-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ထိုင်းနိုင်ငံ ဖူးခက်မြို့၌ မိုးသည်းထန်ပြီးရေလွှမ်း**
(ဗန်ကောက်၊ သြဂုတ် ၂၄)
ထိုင်းနိုငိငံဖူးခက်မြို့ပေါ်တွင်သြဂုတ်၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေလွှမ်းမှုဖြစ်ပွားခဲ့ရာမြို့လယ်လမ်း မများပေါ်တွင်ရေများဖုံးးလွှမ်းခဲ့ပြီး (အပေါ်ပုံ) စာသင်ကျောင်းကိုးကျောင်းကိုပိတ်ထားခဲ့ရကြောင်းထိုင်းအရာရှိများက သြဂုတ် ၂၄ ရက်တွင်သတင်းထုတ်ပြန်သည်။ ထို့အပြင်ဖူးခက်ကမ်းခြေတွင်လည်း ကြီးမားသောဒီရေလှိုင်းကြီးများဖြစ်
ပေါ်ရိုက်ခတ်ခဲ့သည်။ ဖူးခက်နိုင်ငံတကာလေဆိပ်သို့သွားရာ ကားလမ်းပေါ်တွင်လည်း ရေလွှမးခဲ့ရာ မော်တော်
ကားသွားလာမှုရပ်ဆိုင်းထားခဲ့ရသည်။ဖူးခက်မြို့ စည်ပင်သာယာရေးနယ်မြေအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည် ။ ဖူးခက်နိုင်ငံတကာလေဆိပ်သို့သွားရောက်မည့် မော်တော်ကားလမ်းရေဖုံးလွှမ်းနေမှုကြော င့်လေယာဉ်ခရီးသည်များ အချိန်မီမရောက်ရှိသဖြင့်ထိုင်းလေကြောင်းလိုင်းးမှ TG - 204 လေယာဉ်ပျံသန်းထွက်ခွာ မှုနှောင့်နှေးကြန်ကြာခဲ့သည်။ (အင်တာနက်)
**နိုင်ဂျာနိုင်ငံတွင် ရေလွှမ်းမှုကြောင့် ၄၄ ဦးသေဆုံး**
နိုင်ဂျာနိုင်ငံတွင်မိုးသည်းထန်စွာ
ရွာသန်းပြီး ရေလွှမ်းမှုကြောင့် ၄၄ ဦးသေဆုံး ပြီး မိသားစုဝင်ပေါင်း ၂၆၀၀၀ ဘေးဒုက္ခကြုံတွေ့ကာ နေအိမ် ၁၄၃၄၂ လုံး ပျက်စီးခဲ့ကြောင်း၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးအဖွဲ့က ကနဦးထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြကြောင်း သြဂုတ် ၂၄ ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လယ်ယာစိုက်ခင်း ဟက်တာ ၇၀၀၀ ရေနစ်မြုပ်ပြီး လူပေါင်း ၁၇၆၀၉၀ ခန့် ရေဘေးဒုက္ခကြုံခဲ့ရကြောင်း သြဂုတ် ၂၃ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။ နိုင်ငံအလယ်ပိုင်း မာရာဒီဒေသ အနောက်ပိုင်းရှိ ဒေါ့စ်ဆိုနှင့် တီကဘာရီဒေသအပါအ၀င် မြို့တော်နီယာမီတို့ တွင် ရေဘေးဒုက္ခအများဆုံး ကြုံတွေ့လျက်ရှိသည်။ (အင်တာနက်)
**တရုတ်အရှေ့မြောက်ပိုင်းတွင် တံတားတစ်စင်းပြိုကျ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ**
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်ပြည်နယ် ဟာကင်မြို့တွင် သြဂုတ် ၂၄ ရက် နံနက်က ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံတည်ဆောက်ထားသည့် ယန်မင်းတန်အမည်ရှိ မြစ်ဖြတ်တံတားတစ်စင်းပြိုကျမှုကြောင့် တံတားပေါ်မောင်းလာသည့် ထရပ်ကားလေးစီး မီတာ ၃၀ အမြင့်မှ မြေပြင်ပေါ်သို့ ထိုးကျခဲ့ရာ သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းဌာနများက ပြောကြားသည်။ အဆိုပါ တံတားကြီး၏ ပင်မကိုယ်ထည်တစ်ဖက်သို့ တိမ်းစောင်းသွားပြီး ယင်းနေ့ နံနက် ၅ နာရီခွဲက မြေပြင်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဟာဘင်မြို့ဆောက်လုပ်ရေးကော်မတီအဖွဲ့ ဒုတိယခေါင်းဆောင် ဆူကျင်ဒီက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆေးဝါးကုသမှုခံယူလျက်ရှိသည်။ (အင်တာနက်)
**ဆလိုဗေးနီးယားနိုင်ငံ၌ အပျော်စီးမီးပုံးပျံပျက်ကျ**
(ဂျူဗလီဂျာနာ၊ သြဂုတ် ၂၄) ဆလိုဗေးနီးယားနိုင်ငံအလယ်ပိုင်းဂျူဗလီဂျာနာမြို့မှ ၁၀ ကီလိုမီတာခန့်အကွာ၌ အပျော်စီးမီးပျံတစ်လုံး သြဂုတ် ၂၄ ရက်က လေပင်းမုန်တိုင်းတိုက်ခတ်ခံရပြီးနောက် ပျက်ကျခဲ့ရာ အဆိုပါမီးပုံးပျံတွင် လိုက်ပါစီးနင်းသူလေးဦး သေဆုံးခဲ့ကြောင်း ဆလိုဗေးနီးယားသတင်းဌာနက သြဂုတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အပျော်စီးမီးပုံးပျံတွင် ၃၂ ဦးလိုက်ပါစီးနင်းခဲ့ရာမှ ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်က ပျက်ကျခဲ့ခြင်းဖြစ်သည်။ ၄င်းမီးပျံပျက်ကျခဲ့သည့်နေရာမှာ ဂျူဗလီဂျာနာမြို့တောင်ဘက် ဆင်ခြေဖုံးအရပ်၌ဖြစ်သည်။ မီးပုံးပျံပျက်ကျမှုကြောင့် သေဆုံးသူလေးဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းသေဆုံးသူများတွင် နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ကလေးငယ်များပါဝင်ကြောင်း သတင်း၌ဖော်ပြသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment