-ဒုတိယသမ္မတသစ် (၁၅.၈.၂၀၁၂)ကျမ်းကျိန်မည်-
လစ်လပ်သွားသောဒုတိယသမ္မတရာထူးနေရာအတွက်(၁၅.၈.၂၀၁၂) မနက် ၁၀ နာရီတွင် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှ အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်အတွင်းသွားရောက်သတင်းရယူနေသည့် The Messenger ဂျာနယ်သတင်းသမားတစ်ဦးက သတင်းပေးပို့သည်။ ဒုတိယသမ္မတအဖြစ်ရွေးချယ်ခံရသူက ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်တွင် တစ်ခါတည်း ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်း လွှတ်တော်ရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဒုတိယသမ္မတရာထူးအတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ရေပန်းစားနေကြောင်းသိရသည်။
**အောင်မျိုးကျော် **
(Sent via Seesmic http://www.seesmic.com/)

No comments:
Post a Comment