-ကလေးများပညာရေးအလေးထားရန် ဂျက်ကီချနိးပြော-
(ရန်ကုန်၊ ဇူလိုင် - ၇)ပညာရေးသည် အလွန်အရေးကြီးသည်ဟု ကလေးများကို ပြောလိုကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အထူးသံတမန် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်းက ဆီဒိုးနားဟိုတယ်တွင် ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ကျော်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ `ကျွန်တော် ၁၆ နှစ်သားအထိ စာမရေးတတ်၊ မဖတ်တတ်သေးဘူး။ ကိုယ်ခံပညာပဲ တတ်တယ်။ ဒါကြောင့် ဘာအလုပ်မှ ရှာလို့မရခဲ့ဘူး။ ဒါကြောင့် ၁၇ နှစ်သားမှာ ABCD စသင်ခဲ့တယ်´ဟု ဂျက်ကီချန်းကပြောသည်။ ထို့အပြင် မီဒီယာသမားများအနေဖြင့် ကလေးသူငယ်နှင့်ပတ်သက်သော သတင်းများ၊ ဆောင်းပါးများ ရေးသားပေးရန်နှင့် လူကုန်ကူးခံရသောသတင်းများ ရေးသားပေးရန်လည်း တိုက်တွန်းခဲ့သည်။
7Day News Journal:
Posted By Richard Aung

No comments:
Post a Comment