ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 19, 2012

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

>
** အာရှရိုးရာတိုင်းရင်းဆေးများတွင်အာဖရိကခြင်္သေ့ ရိုးများ အသုံးပြုလာ** 
(ဟနွိုင်း သြဂုတ် ၁၇)
အာရှရိုးရာတိုင်းရင်းဆေးများတွင် ခြင်္သေ့ရိုးများထည့်သွင်း အသုံးပြုလာခြင်းကြောင့် တောင်အာဖရိကမှ အာရှတိုက်အရှေ့ ပိုင်းသို့ ခြင်္သေ့ရိုးတင်ပို့မှု အားကောင်းလာရာ ခြင်္သေ့များ၏ အနာဂတ်ရှင်သန်ရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း သြဂုတ် ၁၆ရက် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ အထိမ်းအမှတ် အလို့ငှာ ခြင်္သေ့များကို အမဲလိုက် သတ်ဖြတ် နေကြခြင်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက အမျက်ထွက် လျက်ရှိသည် ။ခြင်္သေ့အရိုးအများစုကို ဗီယက်နမ်နှင့် လာအိုနိုင်ငံ များသို့တင် ပို့သည်။တောင်အာဖရိကတွင် နှစ်စဉ် ခြင်္သေ့ကောင်ရေ ၅ဝဝ ခန့်မှာ တရားဝင်အမဲလိုက်
သတ်ဖြတ်ခြင်း ခံနေရသည်။ ယောက်ျားဟော်မုန်းဆေးများဖော်စပ်ရာတွင် ကျားရိုးများအစား အသုံးပြုလာသဖြင့် ခြင်္သေ့ရိုးများ ဝယ်လိုအားေ ကာင်းလာခဲ့သည်။ ယခုအခါတွင် အာရှတိုက်မှအမဲ လိုက်သူများက ခြင်္သေ့ရိုးများကို ရယူလိုသောကြောင့် ခြင်္သေ့များအား အမဲလိုက်ရန် ခွင့်ပြုမိန့်များ ဝယ်ယူနေကြသည်။ ယခုရက်ပိုင်းတွင် ခြင်္သေ့ရိုး တစ်ခုကို ဒေါ်လာ ၁ဝဝဝဝ ဈေးပေါက်သည်။ (အင်တာနက်)
** ထိုင်းနိုင်ငံ ဖူးခက်ကျွန်းရှိ ညကပွဲရုံ၌မီးလောင်မှုဖြစ်ပွား လူလေးဦး သေဆုံး၍ ၁၂ ဦး မီးလောင်ဒဏ်ရာများရရှိ **
(ဗန်ကောက် သြဂုတ် ၁၇)
ထိုင်းနိုင်ငံတောင်ပိုင်းရှိ နာမည်ကျော် ဖူးခက်အပန်းဖြေကျွန်းမှ ညကပွဲရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ ရာ လေးဦးသေဆုံး၍ ၁၂ ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရသူအများစုမှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် များဖြစ်ကြကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားသည်။သြဂုတ် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖူးခက်ကျွန်း၏ နာမည်ကျော် ပါတုန်းပင်လယ် ကမ်းခြေရှိ တိုက်ဂါးအမည်ရှိ ညကပွဲရုံတွင် မီးလောင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ထရန်စ ဖော်မာ တစ်လုံး မိုးကြိုးပစ်ခံရသဖြင့် မီးလောင်မှုဖြစ်ပွား ရသည်ဟု ယူဆရသည်။မီးလောင်မှုကို တစ်နာရီခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း၊ ဒဏ်ရာရရှိသော ထိုင်းလူမျိုးနှင့် နိုင်ငံခြားသားများအပါ အဝင် လူ ၂ဝ ကျော်ကို ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး မီးလောင်ဒဏ်ရာရရှိထားသူ နှစ်ဦးမှာ အခြေအနေဆိုးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။၂ဝဝ၉ ခုနှစ်က ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်တွင် အလားတူ ညကပွဲရုံ မီးလောင်မှုဖြစ်ပွားခဲ့ဖူးရာ လူ ၆ဝ ကျော် သေဆုံးခဲ့ပြီး နိုင်ငံခြားသား ငါးဦးအပါ အဝင် ဖြစ်သည်။ (ဆင်ဟွာ)
