ကဗျာဆရာဟာ မြေ၀ပ်ငှက်ကလေးလိုလည်း နေတတ်တယ်၊ ကြယ်ကလေးတွေလိုလည်း မှိတ်တုပ် မှိတ်တုတ်နေတတ်တယ် ကဗျာဆရာ ဆိုတော့ ပန်းတွေက ဖြူသည်ဖြစ်စေ၊ ၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ ပန်းတွေ လှနေပါစေ၊ ဒါပေမယ့် ပန်းသည် မလေးဘ၀ မလှတာကိုတော့ မြင်ရမယ်။ ပြီးတော့ စင်္ကြာပန်းပွင့်ဖြူဖြူလေးတွေ၊ ညှာတံနီလေးနဲ့ ဆိပ်ဖလူးပန်းကလေးတွေ မျက်တောင် ကော့ကော့လေးနဲ့ ခရေပွင့်ကလေးတွေ သူတို့ဘ၀တွေကို သူတို့ မွှေးကြိုင်လှပဖိတ်လက်နေအောင် သူတို့တွေဖွဲ့ဆိုနိုင် ခဲ့ကြတယ်။ သစ်တော်ပင်လေးတစ်ပင်ဟာ ကဗျာဆရာ ဖြစ်တယ်လို့ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဘယ်အပင်၊ ဘယ်အသီး၊ ဘယ်အရွက်ပဲဖြစ်ဖြစ်၊ တို့ထိလိုက်ရင် ချိုမြိန်သွားပါလိမ့်မယ်။ သစ်သီးတစ်လုံး သီးတိုင်း သင်တို့အတွက်ဖြစ်တယ်။ ပန်းတစ်ပွင့် ပွင့်တိုင်း သင်တို့အတွက် ဖြစ်တယ်။ နေမင်းကြီးကို လမင်းကြီးက ထောက်လှမ်းချင် ထောက်လှမ်းမယ်။ ကြယ်လေးတွေကို လေပြည်က၊ လေပြည်ကို ပန်းလေးတွေက၊ ပန်းတွေကို ကမ္ဘာမြေက၊ ကမ္ဘာမြေကို မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေက ကျွန်တော်တို့ အူတွေထဲမှာ မီးခိုတလူလူထွက်နေပါပြီ။ ခင်ဗျားဝတ်တာ ကဗျာအင်္ကျီ၊ ကျွန် တော်ဝတ်တာ ကဗျာအင်္ကျီ၊ အင်္ကျီလေးတစ်ထည်နဲ့ ကမ္ဘာကြီးအလယ်ခေါင် ရောက်ခဲ့ရတယ်ဆိုပေမယ့် ကမ္ဘာကြီးကို စကားမပြောရသေးဘူး၊ ကမ္ဘာကြီးကို ကုန်ခန်းသွားနိုင်လောက်အောင် ပြောရမယ့်ကိစ္စတွေဖြစ်နေတာကို ခုမှပဲ တွေ့ရ ပါလား။ ကမ္ဘာမြေကြီးရဲ့ ရင်ခေါင်းကို အနက်ရှိုင်းဆုံး တူးဆွလာတဲ့ မြေတူးသမား။ ကမ္ဘာကြီးကိုလည်း ဖောက်ထွင်းတယ်၊ နံရံအားလုံးကိုလည်း ဖောက်ထွင်းတယ်၊ ကျောက်မျက်ရတနာ အားလုံးကိုလည်း ဖောက်ထွင်းတယ်။ အရာဝတ္ထုအားလုံးကို ဖောက်ထွင်းသိမြင်ပြီး တည်ဆောက်ထားတဲ့ အရာ၊ တစ်ချက်အတူးမှားရင် တွေ့ ထားတဲ့ ကျောက်မျက်ရတနာ ပဲ့ရွဲ့ပြီး တန်ဖိုးဆုံးရှုံးနိုင်သလို မြေကြီးတွေ ကိုယ် ပေါ်ပြိုကျပြီး အသက်ဆုံးရှုံးနိုင်တယ်။ အက်စစ်ကန်ထဲ ထည့်ထည့်၊ ရေကန်ထဲ ထည့်ထည့် အရည်ပျော်မသွားဖို့၊ ရေစီးကြောင်းအမျိုးမျိုးကို ဖြတ်သန်းရင်း ကိုယ့် စိတ်ထဲက အလင်းရောင်တစ်ခုခုကို ရှာဖွေနေတာအတွက်ပဲ၊အနော်မာသောင်ကမ်းမှာ ကျွန်တော့်ဘ၀ကို မြေကြီးနဲ့ ရောနှောခဲ့ပါတယ်။ အနာဂါတ်သန်းပေါင်း စွားအတွက်ပဲ။ထိတွေ့မှု ရိုက်ခတ်မှုရှိနေတဲ့ ခေတ်တွေရဲ့ လူတွေရဲ့ ဖြစ်တည်မှု၊ လူတွေရဲ့ဘ၀အမော၊ ဖြတ်သန်းနေရတဲ့ခေတ်ရဲ့အနာ၊ ပျော်ရွှင်မှု၊ အဲ့ဒါတွေ အားလုံး။ မျက်မှောက်ခေတ်ဟာ ကျွန်တော်ရဲ့ ချစ်သူစစ်ဖြစ်သလို ကျွန်တော်ရဲ့ ရန်သူစစ်စစ်၊ ဘ၀ကို အလောင်အကျွမ်းခံပြီးမှရတဲ့ အနုပညာစစ်စစ်၊ အခိုက် ဓါတ်လည်းဖြစ်ခဲ့ပြီ ၊မှော်သားလည်းပါဝင်ခဲ့ပြီ။နှလုံးသွေးကို မှင်ဖျော်ပြီး ရေးခဲ့ပြီ။နှလုံးခုန်ချက် တစ်သိန်းထဲက ထွက်လာတဲ့ ခုန်ထိချက်တစ်ချက်ကို မှော်သွင်းပြီး ခုနှစ်စဉ်ကြယ်ပြောင် လေးများကို လှလွန်းလို့ ငေးကြည့်ရင်း သလဲသီးထဲက စီစီ ရီရီနဲ့ နီရဲနေတဲ့ သလဲစေ့လေးတွေကို အနေအထိုင်လေးတွေကို ချစ်မက်မိရင်း၊ ပွဲတော်တွေထဲမှ မီးရောင်စုံနဲ့ ဒုက္ခကြီးကြီးလည်ပတ်ရာမှ သူရဟတ်ကြီး အပျော် ကို စာနာရင်း မြို့ကြီးပြကြီးထဲက ညနေရီကြယ်ပြာလေး မာကျူရီအလွမ်းကို လွမ်းရင်း စိမ်းမြသစ်လွင်သော ရေဝေတောတန်းလေးရဲ့ ချမ်းမြေ့မှုကို သူတို့ အတူ ထပ်တူချမ်းမြေ့ရင်း မိုးစွေငှက်ကလေးရဲ့ ကောင်းကင်ကိုလေးစားတန်ဖိုး ထားရင်း၊ ရင်ကိုရင်ချင်း၊ ဂျက်ပင်ထိုးပြီးခါမှ အနုပညာကို ပေးပို့ခဲ့ရတာပါ။ Trubite to mg chaw new (1949-2002) Ref : မောင်ချောနွယ်သို့ အင်တာဗျား (ဟိန်းလတ်၊ လှကျော်နေ၊ မောင်သင်းခိုင်)၊ မောင်ချောနွယ်ဆန်သွားသောနေ့များ (မောင်ချောနွယ်)၊ ရထား (မောင်ချောနွယ်)၊ သမိုင်းဖတ်စာ (အောင်ချိမ့်၊ မောင်ချောနွယ်)၊ မောင်ချောနွယ်အတု (မောင်ချောနွယ်)၊ ကိုချောပြောတဲ့ ကဗျာ အကြောင်း (ဇေယျာလင်း)။
(ရဲမြင့်သူ) --
Posted By Blogger လူဗိုလ်
-ကဗျာဆိုတာ နှလုံးသားနှင့်ရေးစပ်ခြင်း - (ရဲမြင့်သူ)-
(ရဲမြင့်သူ) --
Posted By Blogger လူဗိုလ်



No comments:
Post a Comment