-ဘ၀အမောပြေ-
**ကြောက်မှာစိုးလို့**
အဘိုးအဘွားများ
နေထိုင်ရာမြို့သို့အလည်အပတ်သွားရောက်ပြီးနောက်ရထားစီးပြီး အိမ်ပြန်ရောက်လာသည့်ခင်ပွန်းဖြစ်သူ နှင့်အတူ လိုက်ပါလာသော သားဖြစ်သူအားမိခင်ဖြစ်သူက မေးလေသည်။
မိခင် = သား... ဘိုးဘို၊ ဘွားဘွားတို့ကိတွေ့တာ ပျော်လား..။ သားငယ် = ပျော်တယ်... မုန့်တွေအများကြီးကျွေးတယ်..။
မိခင် = ရထားစီးရတာရော ပျော်လား..။ သားငယ် = ပျော်တယ်... ရထားဥမင်လိုဏ်ခေါင်းထဲ ဖြတ်တဲ့အခါ မှောင်သွားတော့... နည်းနည်းကြောက်တယ်..။
မိခင် = ဘာကြောက်စရာရှိလဲ.. သားရဲ့.... ဘေးမှာ ဖေဖေပါတာပဲ...။ သားငယ် = ရထားက ဥမင်ထဲ ဖြတ်တဲ့အချိန်မှာ ဖေဖေက သားကိုဖက်ထားပါတယ်။
မိခင် = အင်းပေါ့... သားကြောက်မှာစိုးးလို့ပေါ့။
သားငယ် = မှောင်နေတဲ့အချိန်မှာ ဖေဖေက သားကိုဖက်ထားတဲ့အပြင်မွှေးမွှေးလည်းပေးပါတယ်..။
မိခင် = သားကိုချစ်လို့ပေါ့...။
သားငယ် = ဒါပေမယ့်... မှောင်နေတုန်းမှာ သားဘေးကထိုင်နေတဲ့အမျိုးသမီးကိုလည်း ဖေဖေက မွှေးမွှေးသွားပေးသေးတယ်။ အဲဒါ ကြောက်မှာစိုးလို့ပေါ့နော်…။
မိခင် = “ဘာ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment