ဖြစ်သည်။တီကွန်းအိုလမ်အမည်ရှိ ကုမ္ပဏီမှ သိပံ္ပပညာရှင် များသည် ဆေးဝါးကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် ဆေးခြောက်ပင်စိုက်ပျိုးရေး သုတေသနစီမံကိန်းကို၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့သည်။ဆေးဝါးကုသရေးတွင် အသုံးပြုနိုင်မည့် ဆေးခြောက်ပင် အစ္စရေးသုတေသနပြုစိတ်ကိုလှုံ့ဆော်ပေးနိုင်သော ဂုဏ်သတ္တိများ ပါဝင်ခြင်းမရှိသော ဆေးခြောက်ပင်သည် ရောင်ရမ်းမှုကုသရေးအတွက် အာနိသင်များပါဝင်ကြောင်း သုတေသနလေ့လာချက်တွင် ဖော်ပြသည်။ အစ္စရေးနိုင်ငံ၌ ဆေးခြောက်သုံးစွဲမှုကို ဥပဒေအရ တားမြစ်ပိတ်ပင်ထားသည်။ သို့ရာတွင် ဆေးဝါးကုသရေးရည်မှန်းချက်အရ ဆေးခြောက်သုံးစွဲမှုကို၁၉၉၃ ခုနှစ်တွင် ခွင့်ပြုပေးခဲ့သည်။ ကင်ဆာရောဂါ၊ ပါကင်ဆန်ရောဂါနှင့် စိတ်တုန်လှုပ်ခြောက်ခြားမှုအပြီးခံစားရသော စိတ်ဖိစီးမှု ဝေဒနာတို့ကို ကုသရာတွင် ဆေးခြောက်ကို အသုံးပြုသည်။ (အင်တာနက်)
ဘာသာပြန် - ဧရာမောင်

No comments:
Post a Comment