ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 15, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** The Expendables 2 ဇာတ်ကားမှာ အကောင်းဆုံးအက်ရှင်မင်းသားက ဘယ်သူလဲ**

 အပစ်အခတ်၊ အတိုက်အခိုက်များနှင့် အက်ရှင်ဇာတ်ကား ကြမ်းကြမ်းရမ်းရမ်းများကိုမှ သဘောကျနှစ်သက်သည့် ရုပ်ရှင်ချစ်ပရိသတ်များ၏ အာသီသကိုဖြည့်ဆည်း ပေးမည့် The Expendables 2 အက်ရှင်ဇာတ်ကား မကြာမီ ဖြန့်ချိပြသတော့မည်ဖြစ်သည်။ အဆိုပါဇာတ်ကားသည် ၂၀၁၀ ခုနှစ်က The Expendables ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်ပြီး ကမ္ဘာကျော် အက်ရှင်မင်းသား ၁၀ ဦး ပူးပေါင်းရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ၎င်းအက်ရှင်မင်းသား ၁၀ ဦးထဲမှ မည်သည့်မင်းသားက အကောင်းဆုံးအက်ရှင်မင်းသားဖြစ်သည်ဆိုသည်ကို အငြင်း ပွားရန် မဟုတ်၊ မိမိဘာသာမိမိ ရွေးချယ်ဆုံးဖြတ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။၎င်းတို့မှာ (၁)ဆီဗက်စတာစတာလုံး သူ၏အကောင်းဆုံး အက်ရှင်ဇာတ်ကားမှာ First Blood ဇာတ်ကားဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (၂) အာနိုး ၎င်း၏ အကောင်းဆုံး အက်ရှင်ဇာတ်ကားမှာ Terminator 2 ဇာတ်ကားဟုဆိုသည်။ (၃) ဂျက်ဆင်စတတ်ဟန် သူ၏အကောင်းဆုံး အက်ရှင် ဇာတ်ကားမှာ Snatch ဇာတ်ကားဖြစ်သည်။ (၄) The Hunger Games အက်ရှင်ဇာတ်ကားဖြင့် လူသိများခဲ့သည့် လိုင်ရမ် ဟမ်းစ်ဝက်။ (၅) ဘရုစ်ဝီလီစ် ၎င်း၏အကောင်းဆုံး အက်ရှင် ဇာတ်ကားမှာ Die Hard တို့ဖြစ်ကြသည်။ယင်းနောက် နံပါတ်(၆) တရုတ်အက်ရှင်မင်းသားဂျက်လီ၎င်း၏အက်ရှင်ဇာတ်ကားပေါင်းမြောက်မြားစွာထဲက Hero ဇာတ်ကားမှာ အကောင်းဆုံးဟု သတ်မှတ်ထားကြသည်။ (၇) ဒေါ်လ်ဖ်လန်ဒ်ဂျရန် သူ၏အကောင်းဆုံး အက်ရှင်ဇာတ်ကား မှာ Rocky IV ဟုဆိုကြသည်။ (၈) ရန်ဒီကွန်ထရီ ၎င်း၏ အကောင်းဆုံး အက်ရှင်ဇာတ်ကားမှာ The Expendables ဇာတ်ကားဖြစ်သည်။ (၉) တယ်ရီခရူးစ် သူ၏အကောင်းဆုံး အက်ရှင်ဇာတ်ကားမှာ The Longest Yard ဟု သတ်မှတ် ထားကြသည်။ (၁၀) ဗန်ဒမ်း သူ၏အကောင်းဆုံးအက်ရှင် ဇာတ်ကားမှာ Kickboxer ဇာတ်ကားဖြစ်သည်။အဆိုပါ အက်ရှင်မင်းသား ၁၀ ဦးကို ပူးပေါင်း၍ဒါရိုက်တာဆိုင်မွန်ဝပ်က ခန့်မှန်းခြေဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံကာ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်နှင့် အမေရိကန်နိုင်ငံနယူးအော်လင်းစ်တို့ကို နောက်ခံထားရိုက်ကူးတင်ဆက်ထားသည်။ ယင်းဇာတ်ကားကို လာမည့်သြဂုတ် ၁၆ ရက်တွင် ဥရောပနှင့် သြဂုတ် ၁၇ ရက်တွင် မြောက်အမေရိကတို့တွင် စတင်ဖြန့်ချိပြသတော့မည်ဖြစ်သည်။ (အင်တာနက်)

