-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း -
**ရုပ်ရှင်မင်းသားနီကိုလပ်စ်ကေ့ခ်ျ၊ ဟယ်ရီဆင်ဖို့ဒ်နှင့် ကလင့်အိစ်ဝုဒ်တို့ သရုပ်ဆောင်မည်**
(လော့်စ်အိန်ဂျလိစ်၊ သြဂုတ် ၂၄) ကမ္ဘာကျော်အက်ရှင်ရုပ်ရှင်မင်းသားများ ပါဝင်သရုပ်ဆောင်ထားသည့် The Expendables-2 ရုပ်ရှင်ကားသည်ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ပရိသတ်များ နှစ်သက်စွာ အားပေးမှုများကြောင့်နောက်ထပ် ယင်းဇာတ်ကားတွဲသစ်ဆက်လက် ရိုက်ကူးရန်စီစဉ်နေကြောင်း ရုပ်ရှင်မင်းသား နီကိုလပ်စ်ကေ့ခ်ျက သြဂုတ်၂ဝ ရက်တွင်ထုတ်ဖော်ပြောကြားသည်။ ရုပ်ရှင်မင်းသား နီကိုလပ်စ်ကေ့ခ်ျက နောက်ထပ်ဇာတ်ကားတဲသစ်တွင်ကလင့်အိစ်ဝုဒ်၊ ဟယ်ရီဆင်ဖို့ဒ်နှင့်အတူ မိမိလည်; ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ကလင်အိစ်ဝုဒ်နှင့်ဟယ်ရီဆင်ဖို့ဒ်တို့သည်အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း The Expendables- 2 ဇာတ်ကားထုတ်လုပ်သူ အဗီလာနာကလည်းနောက်ထပ်ဇာတ်ကားတွဲကို ရိုက်ကူးရန်စိတ်အားထက်သန်လျက်ရှ်သည်။ (အင်တာနက်)
**ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးခရစ္စတင်းစတီးဝပ် ပရိသတ်နှင့်တွေ့ဆုံပွဲများ ပြုလုပ်မည်**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၄)
ဟောလိဝုဒ်၌နာမည်ကြီးနေသည့် ရုပ်ရှင်မင်းသမီး ခရစ္စတင်းစတီးဝပ်သည် The Twilight Saga: Breaking Dawn-Part 2 ဇာတ်ကားနှင့်ပတ်သက်ပြီး တွေ့ဆုံပွဲများတက်ရောက်ရန် အမေရိကန်နိုင်ငံတစ်ဝန်း ခရီးထွက်ရန် စီစဉ်လျက် ရှိသည်။ လူကြိုက်များပြီး ရုံဝင်ငွေစံချိန်ရရှိခဲ့သော ယင်းဇာတ်ကားနှင့် ပတ်သက်ပြီး ပရိသတ်များနှင့် တွေ့ဆုံပွဲများပြုလုပ်ရန် သြဂုတ် ၂၅ ရက်တွင် ဆန်အန်တိုနီရိုမြို့၊ စက်တင်ဘာ ၂၉ ရက်တွင် ဒက်ထရွိုက်မြို့နှင့် အောက်တိုဘာ ၃ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့တို့ကို လှည့်လည်သွားရောက်မည်ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်ရှိုရုပ်ရှင်မင်းသမီး ခရစ္စတင်းစတီး ၀ပ်သည် ၂၀၁၂ ခုနှစ်အတွင်း ရုပ်ရှင်ကားသုံးကားကို ရုံတင်ပြသနိုင်ခဲ့သည်။ ယင်းရုပ်ရှင်ကာမှာ Snow White and the Huntsman? On the Road နှင့် The Twilight Saga; Breaking Dawn-Part 2 ဇာတ်ကားများဖြစ်သည်။ ယင်းရုပ်ရှင် ကားများအနက် On the Road နှင့် he Twilight Saga; Breaking Dawn Part 2 ဇာတ်ကားများကို ကိုယ်တိုင်သရုပ် ဆောင်ပြီး ကိုယ်တိုင်ပူးတွဲထုတ်လုပ်သူအဖြစ် လုပ်ကိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ဦးလည်းဖြစ်သည်။ (အင်တာနက်)**နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ် မစ်ဒယ်ဝိတ်တန်းလက်ဝှေ့ပွဲ ဒါရင်ဘာကာနှင့် ဆီမွန်ရိုတိုလိုတို့ ထိုးသတ်မည်**
(လန်ဒန်၊ သြဂုတ် ၂၄) နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲအဖြစ် ဗြိတိန်လက်ဝှေ့သမား ဒါရင်ဘာကာနှင့် အီတလီလက် ဝှေ့သမား ဆီမွန်ရိုတိုလိုတို့ လာမည့် စက်တင်ဘာ ၈ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ဒါရင်ဘာကာနှင့် ရိုတိုလိုတို့ ၏ လက်ဝှေ့ပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အလက်ဇန္ဒြားပဲလေ့အားကစားရုံး၌ ထိုးသတ်ရန် စီစဉ်ထားသည်။ ဗြိတိန်လက်ဝှေ့ သမား ဒါရင်ဘာကာသည် အသက် ၃၀ အရွယ်ရှိပြီး အရပ်ခြောက်ပေမြင့်သူဖြစ်သည်။ ဒါရင်ဘာကာသည် လက်ဝှေ့ပွဲပေါင်း ၂၄ ပွဲထိုးသတ်ခဲ့ရာ ၂၃ ပွဲနိုင်ပြီး တစ်ပွဲသာရှုံးထားသည့် မှတ်တမ်းရှိသည်။ နိုင်ပွဲ ၂၃ ပွဲအနက် ၁၄ ပွဲမှာ အလဲထိုးပွဲများဖြစ်သည်။ ဒါရင်ဘာကာသည် ဥရောပမစ်ဒယ်ဝိတ် ချန်ပီယံဟောင်းတစ်ဦးလည်း ဖြစ်သည် ။အီတလီလက်ဝှေ့သမား ရိုလိုတိုမှာ အသက် ၃၆ နှစ်အရွယ်ရှိပြီး အရပ် ၅ပေ၁၁ လက်မမြင့်သည်။ လက်ဝှေ့ပွဲပေါင်း ၃၇ ပွဲထိုးသတ်ခဲ့ရာတွင် ၃၅ ပွဲနိုင်ပြီး နှစ်ပွဲရှုံးထားသည်။ နိုင်ပွဲများအနက် ၁၅ ပွဲမှာ အလဲထိုးပွဲများဖြစ်သည်။ ဗြိတိန်လက်ဝှေ့သမား ဒါရင်ဘာကာသည် လက်ဝှေ့ပွဲများ ထိုးသတ်ခြင်းမှ တစ်နှစ်ခန့် ရပ်နားနေရာ၌ ယခုအခါ ကြိုးဝိုင်းအတွင်း ပြန်လည်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဝေယံဦး

No comments:
Post a Comment