-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** အယ်လ်ဘမ်သစ်နှင့် အတူ တရုတ်နိုင်ငံတွင်ပြန်လည်လှုပ်ရှားတော့ မည့် ဂျန်နာရာ**
ဂျန်နာရာသည် သူ၏စတုတ္ထမြောက်တရုတ် တေးအယ်လ်ဘမ် Journey of Love ကို တရုတ်နိုင်ငံတွင် သြဂုတ် ၂ရက်က စတင်ဖြန့်ချိခဲ့ပြီဖြစ်သည်။ ဂျန်နာရာသည် တရုတ်နိုင်ငံတွင်အဆိုတော်တစ်ဦးအနေဖြင့် ဆွဲဆောင် နိုင်ခဲ့သူဖြစ်ပြီး ၂ဝဝ၅ခုနှစ်တွင် Kung Fu အမည်ရှိ တရုတ်တေးအယ်လ်ဘမ် ကို ထုတ်ဝေနိုင်ခဲ့သည်။ဂျန်နာရာသည် သူ၏တေးအယ်လ်ဘမ် Journey of love နှင့် သူ၏ ရုပ်ရှင်ဇာတ်ကား Flying with you ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ယခုရက်များအတွင်း တရုတ်နိုင်ငံသို့ သွားရောက် မည်ဖြစ်သည်။ Flying with you ဇာတ်ကားသည် ၁၉၈ဝ ခုနှစ်များက လေထီးခုန်ပြိုင်ပွဲ လူငယ်တစ်စု၏ အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားခြင်းဖြစ် သည်။ ဤဇာတ်ကားကို တရုတ်ဒါရိုက်တာကျန်းလီက စီစဉ်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဂျန်နာရာသည် အဆိုတော်တစ်ဦးအနေဖြင့် ၂ဝဝ၁ ခုနှစ်တွင် ကိုရီးယား အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၌ အနု ပညာလုပ်ငန်းများရှစ်နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ဂျန်နာရာသည် Bratty Princess ရုပ်သံဇာတ် လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သကဲ့သို့ တရုတ်အယ်လ်ဘမ် များကိုလည်း ထုတ်ဝေနိုင်ခဲ့သည်။ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Baby Faced Beauty တွင် လီဆိုယောင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ်များအထူး နှစ်သက် အားပေးခြင်းခံခဲ့ရသည်။ (အင်တာနက်)
** မယ်ရီလန်းမြို့သား ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်အမျိုးသားတစ်ဦးချင်း ရေကူးပြိုင်ပွဲ၌
ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးအကြိမ်(၂ဝ)မြောက် ဆုတံဆိပ် ဆွတ်ခူးခြင်းလည်းဖြစ်**
(လန်ဒန်၊ သြဂုတ် ၃)
အမေရိကန်နိုင်ငံ မယ်ရီလန်းမြို့သားမိုက်ကယ်ဖဲလ်သည် ၂ဝ၁၂ လန်ဒန်
အိုလံပစ် အမျိုးသားတစ်ဦးချင်း ရေကူးပြိုင်ပွဲ၌ ပထမဆုံး တစ်ဦးချင်း ရွှေတံဆိပ်
ဆုကို ဆွတ်ခူးရရှိသွားပြီဖြစ်သည်။မိုက်ကယ်ဖဲလ်သည် အမျိုးသား
မီတာ ၂ဝဝ တစ်ဦးချင်းရေကူးပြိုင်ပွဲတွင်အမေရိကန်နိုင်ငံ နယူးယောက်မြို့သား
ရေကူးချန်ပီယံ ရိုင်ယန်လော့ခ်ျတီအားအနိုင်ရရှိခဲ့ပြီးနောက် လန်ဒန်အိုလံပစ်
အမျိုးသားရေကူးပြိုင်ပွဲ၏ ဆုတံဆိပ်ကိုအကြိမ် (၂ဝ)မြောက် ဆွတ်ခူးရရှိခဲ့ခြင်း
လည်း ဖြစ်သည်။အသက်(၂၇)နှစ်အရွယ်ရှိ ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်သည်
အေသင်မြို့နှင့် ပေကျင်းမြို့များတွင် ကျင်းပခဲ့သည့်အိုလံပစ် ရေကူးပြိုင်ပွဲများတွင်လည်း
