**အီဖယ်လ်မျှော်စင်၏ တန်ဖိုးယူရိုငွေ ၄၃၅ ဘီလီယံရှိ**
(ပါရီ၊ သြဂုတ် ၂၃)
**ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်၍ ၂၁ ဦး သေဆုံး**
နိုင်ငံ၏အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်မှြေ ပာရေး ဆိုခွင့်ရှိ သူ အာရှတ်ဘတ်ကီက ပျက်စီးမှုပမာဏ ကို တိုင်းတာ တွက်ချက်ဆဲဖြစ်သည် ဟုပြော သည်။ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားသည် သေဆုံးသူ၁၂ဦးဖြင့် အသေအပျောက်အ များဆုံးေ ဒ သအဖြစ် စာရင်းပေါက်သည်။ သေဆုံးသူအများ စုသည်ရွှံ့အုတ် များဖြင့် ဆောက်ထားသည့် အဆောက်အအုံများ ပြိုကျ ရာမှသေ ဆုံးကြရခြင်းဖြစ်သည်။ ခိုင်ဘာပက်တွန်ဝှာပြည်နယ်အေ နာက် မြောက် ပိုင်း၌ ရေကြီး ခြင်းကြောင့် ကိုးဦးသေဆုံးခဲ့သည်။ ယင်းပြည် နယ်၏တာဝန်ရှိသူတစ်ဦးဖြစ်သော အက်စ်နန် စန်က သေဆုံးသူအရေ အတွက်တိုးလာဖွယ်ရှိသည် ဟု ပြော သည်။ဒါဇင်ပေါင်းများစွာသော မိသားစုများ သည် ၎င်းတို့၏နေအိမ်များ ပျက်စီးသွား သဖြင့် ဒုက္ခရောက်လျက် ရှိကြသကဲ့သို့လူအချို့မှာ လည်း ပျောက် ဆုံးလျက်ရှိသည်။နောက်ထပ်သုံးရက်အတွင်းဆက်လက် မိုးသည်း ထန်စွာ ရွာနေမည်ဖြစ်ကြောင်း၊ ကယ် ဆယ်ရေးအဖွဲ့များက အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများဘရာဇီးတွင် ဖွံ့ ဖြိုးစည်ပင်လာနေ**
(ဘရာဇီးလီးယား သြဂုတ် ၂၃)
**ကမ္ဘာ့ကောက်ပဲသီးနှံဈေးနှုန်းတည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်ရန်တောင်ကိုရီးယားတိုက်တွန်း**
(ဆိုးလ်၊ သြဂုတ် ၂၃)
**ဗြိတိန်ရေတပ် ရေငုပ်သင်္ဘောများ စစ်မှုထမ်းရှားပါးမှုနှင့်ကြုံနေရ**
(လန်ဒန်၊ သြဂုတ် ၂၃)
ရေငုပ်သင်္ဘောများပေါ်၌ တာဝန်ထမ်းဆောင်ရန် လူသစ်စုဆောင်း နိုင်မှုမရှိခြင်းကြောင့် ထရွိုင်းဒင့်နျူကလီးယား ဒုံးကျည်များ တပ်ဆင် ထားသည့် ဘုရင့်ရေတပ်ရေငုပ်သင်္ဘောများသည် ဆိပ်ကမ်းများတွင် သာ ရပ်နားဆိုက်ကပ်ထားရဖွယ် ရှိကြောင်းဗြိတိန်ကာကွယ်ရေး ၀န်ကြီး ဌာန မှတ်တမ်းမှတ်ရာများက သတိပေးထားသည်။အလားတူ ၂၀၁၅ ခုနှစ်တွင် ရေငုပ်သင်္ဘောအင်ဂျင်နီယာအရေအတွက်သည် ၁၅ ရာခိုင် နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားရာ ဗြိတိန်ဘုရင့် ရေတပ်မတော်အတွက် သီးခြားပြဿနာတစ်ရပ်ဖြစ် လာနိုင်ဖွယ်ရှိသည်။ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင် အများအပြားကို