photo-ဒွိုင်ဆူထစ်တောင်ပေါ်ဘုရား
(သြဂုတ်လ ၂၄ ၊၂၀၁၂ ၊ချင်းမိုင်)
ပြီးခဲ့သည့်သြဂုတ်လ (၁၉) ရက်နေ့မှစပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်နှင့် ချင်းမိုင်ပြည်နယ်များသို့ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်ခဲ့ကြသော မဲ့ဆောက်ခရီးသည်များသည် ယနေ့တွင်လည်း မိမိတို့ရောက်ရှိနေရာ ချင်းမိုင်မြို့တွင် အတူ တာ့ခ်ခရိုင် (၉) မြို့နယ် အတွင်း ရွေ့ပြောင်းအလုပ်သမား အခြေအနေများကို အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် (၉) မြို့နယ် အတွင်း ရွေ့ပြောင်းအလုပ်သမား အခြေအနေများဖြစ်ကြသော ယာယီပတ်စ်ပို့နှင့် MOU ပြသနာများ ၊ MOU နှင့် တရားဝင် လူကုန်ကူးခွင့် ရရှိသည့်ပမာ ဖြစ်ပေါ်နေသော အာဏာပိုင်အချို့နှင့် အကျိုးဆောင် company များ အကြောင်း၊ အမျိုးသမီးနှင့် ကလေးများအကြောင်း နှင့် လတ်တလောရွေ့ပြောင်း အလုပ်သမားပြသနာများနှင့် နောင်လာမည့် အလုပ်သမားပြသနာအလားအလာများ စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင်မှု ချင်းမိုင်မြို့၏ နာမည်ကြီး ချင်းမိုင် University နှင့် ဒွိုင်ဆူထစ်တောင်ပေါ်ဘုရား တို့ကို လေ့လာခဲ့ကြသည် ကို တွေ့ရ သည်။
သောင်ရင်းနဂါး
မဲ့ဆောက်ခရီးသည်များ တာ့ခ်ခရိုင် (၉) မြို့နယ် အတွင်း ရွေ့ပြောင်းအလုပ်သမား အခြေအနေများကို ချင်းမိုင်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
photo-ဒွိုင်ဆူထစ်တောင်ပေါ်ဘုရား
(သြဂုတ်လ ၂၄ ၊၂၀၁၂ ၊ချင်းမိုင်)
ပြီးခဲ့သည့်သြဂုတ်လ (၁၉) ရက်နေ့မှစပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်နှင့် ချင်းမိုင်ပြည်နယ်များသို့ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်ခဲ့ကြသော မဲ့ဆောက်ခရီးသည်များသည် ယနေ့တွင်လည်း မိမိတို့ရောက်ရှိနေရာ ချင်းမိုင်မြို့တွင် အတူ တာ့ခ်ခရိုင် (၉) မြို့နယ် အတွင်း ရွေ့ပြောင်းအလုပ်သမား အခြေအနေများကို အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် (၉) မြို့နယ် အတွင်း ရွေ့ပြောင်းအလုပ်သမား အခြေအနေများဖြစ်ကြသော ယာယီပတ်စ်ပို့နှင့် MOU ပြသနာများ ၊ MOU နှင့် တရားဝင် လူကုန်ကူးခွင့် ရရှိသည့်ပမာ ဖြစ်ပေါ်နေသော အာဏာပိုင်အချို့နှင့် အကျိုးဆောင် company များ အကြောင်း၊ အမျိုးသမီးနှင့် ကလေးများအကြောင်း နှင့် လတ်တလောရွေ့ပြောင်း အလုပ်သမားပြသနာများနှင့် နောင်လာမည့် အလုပ်သမားပြသနာအလားအလာများ စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင်မှု ချင်းမိုင်မြို့၏ နာမည်ကြီး ချင်းမိုင် University နှင့် ဒွိုင်ဆူထစ်တောင်ပေါ်ဘုရား တို့ကို လေ့လာခဲ့ကြသည် ကို တွေ့ရ သည်။
သောင်ရင်းနဂါး

No comments:
Post a Comment