**အိမ်ရောင်းလိုက်သည့် ရုပ်ရှင်မင်းသမီးကိတ်ဝင်းစလက်**
 (လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၃) ရုပ်ရျှင်မင်းသမီး ကိတ်ဝင်းစလက်သည် အမေရိကန်နိုင်ငံ ကော်နစ်ကမ်းခြေတွင်ရှိသော သူမ၏နေအိမ်အား ပေါင်ငွေ ၇၀၀၀၀၀ ဖြင့်ရောင်းချလိုက်ပြီဖြစ်ကြောင်း သြဂုတ် ၁၃ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါအိမ်ကို ကိတ်ဝင်းစလက်၏ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ ဆမ်မင်းဒက်စ်နှင့်အတူနေထိုင်ရန် ၂၀၀၁ ခုနှစ်က ပေါင် ၃၈၀၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ၀ယ်ယူရာတွင် ကိတ်ဝင်းစလက်နှင့် ဆမ်မင်းဒက်စ်တို့ နှစ်ဦးပိုင်ငွေ ကြေးဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းအိမ်ကြီးတွင် အနုပညာလုပ်ငန်းများအားလပ်ချိန်တွင် ဆမ်မင်းဒက်စ်၊ ကိတ်ဝင်းစလက်နှင့် သမီးဖြစ်သူတို့ အပန်းဖြေနေထိုင်ခဲ့ကြသော်လည်း ယခုအခါ ဆမ်မင်းဒက်စ်နှင့် ကွာရှင်းပြတ်စဲပြီးနောက် ယင်းအိမ်သို့ တစ်ခါတလေမှသာ သွားရောက်ဖြစ်သည်။ ထို့အပြင် မကြာမီနှစ်က ၄င်းအိမ်၌ မီးလောင်မှုအနည်းငယ်ဖြစ်ပွားခဲ့သည့် အတွက်ကြောင့်အိမ်ကိုရောင်းချရန် ကိတ်ဝင်းစလက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်မင်းသမီး ကိတ်ဝင်းစလက်သည် လောလောဆယ်တွင် လက်ထပ်ခြင်းမရှိသေးဘဲ တစ်ဦးတည်း အနုပညာလုပ်ငန်းများ လုပ်ကိုင်လက်ရှိသည်။ (အင်တာနက်)

** အဲဗာတန်ကွင်းလယ်ကစားသမား ဂျက်ရော့ဒ်ဝဲလ်အားမန်စီးတီးအသင်း စာချုပ်ချုပ်ဆို**

 ခေါ်ယူလိုက်ပြီ** 
(မန်ချက်စတာ၊ သြဂုတ် ၁၃) ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ မစတင်မီ ရန်ပုံငွေပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကွန်မြူနတီ ဒိုင်းလုပွဲတွင် အနိုင်ရရှိခဲ့သော ပရီမီယာလိဂ်အင်အားကြီးကလပ်မန်စီးတီးအသင်း သည် အဲဗာတန်အသင်းမှ အသက်(၂၁)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဂျက်ရော့ဒ်ဝဲလ်အား ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် အပြီးသတ် စာချုပ် ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်သည်။မန်စီးတီးအသင်းသည် ကွင်းလယ် ကစားသမား ဂျက်ရော့ဒ်ဝဲလ်အားငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဂျက်ရော့ဒ်ဝဲလ်၏ ပြောင်းရွှေ့ကြေးသည်လည်း ပေါင် ၁၇ သန်းအထိ မြင့်တက်လာနိုင်ကြောင်းသတင်းတွင် ဖော်ပြသည်။ ဂျက်ရော့ဒ်ဝဲလ်သည် မန်စီးတီးအသင်းနှင့် စာချုပ်မချုပ်ဆိုမီ သြဂုတ် ၁၂ ရက်က ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်းသို့ သွားရောက်၍ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး လက်ရှိတွင် မန်စီနီကိုင်တွယ်သော မန်စီးတီးအသင်း၏ နွေရာသီ အပြောင်းအရွှေ့ကာလ၏ပထမဆုံးစာချုပ်ချုပ်ဆိုခေါ်ယူခဲ့သည့် ကစားသမားလည်းဖြစ်သည်။မန်စီးတီးအသင်းသည် အင်အား ကြီးအသင်းတစ်သင်း ဖြစ်ကြောင်း၊မိမိအတွက်လည်း အခွင့်အလမ်း ကောင်းများ ရရှိနိုင်ကြောင်းနှင့်အမှန်တကယ် သွားရောက်ကစားရန် လည်း စိတ်ကူးခဲ့သော အသင်းဖြစ်ကြောင်း ကွင်းလယ်ကစားသမား ဂျက်ရော့ဒ်ဝဲလ်က ပြောကြားခဲ့သည်။ဂျက်ရော့ဒ်ဝဲလ်သည် သြဂုတ် ၁၅ ရက်တွင် အင်္ဂလန်အသင်းနှင့် အီတလီအသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲ တွင် ပါဝင်ကစားရမည်ဖြစ်သော်လည်းတန်းတက်အသင်း ဆောက်သမ်တန် အသင်းနှင့် ယှဉ်ပြိုင်ရမည့် မန်စီးတီးအသင်း၏ ၂၀၁၂-၂၀၁၃ ဘောလုံး ရာသီအဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟုလည်း မျှော်လင့်ထားသည်ဟု ဆို သည်။ (အင်တာနက်)

** ဘွန်ဒက်လီဂါရာသီသစ်အကြို ဂျာမန်စူပါဖလားပြိုင်ပွဲဘိုင်ယန်က ဒေါ့မွန်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့**
 (မြူးနစ်၊ သြဂုတ် ၁၃) ဘွန်ဒက်လီဂါရာသီသစ်၏ အကြိုဖြစ်သည့် ဂျာမန်စူပါဖလားပြိုင်ပွဲကို သြဂုတ် ၁၃ ရက် နံနက်ပိုင်းက အလိုင်းယန့်ဇ်အရီနာကွင်း၌ ဒေါ့မွန်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ရန်ပုံငွေပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန် မြူးနစ်အသင်းက ဒေါ့မွန်အသင်းကိုနှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဂျာမန် စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ဂျာမန်စူပါဖလားပြိုင်ပွဲသည် အခြား စူပါဖလားပွဲစဉ်များကဲ့သို့ ပြည်တွင်းလိဂ်ချန်ပီယံနှင့် ရှုံးထွက်ဖလားချန်ပီယံတို့ ရန်ပုံငွေပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် ဘောလုံး ရာသီက ဂျာမန်ဘွန်ဒက်လီဂါနှင့်ဂျာမန်ပိုကယ်ဖလား နှစ်လုံးစလုံးကို ဒေါ့မွန်အသင်းတစ်သင်းတည်းကသာရရှိခဲ့သောကြောင့် ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သော ဘိုင်ယန်မြူးနစ်အသင်းက ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ဂျာမန်စူပါဖလား ပြိုင်ပွဲတွင် ပြီးခဲ့သည့်နှစ်က အောင်မြင်မှုများတန်းစီ
ယူဆောင်သွားသည့် ဒေါ့မွန် အသင်းကို ရှုံြးွေကးဆပ်သည့်အနေဖြင့်နည်းပြဂျက်ဟေးနက်စ်ကိုင်တွယ်သော ဘိုင်ယန်မြူးနစ်အသင်းက ခြေကုန်ထုတ် ကစားခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကို မာရီယိုမန်ဇူကစ်က ပွဲကစားချိန် ၆မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဒုတိယဂိုး ကို သောမက်မူလာက ၁၁ မိနစ်တွင်သွင်းယူပေးခဲ့သည်။ ဒေါ့မွန်အသင်းကမူ ဒုတိယပိုင်း ပွဲကစားချိန် ၇၅ မိနစ်တွင်လီဝန်ဒိုစကီး၏ သွင်းဂိုးတစ်ဂိုးသာ ရခဲ့ခြင်းကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာ အောင်ပွဲခံနိုင်ခဲ့သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - အေ၀မ်းစိုး- ဝေယံဦး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)