မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။
ခွဲခြား ဖို့ ခက်သူ အချင်းချင်း
'ပြည်တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။
သြော်
မေ တ္တာ သာကူ
လူမျိုး တူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။
မိဘတယောက်က ကိုယ့်ရင်ေ သွးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်ေ တွကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်း က ကျွေးထားတယ်။
သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။
မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။
တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့ေ နကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။
ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်ေ တာ့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပြီးတော့ မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

No comments:
Post a Comment