ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 19, 2012

-ယခုအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

>
 ** နိုင်ငံပေါင်း ၃ဝ သို့ ရောင်းချခဲ့ရသည့်ရိန်း၏ အက်ရှင်ဇာတ်ကား** နာမည်ကျော်ကိုရီးယားအဆိုတော်သရုပ်ဆောင်မင်းသား ရိန်း၏ အက်ရှင် ဇာတ်ကားသစ်ဖြစ်သည့် R2B: Return to Base ဇာတ်ကာားသည် ပြည်ပနိုင်ငံများ၏ အထူးအားပေးနှစ်သက်ခြင်းခံရပြီး နိုင်ငံပေါင်း ၃ဝသို့ ရောင်းချခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါဇာတ်ကား၏ ပြည်တွင်းဖြန့်ချိရေး ကုမ္ပဏီ CJဲ ကသတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာရာ၌ရိန်း၏အက်ရှင်ဇာတ်ကားကို ဥရောပနှင့် အာရှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃ဝ သို့ ကြိုတင်ရောင်းချ ခဲ့ရသည်ဟု ဆိုသည်။အဆိုပါကုမ္ပဏီက ရှင်းလင်းပြောကြားရာတွင် ရိန်း၏ဒေသ တွင်း အောင်မြင်ကျော်ကြားမှုကြောင့် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ ထိုင်ဝမ်၊စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများတွင် ကြိုတင်ရောင်းချခဲ့ရသကဲ့သို့ ဥရောပနိုင်ငံများဖြစ်သည့် အင်္ဂလန်၊ ပြင်သစ်၊ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ဆွစ်ဇာလန် နိုင်ငံတို့ကလည်း စိတ်ဝင်စားစွာဖြင့်ကြိုတင်ဝယ်ယူခဲ့ကြသည်ဟုဆိုသည်။ R2B: Return to Base ဇာတကားတွင် မင်းသားရိန်းနှင့် အတူ ပြHusband Got a Family ဇာတ်လမ်းတွဲမှ မင်းသားယိုဂျန်ဆန်နှင့် မင်းသမီး ရှင်ဆီဂျောင်းတို့ကအဓိက ပါဝင်သရုပ်ဆောင်ပြီး ကိုရီးယားကျွန်းဆွယ် စစ်ပွဲကာလအတွင်းက တိုက်လေယာဉ်မှူးများ၏ အချစ်နှင့်ဘဝကို ပုံဖော်ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။ယင်းဇာတ်ကားကို ကိုရီးယားနိုင်ငံတွင် သြဂုတ် ၁၅ ရက်ကစတင်ပြသနေပြီဖြစ်သည်။ ပြည်ပနိုင်ငံများအတွက် ယင်းဇာတ်ကားကို အင်္ဂလိပ်၊ဂျပန်နှင့် တရုတ်စာတန်းထိုးဖြင့် ဖြန့်ချိ ထားသည်။ (အင်တာနက်)
** ၂ဝ၁၂-၂ဝ၁၃ ပရီမီယာလိဂ်ဘောလုံးရာသီတွင်စောင့်ကြည့်ရမည့် လူငယ်ကစားသမားများ** (လန်ဒန် သြဂုတ် ၁၇)
2012-2013 ဘောလုံးရာသီသည် သြဂုတ် ၁၈ ရက်တွင် စတင်တော့မည်ဖြစ်ရာ ပရီမီယာလိဂ် ပြိုင်ပွဲဝင် အသင်းတိုင်းက ကိုယ်စီအောင်မြင်မှုရရှိရေး ကြိုးပမ်းလာကြည်မည်ဖြစ်သည်။ ထိုသို့ ကြိုးပမ်းကြရာ၌ ပရီမီယာ လိဂ်ရာသီ စောင့်ကြည့်ရမည့် လူငယ်ကစားသမားများ၏ စွမ်းဆောင် ရည်က ကြောက်မက်ဖွယ် ရှိလာမည်ဖြစ်သည်။ ယင်းလူငယ်ကစားသမားများမှာ - ရို့စ်ဘာကလေ(အဲဗာတန်) ရို့စ်ဘာကလေသည် အသက်(၁၈)နှစ်အရွယ်သာရှိသေးသည်။ အဲဗာတန်အသင်း၏ ကွင်းလယ်ပိုင်းအတွက် အားထားရသည့် ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်ပြီး မန်ယူအသင်းမှ တိုက်စစ်မှူးရွန်းနီနှင့်အပြိုင် အပြန် အလှန်က စားနိုင်စွမ်းရှိသည်။ ထို့ကြောင့်အင်္ဂလန် အသင်း ကလည်း ကွင်းလယ်ကစားသမား ရို့စ်ဘာက လေအား အသက်အရွယ်ငယ်သေး သော်လည်း အသက်(၂၁)နှစ်အောက်ပြိုင်ပွဲများတွင် ထည့်သွင်း အသုံးပြုခဲ့သည်။ အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်၏ လက်လွှတ်ဖွယ်မရှိ ယုံကြည်ရသည့် ကစားသမားလည်း ဖြစ်သည်။ ထို့ ကြောင့် ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ကလည်း ရို့စ်ဘာကလေအား ခေါ်ယူရန် စောင့်ကြည့်မှုများ ပြုလုပ်နေကြသည်။
၂။ နစ်ခ်ပိုဝဲလ်(မန်ယူ) နစ်ခ်ပိုဝဲလ်သည် အသက်(၁၈)နှစ်အရွယ်သာရှိသေးသော်လည်း ၂ဝ၁ဝ ခုနှစ်မှ၂ဝ၁၂ ခုနှစ် မန်ယူအသင်းသို့ မရောက်မီအထိ ခရူဝီအသင်းတွင် အကောင်းဆုံးခြေစွမ်းပြကစား ခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ခရူဝီအသင်းအတွက် ပွဲပေါင်း ၄၅ပွဲကစားပြီး ၁၆ ဂိုးသွင်းယူနိုင် ခဲ့သည့် ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်သည်။ထို့ကြောင့် စကော့တလန်နိုင်ငံသား နည်းပြ ကြီးဖာဂူဆန်က နစ်ခ်ပိုဝဲလ်အားပြောင်းရွှေ့ကြေးပေါင် ၆ သန်းဖြင့် အပြီးသတ်ခေါ် ယူခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဖာဂူဆန်က နစ်ခ်ပိုဝဲလ်အားအသင်း၏ရာသီအကြို ခြေစမ်းပွဲများတွင် လည်း ထည့်သွင်းအသုံးပြုခဲ့သည်။
၃။ ဟယ်ရီကိန်း(စပါး) ဟယ်ရီကိန်းသည် အသက်(၁၉)နှစ်အရွယ်ရှိ တိုက်စစ်မှူးတစ်ဦးဖြစ်သည်။တိုက်စစ်မှူး ဟယ်ရီကိန်းသည် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ စပါးလူငယ်အသင်းတွင်ပါဝင်ကစားခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ချန်ပီယံရှစ်က လပ် မီလ်ဝေါအသင်းသို့ အငှားချထားခဲ့သည်။ ပြီးခဲ့သည့်ရာသီက မီလ်ဝေါအသင်းတွင် အငှားသွားရောက် ကစားစဉ်၂၈ ပွဲကစားပြီး ၁ဝ ဂိုးသွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။ စပါးအသင်း၏ရာသီ အကြိုခြေစမ်းပွဲများတွင်လည်း ထက်ထက်မြက်မြက် စွမ်းဆောင်နိုင်ခဲ့၍ ယခုနှစ် ဘောလုံးရာသီတွင် ဂါရတ်ဘေးလ်၊ ကီလီဝေါ့ကာတို့၏ ခြေစွမ်းကို အမီလိုက်လာနိုင်မည့် ကစားသမား တစ်ဦးဟုလည်း စပါးအသင်း၏ ပေါ်တူဂီနည်းပြကြီး အန်ဒရီဗီလာဘိုအာ့စ်က မျှော်လင့်ထားသူလည်းဖြစ်သည်။
၎။ စတာလင်(လီဗာပူး) စတာလင်သည် အသက်(၁၇)နှစ်သာရှိသေးပြီး အသင်းအတွက် စိတ်ချရသည့် တောင်ပံကစားသမား တစ်ဦးဖြစ်သည်။ စတာလင်သည် ဂျာမေကာနွယ်ဖွား တစ်ဦး ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောက၏ အတောက်ပဆုံးလူငယ်ကြယ်ပွင့်လေးများဟု တင်စား ခံထားရသည့် လူငယ်ကစားသမားများထဲတွင် တစ်ဦးအပါအဝင်လည်းဖြစ်သည်။ လီဗာပူးအသင်းသည် စတာလင်အား ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလက ကျူပီအာအသင်း ထံမှ ပြောင်းရွှေ့ကြေးပေါင် ၆ဝဝဝဝဝ ဖြင့်ခေါ်ယူ စာချုပ်ခဲ့သူဖြစ်ပြီး၎င်း၏ ဘောလုံးစွမ်း ရည်ကြောင့် ပေါင် ၅ သန်းအထိ တိုးမြှင့်ပေးခဲ့သည်။ တောင်ပံကစားသမားစတာလင်သည် မတ်လအတွင်း က ဝီဂန်အသင်းနှင့် ယှဉ်ပြိုင်ရသည့် ပွဲစဉ်တွင် ပွဲချိန်ပြည့်ထည့်သွင်းကစားရာမှအသင်း၏ အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသူဖြစ်သည်။
၅။ နာသာနီရယ်ကလီနီ(ဆောက်သမ်တန်) ကလီနီသည် ခံစစ်ပိုင်းတွင် အားထားရသည့် အသက်(၂၁)အရွယ်ရှိ လူငယ် ကစားသမားတစ်ဦးဖြစ်သည်။ ကလီနီသည် တစ်ချိန်က ခရစ္စတယ်ပဲလေ့အသင်း၏ အကောင်း ဆုံး နောက်တန်းကစားသမားတစ်ဦးဖြစ်ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘောလုံးရာသီတွင် အကောင်း ဆုံးလူငယ်ကစားသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ အင်္ဂလန်အသက် (၂၁)နှစ်အောက်ပြိုင် ပွဲတွင်လည်း အသန့်ရှင်းဆုံးဆုရရှိထားသူဖြစ်ပြီး တန်းတက်အ သင်း ဆောက်သမ် တန်အတွက်အရေးပါဆုံးခံစစ်လက်နက် သဖွယ်ဖြစ်လာနိုင် သည်ဟု ဆောက်သမ်တန် အသင်းတာ ဝန်ရှိသူများက ယုံကြည်ထားသူလည်း ဖြစ်သည်။ (အင်တာနက်)
**လိုက်ဝိတ်တန်းလက်ဝှေ့ချန်ပီယံပွဲစဉ် မိုက်ကယ်ပီရက်ဇ်နှင့် မာဒိုနာဒိုတို့ ထိုးသတ်မည်** 
(လပ်ဗီးဂတ်စ်၊ သြဂုတ် ၁၇) ကမ္ဘာ့လက်ဝှေ့ကောင်စီ၏ လိုက်ဝိတ်တန်းလက်ဝှေ့ချန်ပီယံထိုးသတ်ပွဲအဖြစ် အမေရိကန်မှ မိုက်ကယ်ပီရက်ဇ်နှင့် ပြိုင်ဘက်အမေရိကန်လက်ဝှေ့သမားဖီဒယ်မာဒိုနာဒိုတို့ သြဂုတ် ၂၄ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် နီဝပ်မြို့သား မိုက်ကယ်ပီရက်ဇ်သည် အသက် ၂၂ နှစ်အရွယ်ရှိပြီး အရပ် ၅.၉ လက်မမြင့်သူဖြစ်သည်။ လက်ဝှေ့ပွဲပေါင်း ၁၈ ပွဲထိုးသတ်ခဲ့ရာ ၁၇ ပွဲနိုင်ပြီး တစ်ပွဲရှုံးနိမ့်ထားသည်။ နိုင်ပွဲများ အနက် ၁၆ ပွဲမှာ ဒိုင်ပွဲရပ်များဖြစ်သည်။ ဖီဒယ်မာဒိုနာမှာ ၂၄ နှစ်အရွယ်ရှိပြီး အမေရိကန်နိုင်ငံသားလက်ဝှေ့သမားတစ်ဦးဖြစ်သည်။ အရပ် ၅.၉ လက်မမြင့်ပြီး လက်ဝှေ့ပွဲပေါင်း ၁၄ ပွဲထိုးသတ်ခဲ့ရာ ၁၃ ပွဲနိုင်ပြီး တစ်ပွဲရှုံးနိမ့်ထားသည် နိုင်ပွဲများအနက် ၁၁ ပွဲမှာ ဒိုင်ပွဲရပ်များဖြစ်သည်။ မိုက်ကယ်ပီရက်ဇ်က “မိမိသည် ယခုပွဲစဉ်၌ အနိုင်ယူမည်ဟု ဆုံးဖြတ်ထားပြီဖြစ်ကြောင်း မိမိသည်ပွဲချီအနည်းငယ်အတွင်း၌ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူရန်အသင့်ရှိနေပြီဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
 စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)