** တိုင်ဖွန်းမုန်တိုင်းကို ရင်ဆိုင်ရေးဗီယက်နမ်တပ်ဖွဲ့  ဝင်များ အသင့် ပြင်** 
(ဟနွိုင်း သြဂုတ် ၁၇)
ကမ္ဘာလှည့်ခရီးသွားများအသုံးပြုသည့် မော်တော်ဘုတ် ၅၇၅ စင်းအပါအဝင် မော်တော်ဘုတ်စင်းရေ ၁၁ဝဝဝ ကျော်ကို ကမ်းခြေပြန်လာရန် ယူနက်စကိုအဖွဲ့က ညွှန်ကြားထားသည်။ ယူနက်စကိုအဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားသော ဟာလောင်းပင်လယ်ကမ်းခြေသည် ကမ္ဘာ လှည့်ခရီးသည်များ အလည်အပတ်လာရောက်ရာဒေသဖြစ်ကြောင်း ကွင်နင်းပြည်နယ် ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းထိန်းချုပ် ရေးဌာနမှ ဒုတိယအကြီးအကဲက ပြောကြားသည်။ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နယ်စပ် ၌ တည်ရှိသည့် မောင်ချိုင်းမြို့သည် သြဂုတ် ၁၇ ရက် နှောင်းပိုင်းတွင် မုန်တိုင်း တိုက်ရိုက်တိုက် ခတ်ခံရဖွယ်ရှိနေပြီး ယင်းမြို့မှဒေသခံထောင်ပေါင်း များစွာကို လုံခြုံဘေးကင်းရာဒေသ သို့ ပြောင်းရွှေ့ေ ပးခဲ့ပြီး ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။တိုင်ဖွန်းမုန်တိုင်း ကိုင်တက်သည် သြဂုတ် ၁၆ ရက်က ဖိလစ်ပိုင်နိုင်ငံ အဓိကကျွန်းမကြီးဖြစ်သော လူဇုန်ကျွန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ ကိုင်တက် မုန်တိုင်း ကျရောက်စဉ်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၃ ကီလိုမီတာ(၈၃ မိုင်)အထိ ရှိနိုင်ပြီး မြေပြိုမှုများလည်း ဖြစ်ပွားနိုင်ကြောင်း ဗီယက်နမ်မိုးလေဝသဌာနက ပြောကြားသည်။ ဗီယက်နမ်နိုင်ငံတွင် နှစ်စဉ်အပူပိုင်းမုန်တိုင်း ရှစ်ကြိမ်မှ ၁ဝ ကြိမ်အကြား တိုက်ခတ်လေ့ရှိပြီး ယင်းမုန်တိုင်းများကြောင့် လူသေဆုံးမှုများနှင့် ပစ္စည်းထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားလေ့ရှိသည်။ (အင်တာနက်)
** ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သော မြေပြိုမှုများကြောင့် ယခင်ခန့်မှန်းခဲ့သည်ထက် သေဆုံးသူ ၁ဝ ဆပိုများ** 
(ဒါဟမ်း သြဂုတ် ၁၇)
ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သော မြေပြိုမှုများကြောင့် လူသေပျောက်မှုနှုန်းထားသည် ယေဘုယျ ခန့်မှန်းချက် များ ထက် ၁ဝ ဆ၏ပိုမိုမြင့်မားကြောင်း သြဂုတ် ၁၆ ရက်တွင်ထုတ်ပြန်သော ဗြိတိသျှသုတေသနများ ၏ လေ့လာချက်၌ ဖော်ပြထားသည်။ အသေအပျောက်အများ ဆုံးမြေပြိုမှုများသည် တောင်အာရှဒေသ၊ တရုတ်နိုင်ငံနှင့်လက်တင်အမေရိကဒေသများ၌ ဖြစ်ပွားခဲ့ ကြောင်း ဗြိတိသျှသုတေသနပညာရှင် များက ပြောကြားခဲ့သည်။ ၂ဝဝ၄ ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ်အကြား ခုနစ်နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းလုံး၌ လူအသေ အပျောက် ရှိခဲ့သောမြေပြိုမှုပေါင်း ၂၆၂ဝ ကြိမ် ပေါ်ပေါက်ခဲ့ပြီး ယင်းမြေပြိုမှုများအတွင်း သေဆုံးသူဦးရေ ၃၂၃၂၂ ဦးအထိရှိခဲ့ကြောင်း အင်္ဂလန် အရှေ့မြောက်ပိုင်း ဒါဟမ်းတက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ လူအသေအ ပျောက်ရှိေ သာ မြေပြိုမှုများသည် မြောက်ယဉ်စွန်းတန်း ဒေသနွေရာသီကာလ၊ အထူးသဖြင့် အာရှမုတ်သုံရာသီကာ လအတွင်း အများဆုံးဖြစ်ပွားခဲ့ပြီး တောပြုန်း တောင်စောင်းဒေသများ၌ တည်ဆောက်ထားသော လူနေထူထပ်သည့် ကျူးကျော် ရပ်ကွက်များတွင် မြေပြိုမှုကြောင့် လူအသေ အ ပျောက်ဖြစ်စဉ် များ ပေါ်ပေါက်လေ့ရှိကြောင်း သုတေသနပညာရှင်များ၏ လေ့လာချက်အရ သိရသည်။ အာရှဒေသ၌ လူအသေအပျောက်ရှိသည့် မြေပြိုမှုများဖြစ်ပွားတတ်သော နေရာများမှာ ဟိမဝန္တာကုန်းမြင့် တောင် ဘက်စွန်းဒေသ၊ သီရိလင်္ကာ၊ တရုတ်ကမ်းရိုးတန်းဒေသများ၊ တရုတ် နိုင်ငံ အလယ်ပိုင်း စီချွမ်မြစ် ဝှမ်း၊ တောင်ကုန်းဒေသများ၊ တရုတ်(တိုင်ပေ)၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်းဒေသ များ ဖြစ်ကြသည်အနောက်ယဉ် စွန်းတန်းဒေသ၌ လူအသေအပျောက် များသော မြေပြိုမှုများ သည် ဟေ တီနိုင်ငံ၊ ကိုလံဘီယာနှင့် မက္ကဆီကို နိုင်ငံ များမှသည် ချီလီနိုင်ငံများအထိ ဖြစ်ပေါ်တတ်ကြောင်း၊ ယင်းဒေသများ၏ တောပြုန်းတောင် စောင်းဒေသများမှာ မုန်တိုင်းတိုက်ခတ်မှု ဒဏ်ကို ခံစားရအလွယ်ဆုံးေ ဒသများဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။ မြေပြိုမှုများသည် မူဝါဒနှင့်အယူအဆ အပြောင်းအလဲပြုလုပ် ဖြေရှင်းသင့် သော တစ်ကမ္ဘာလုံးဆိုင်ရာဘေးဒုက္ခ တစ်ရပ်ဖြစ် ကြောင်း ဒါဟမ်းတက္ကသိုလ်မှ သုတေသန ပညာရှင်များက သုံးသပ်ခဲ့သည်။ (အေအက်ဖ်ပီ)
** ဂျာမန်တပ်မတော်၏ ပြည်တွင်းပြဿနာများကိုင်တွယ်ဖြေရှင်းမှုကဏ္ဍကို ပိုမိုတိုးချဲ့** 
( ဘာလင် သြဂုတ် ၁၇)
ဂျာမနီပြည်တွင်း၌ ပြင်းထန်သောအခြေအနေဆိုးတစ်ရပ် ပေါ်ပေါက်လာပါက ဂျာမန်တပ်မတော်အနေဖြင့် လက်နက်များ အသုံးပြု၍ ဖြေရှင်းတားဆီးနိုင်ခွင့်ကို အနာဂတ်ကာလတွင် ရရှိ လာလိမ့်မည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။ ပြည်တွင်း၌ လူအသေအပျောက် များပြားနိုင်မည့် တိုက်ခိုက်မှုတစ်ရပ်ကို ကြုံရမည်ဆိုလျှင် ဂျာမနီလက် နက်ကိုင် တပ်ဖွဲ့များအား ဖြန့်ကြက်နိုင်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ လက်နက်ကိုင်တပ်ဖွဲ့ များ ဖြန့်ကြက်ရေး ဆုံးဖြတ်ချက်ကို ဖက်ဒရယ် အစိုးရက သဘောတူအတည်ပြုပေးရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယကမ္ဘာ စစ်နောက်ပိုင်းကာလတွင် ဂျာမနီလက်နက်ကိုင် တပ်ဖွဲ့များ ဖြန့်ကြက်မှုနှင့်ပတ်သက်၍ တင်းကျပ်သော ကန့်သတ်ချက်များကို ဂျာမနီဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်း ရေးဆွဲထားသည်။လက်ရှိတွင် ဂျာမနီစစ် ဘက်သည် ပြန်ပေးဆွဲခံ ထားရသည့် ခရီးသည်တင်လေယာဉ်ကို ပစ်ချနိုင်ခွင့်မရှိသေးပေ။ တိုက်လေယာဉ် များ အနေဖြင့်လည်း လေယာဉ်တစ်စင်း ပြန်ပေးဆွဲခံရပါက ယင်းလေယာဉ်ကို ကြားဖြတ်ဟန့်တား ၍ မြေပေါ်သို့ ပြန်လည်ဆင်း သက်စေရေးအတွက် သတိပေးခြောက်လှန့် ပစ်ခတ်မှုသာပြုလုပ်နိုင်ကြောင်း ဂျာမနီဖွဲ့ စည်းပုံအခြေ ခံဥပဒေ ဆိုင်ရာ တရားရုံးက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာ စစ်နောက်ပိုင်းေ ရးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ဂျာမနီပြည်တွင်း၌ လက်နက်ကိုင်ဆောင်ပြီး အသင့်အနေအထားရှိသော တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်နိုင်ခွင့်မရှိပေ။သို့ရာတွင် အခြေခံဥပဒေပြင် ဆင်ချက်အသစ်အရ လူ့အသက် ပေါင်းအမြောက်အမြား ခြိမ်းခြောက်ခံနေရသည့် အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းရန် လက်နက်ကိုင် တပ်ဖွဲ့ များအား အသုံးပြုနိုင်မည်ဖြစ်သည်။ (ဘီဘီစီ)
** ဆိုင်းနိုင်းကျွန်းဆွယ်ဒေသ အကြမ်းဖက်သမားများ ခိုလှုံရာနေရာဖြစ်လာနိုင်** 
(ဂျေရုဆလင် သြဂုတ် ၁၇)
 ဒေသခံ ဘီဒိုးအင်းလူမျိုးစုများ၏ အကူအညီဖြင့် စစ်သြွေကွထောင်ပေါင်းများစွာတို့သည် ဆိုင်းနိုင်းကျွန်း ဆွယ် ဒေသအတွင်း ခိုလှုံနေကြကြောင်း ၄င်းကပြောကြားခဲ့သည်။ အီဂျစ်နိုင်ငံ၌ လူထုအုံကြွမှုဖြစ်ပွားပြီး သမ္မတ ဟုံစနီ မူဘာရတ်ခ် အာဏာလက်လွတ်ဖြစ်ခဲ့ရပြီးနောက် ဆိုင်းနိုင်းကျွန်းဆွယ်ဒေသ၏ အခြေအနေ များ တည်ငြိမ်မှုမရှိတော့ကြောင်းသိရသည်။သြဂုတ် ၅ ရက်က ဆိုင်းနိုင်းကျွန်းဆွယ်ဒေသရှိ အီဂျစ် လုံခြုံရေး စခန်းတစ်ခုအား အမျိုးအမည်ခွဲခြားနိုင်ခြင်းမရှိသေးသော အကြမ်းဖက်အုပ်စုတစ်စုက ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး နယ်စပ်ကိုဖြတ်ကျော်၍ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှု ဖြစ် စဉ်အတွင်း အီဂျစ် လုံခြုံရေးတပ်ဖွဲ့ ဝင် ၁၆ ဦးသေဆုံးခဲ့ရသည်။ ဆိုင်းနိုင်းကျွန်း ဆွယ်ဒေသသည် တရားဥပဒေကင်းမဲ့သော ဒေသတစ်ခုအဖြစ် ပြောင်းလဲခဲ့ရပြီး ဒေသခံဘီဒိုးအင်း လူမျိုးစု များသည် မှောင်ခို လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် အကြမ်းဖက်သမားများကို အကူအညီများပေးခြင်းဖြင့် စီးပွားရှာ လျက်ရှိ ကြောင်း အစ္စ ရေးစစ်ဘက်တာဝန်ရှိသူက ပြောကြားခဲ့ သည်။ သြဂုတ် ၅ ရက် အကြမ်းဖက်တိုက် ခိုက်မှု ပေါ်ပေါက် ခဲ့ပြီးနောက် အီဂျစ်အစိုးရသည် ဆိုင်းနိုင်းဒေသသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ အမြောက် အမြားစေလွှတ်ခဲ့ ပြီး ဝေးလံခေါင်သီ သောနေရာများ အထိ တရားဥပဒေသက်ရောက်မှုရှိရန် ကြိုးပမ်းလျက်ရှိသည်။ (အေအက်ဖ်ပီ)

 စုစည်းဘာသာပြန် - တင်မော်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)