ဆုတံဆိပ်များ ရရှိထားခဲ့သူဖြစ်ပြီး ယခု၂ဝ၁၂ အိုလံပစ်ပြိုင်ပွဲတွင်ရရှိခဲ့သော ရွှေ
တံဆိပ်မှာ (၁၆)ကြိမ်မြောက် ဖြစ်သည်။မိုက်ကယ်ဖဲလ်သည် ၂ဝဝ၈ ပေကျင်း
အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရှစ်ခု ရရှိထားပြီး ယခု ယှဉ်ပြိုင်လျက်ရှိသည့် ၂ဝ၁၂
လန်ဒန်အိုလံပစ် အမျိုးသားရေကူးပြိုင်ပွဲတွင်မူ သြဂုတ် ၂ ရက်အထိ ပါဝင်ယှဉ်ပြိုင်
ခဲ့ရာ၌ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်နှစ်ခု ရရှိထားခဲ့သူလည်း ဖြစ်သည်။
မယ်ရီလန်းမြို့သား ရေကူးချန်ပီယံမိုက်ကယ်ဖဲလ်သည် မြောက်ဘက်တီမော
ရေကူးအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။လက်ရှိ ၂ဝ၁၂ လန်ဒန်အိုလံပစ် အမျိုးသား
ရေကူးပြိုင်ပွဲတွင် ရိုင်ယန်လော့ခ်ျတီအားအနိုင်ရရှိကာ ကမ္ဘာ့ရေကူးစံချိန်ကို
ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ၂ဝ၁၂လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲ ပြီးဆုံး ပါက
ရေကူးသမားဘဝမှ အနားယူမည်ဖြစ်ကြောင်းလည်း လူသိရှင်ကြား
ပြောကြားသွားခဲ့သည်။ (အင်တာနက်)
** ဂျီချွန်ဂီတနှင့် ရုပ်ရှင်ပွဲတော်သို့ ဒါရိုက်တာအနေဖြင့် တက်ရောက်မည့် မင်းသမီးကူဟေဆန်**
၂ဝ၁၂ ခုနှစ် ဂျီချွန်နိုင်ငံတကာဂီတနှင့် ရုပ်ရှင်ပွဲတော်သို့ ကိုရီးယား မင်းသမီး ဒါရိုက်တာကူဟေဆန်က ၄င်း၏ နောက်ဆုံးရိုက်ကူးထားသည့် ဇာတ်ကားနှစ်ကားနှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။YG ဖျော်ဖြေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ကူဟေဆန်သည် ၄င်း၏ ဇာတ်ကားနှစ်ကားဖြစ်သည့် The Peach Tree ဇာတ်ကား Fragments of Sweet Memories ဇာတ်ကားတို့နှင့်အတူ သြဂုတ် ၉ ရက်မှစ၍ ချောင်ချွန်ပြည်နယ်မြောက်ပိုင်း ဂျီချွန်မြို့တွင် ခုနစ်ရက်ကြာကျင်းပမည့် ဂျီချွန်နိုင်ငံတကာဂီတနှင့် ရုပ်ရှင်ပွဲတော်သို့ တက်ရောက် မည်ဟု ဆိုသည်။မင်းသမီး ကူဟေဆန်သည် ၂ဝဝ၉ခုနှစ်က The Madonna အမည်ရှိ ရုပ်ရှင် ဇာတ်ကားဖြင့် ဒါရိုက်တာအဖြစ်စတင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်က Magic ဇာတ်ကားနှင့် You ဇာတ်ကားများအပါအဝင် သူ၏ အခြား ဇာတ်ကားများမှာ ဂျပန်၊ ထိုင်ဝမ်၊ကိုရီးယားရုပ်ရှင်ပွဲတော်များတွင် ဖိတ်ကြားခံခဲ့ရပြီး ဆုများလည်း ဆွတ်ခူးရရှိခဲ့သည်။ဂျီချွန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သည် အာရှတွင် ဂီတနှင့် ရုပ်ရှင်ပေါင်းစပ်ကျင်းပသည့် ပထမဆုံးဂီတ၊ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဇာတ်ကား ပေါင်း၁၂ဝ ဖိတ်ကြားထားသည်။ ကူဟေဆန် ၏ ဇာတ်ကားနှစ်ကားမှာ Korean Music Film Now ကဏ္ဍတွင် အကြိုပြသသွားမည်ဖြစ်သည်။The Peach Treeဇာတ်ကားမှာ အောက်တိုဘာလအတွင်း ရုံတင်ပြသရန် စီစဉ်ထားသည်ဟု ဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment