-လူထုကျန်းမာရေး(သိမှတ်ဖွယ်ရာ အိမ်တွင်းရေးရာ)-
**Public Health**
**လ္ဘက်ရည် စွန်းသော အကွက်**
အ၀တ်များကို လ္ဘက်ရည်စွန်း၍ ကွက်နေပါလျှင် ရေနွေးပူနှင့်ထိုစွန်းသော နေရာကိုလောင်းပါ။ အကွက်ပျောက် သွားပါလိမ့်မည်။
**နို့-ရေရော-မရော သိရန်**
နွားနို့တွင် ရေရော မရော သိရှိရန်နည်းမှာ၊ မှင်နှိပ်စက္ကူ ပေါ်တွင် နို့တစ်စက် ချကြည့် ပါ၊ ရေရောလျှင် အားလုံးပြန့်သွား၏။ နို့စစ်လျှင် ပြန့်မသွားဘဲ စက္ကူပေါ်တွင် နို့အတိုင်း ကပ်လျက် နေ၏။ **မျက်မှန် ကြည်လင်အောင်** မျက်မှန်တွင် မျက်လုံးမှထွက်သော အငွေ့များကြောင့် မကြည်လင်ခြင်း မကွက်ထင်ခြင်း များကြောင့် မကြာခဏ ချွတ်ပြီး ပွတ်တိုက်ကြရသော ဒုက္ခမှကင်းဝေးရန်နည်း မှာ မျက်မှန်ကို နေ့တိုင်းဆပ်ပြာနှင့်ဆေးရမည်၊ ထို့နောက် မှန်ရောင်ပြောင်လာအောင် အ၀တ်ဖြင့် ပွတ်တိုက်ရမည်။
**မီးကျွမ်းရာ ပျောက်အောင်**
မိမိတို့၏ အ၀တ်အစား များအပေါ်သို့ မီးပွားကျ၍ဖြစ်စေ၊ မီးပူတိုက်၍ဖြစ်စေ၊ မီးကျွမ်းသွား ပါက၎င်းကို ပျောက်အောင် လုပ်နည်းမှာ ကြက်သွန်ဥကို ထက်ဝက်ခြမ်း၍ ပွတ်တိုက်ပါ၊ ၎င်းနောက် ရေစိမ်ထားပါ။ **ဖိနပ် ဆေးရောင်ညစ်လျှင်** ဖိနပ်အသစ်များ ဆေးရောင် ညစ်သွားလျှင် ချက်ခြင်း ဘိနပ်ဆေး မသုတ်ပါနှင့်၊ သံပရာသီးခြမ်းနှင့် ပထမပွတ်ပါ၊ ၎င်းနောက် ဖိနပ်ဘီးနှင့် ပွတ်ပေးပါ၊ အရောင်သစ်လာပါ လိမ့်မည်။
**သားရေ ပြောင်ဖိနပ် မကျိုးရန်***
သားရေပြောင် ဖိနပ်များ သားရေ မကျိုးအောင် လုပ်နည်းမှာ၊ ဖိနပ် ချွတ်ထား သည့်အခါ သားရေပေါ်တွင် ထောပတ် အနည်းငယ် သုတ်လိမ်းထားပါ၊ နောက်တစ်ခါ ၎င်းဖိနပ်ကို စီးလိုသည့်အခါ ထိုသုတ်ထားသော ထောပတ်ကို အ၀တ်စကလေးနှင့် ပွတ်သပ်ပစ်ပါ၊ ဤနည်း အတိုင်းလုပ်မည်ဆိုပါက သားရေပြောင်သည် ကျိုးမည်မဟုတ်ပါ။ **လက်ကို အနံ့စွဲလျှင်** ငရုတ် ကြက်သွန် စသည်တို့ကို လက်ဖြင့် ကိုင်တွယ်သည့်အတွက် လက်၌ ထိုအနံ့ အသက်များ စွဲကပ်နေတတ်သည်၊ ၎င်းအနံ့အသက်များ ပျောက်အောင် လုပ်နည်းမှာ ကွမ်းရွက်ကို လက်ဝါးတွင် ပွတ်ချေပေးပါ။ တနည်း၊ မုန်ညင်းဆီ အနည်းငယ်ကို ရေနွေးထဲတွင် ထည့်၍ လက်ကို ဆေးပေးပါ။
**မှန်များ ပြောင်အောင်**
အိမ်တွင် နေ့စဉ်အမြဲ ကြည့် ရှုနေကြသော မှန်များ မကြည်မလင် ရှိနေ၍ ပြောင်ပြောင်ရောင်ရောင် ရှိအောင်လုပ်နည်းမှာ၊ အ၀တ်စုတ်ကလေးကို အရက်ပြန်နှင့် ဆွတ်၍ မှန်ကိုတိုက်ပါ၊ မှန်တွင်ရှိနေသော အကွက်အညစ်အကြေးများ ပျောက်သွားပါလိမ့်မည်။ တနည်း၊ ထုံးကို အ၀တ်စတွင်ရေဆွတ်၍ တို့ပြီးလျှင် မှန်မှာသုတ်ပါ၊ ၎င်းနောက် ခြောက်သွေ့သော အ၀တ်နှင့် ပွတ်ပါ။
**အထည် အရောင် မပျက်အောင်**
ရက်သောအထညှ်ဆိုးသောအထည်များ၌ ဆေးရောင် မပျက် မကျွတ်ရအောင် လုပ်နည်းမှာ၊ ပထမနှစ်ကြိမ် သုံးကြိမ် အ၀တ်ကို လျှော်ဖွပ်တိုင်း အလျှော်ခင် ဆားရေ ခပ်ကြဲကြဲ တွင် ခေတ္တခဏ နှစ်ထားပါ။
**ကုလားထိုင် စားပွဲ အရောင်တင်နည်း**
ကုလားထိုင် စားပွဲစသည်တို့မှာ သုတ်ထားသော အရောင်တင်ဆီ ဆေးသည် ဟောင်းနွမ်းသဖြင့် အရောင်ထွက်စေလိုပါမူ၊ ဆီနှင့်ရေနံဆီ အနည်းငယ် ရောစပ်ပြီးလျှင် အ၀တ်စကလေးနှင့် ပွတ်တိုက်ပါ အရောင်တက်လာပါလိမ့်မည်။
**သံချေး တက်သော အပ်များ**
အပ်များတွင် တက်နေသော သံချေး ပျောက်အောင်လုပ်နည်းမှာ ရေတခွက်တွင် ဇ၀က်သာ အနည်းငယ်မျှ ထည့်၍ ၎င်းအထဲတွင် သံချေးတက်သော တွယ်အပ်များကို မိနစ်အတော်ကြာ စိမ်ထားပြီးလျှင် အ၀တ်စုတ်နှင့် ပွတ်တိုက်ပါ။
**ပိုးထည် များ ပြန်သစ်အောင်**
ဟောင်းနွမ်းသော ပိုးအထည်များ ပြန်သစ်အောင်လုပ်လိုမူ၊ English လ္ဘက်ရည်ကြမ်း တွင် ဇ၀က်သာ အနည်းငယ် ထည့်ပြီးလျှင် ၎င်းအရည်နှင့် ပိုးထည်ကိုအ၀တ်စကလေးနှင့် သုတ်ပါ။ -
- အားလုံးပျော်ရွင်ပါစေ
**မာမာ **

No comments:
Post a Comment