အရပ်ဘက် နျူကလီးယားစွမ်းအင် လုပ်ငန်း များ က ခေါ်ထုတ်သွားတတ်လေ့ရှိရာ ကျန်ရစ်သည့် တပ်ဖွဲ့ဝင်များမှာ ပင်လယ်ပြင်အတွင်း ကာလရှည် တာဝန်ထမ်းဆောင်ရခြင်း၊တာဝန်ထမ်းဆောင်မှု ကြိမ်ရေ ပိုများလာခြင်း စသောအဖြစ်များ နှင့် ကြုံကြရ သည်။မျိုးဆက်ကွာဟမှုပေါ်ပေါက်နေခြင်းကို ကာကွယ်ရေးဝန်ကြီးဌာန နျူကလီး ယားစီမံအုပ်ချုပ်မှုဘုတ် အဖွဲ့၏ မှတ်တမ်းများ၌ဖြော်ပသတိပေးထားသည်။ (ဒေးလီတယ်လီဂရပ်)
စုစည်းဘာသာပြန် - နိုင်လင်းကြည်
25/8/2012//
**အီဖယ်လ်မျှော်စင်၏ တန်ဖိုးယူရိုငွေ ၄၃၅ ဘီလီယံရှိ**
(ပါရီ၊ သြဂုတ် ၂၃)
ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ အီဖယ်လ်မျှော်စင်သည်ဥရောပ တိုက်တစ် ၀န်း လုံးတွင် အဖိုးအနဂ္ဃအထိုက်ဆုံး အထိမ်း
အမှတ်အဆောက်အအုံဖြစ်ပြီး ယူရိုငွေ ၄၃၅ ဘီလီယံ တန်ကြေးရှိကြောင်း လေ့လာချက်တစ်ရပ်ကို အကိုး အကားပြု၍ သြဂုတ်
၂၂ ရက်သတင်းများတွင် ဖော်ပြသည်။ ပါရီမြို့တော်၏ အထိမ်းအမှတ် သင်္ကေတဖြစ်သည့်အီဖယ်လ်မျှော်စင်သည် ယင်း၏အ နီး ကပ်ဆုံးပြိုင်ဘက် ကိုလော့ဆီယမ် မျှော်စင်အေ ဆာက်အအုံထက် တန်ဖိုးပ မာဏအားဖြင့်ခြောက်ဆမျှ ပိုမိုမြင့်မားကြောင်း လေ့လာချက်၌ ခန့်မှန်းေ ဖ်ာပြ ထားသည်။အီတလီနိုင်ငံ ရောမမြို့တော်၌တည်ရှိသော ကိုလော့ဆီ ယမ်
အဆောက်အအုံသည် ယူရိုငွေ ၉၁ ဘီလီယံတန်ကြေးရှိကြောင်း ခန့်မှန်းရသည်။ဥရောပတိုက်၏ တန်ဖိုးအကြီးဆုံး အဆောက်အအုံများ ကိုရွေးချယ်ရာတွင် ယင်းအဆောက် အအုံများ၏ ပုံရိပ်၊ အမှတ်တံဆိပ်နှင့် မြင်နိုင်စွမ်းတို့အပြင် အဆောက်အ အုံတည်နေရာ၏စီးပွားရေးအရ တန်ဖိုး၊ အဆောက်အအုံ၏ ဂုဏ်သတင်းနှင့်ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုအညွှန်းကိန်းများအား အခြေပြုရွေးချယ်ခဲ့သည်။အမြင့်ပေ ၁၀၅၀ ရှိပြီး '' သံမဏိ မိန်းမသား'' ဟူ၍လည်း
ကျော်ကြားသော အီဖယ် လ်မျှော်စင် အဆောက်အအုံ၏ တန်ဖိုးပမာဏသည် ပြင်သစ်နိုင်ငံ နှစ်စဉ်ပြည်တွင်း ထုတ်လုပ်မှုတန် ဖိုး
၏ ငါးပုံတစ်ပုံ (ယူရို ၄၃၅ ဘီလီယံ)ရှိကြောင်း လေ့လာ ချက်တွင်ဖော်ပြ ထားသည်။၁၈၈၉ ခုနှစ်တွင် တည်ေ ဆာက်ခဲ့သော အီဖယ်လ်မျှော်စင်အဆောက်အအုံသည် ဥရောပတိုက်၌ ကမ္ဘာလှည့်ခရီးသည် များအ၀င်ေ ရာက်ဆုံး အဆောက်အအုံဖြစ်ပြီး တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ရှစ်သန်းနီးပါးမျှ လာရောက်လေ့ ရှိသည်။ (ဒေးလီတယ်လီဂရပ်)
**ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်၍ ၂၁ ဦး သေဆုံး**
(အစ္စလာမ္မာဘတ်၊ သြဂုတ် ၂၃)
နိုင်ငံ၏အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်မှြေ ပာရေး ဆိုခွင့်ရှိ သူ အာရှတ်ဘတ်ကီက ပျက်စီးမှုပမာဏ
ကို တိုင်းတာ တွက်ချက်ဆဲဖြစ်သည် ဟုပြော သည်။ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားသည် သေဆုံးသူ၁၂ဦးဖြင့် အသေအပျောက်အ များဆုံးေ ဒ သအဖြစ် စာရင်းပေါက်သည်။ သေဆုံးသူအများ စုသည်ရွှံ့အုတ် များဖြင့် ဆောက်ထားသည့်
အဆောက်အအုံများ ပြိုကျ ရာမှသေ ဆုံးကြရခြင်းဖြစ်သည်။ ခိုင်ဘာပက်တွန်ဝှာပြည်နယ်အေ နာက် မြောက် ပိုင်း၌ ရေကြီး
ခြင်းကြောင့် ကိုးဦးသေဆုံးခဲ့သည်။ ယင်းပြည် နယ်၏တာဝန်ရှိသူတစ်ဦးဖြစ်သော အက်စ်နန် စန်က သေဆုံးသူအရေ
အတွက်တိုးလာဖွယ်ရှိသည် ဟု ပြော သည်။ဒါဇင်ပေါင်းများစွာသော မိသားစုများ သည် ၎င်းတို့၏နေအိမ်များ ပျက်စီးသွား
သဖြင့် ဒုက္ခရောက်လျက် ရှိကြသကဲ့သို့လူအချို့မှာ လည်း ပျောက် ဆုံးလျက်ရှိသည်။နောက်ထပ်သုံးရက်အတွင်းဆက်လက်
မိုးသည်း ထန်စွာ ရွာနေမည်ဖြစ်ကြောင်း၊ ကယ် ဆယ်ရေးအဖွဲ့များက အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများဘရာဇီးတွင် ဖွံ့ ဖြိုးစည်ပင်လာနေ**
(ဘရာဇီးလီးယား သြဂုတ် ၂၃)
ဘရာဇီးနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးစည်ပင် လာနေကြောင်း၊ ယင်းသို့ ဖွံ့ ဖြိုးစည်ပင်လာရခြင်းမှာ ဘရာဇီးလက်နက် ကိုင်တပ်ဖွဲ့များခေတ်မီရေးအတွက် အစိုးရက မက်လုံးပေးဆွဲဆောင် မှုရှိလာခြင်းနှင့် ကာကွယ်
ရေးဆိုင်ရာ စက်မှုလုပ်ငန်းများ က ပြည်ပပို့ ကုန်တင်ပို့မှုမြှင့်တင်ရန် ဦးတည်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သြဂုတ် ၂၃ ရက်
အင်တာနက်သတင်း တွင် ဖော်ပြသည်။ ကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကုမ္ပဏီ
များက ဆုံးဖြ တ်ခဲ့ကြကြောင်း၊ ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်း စည်ပင်တိုးတက်မှုကို ကုမ္ပဏီများက ကြိုဆိုကြကြော င်း၊ လွန်ခဲ့သည့်ငါးနှစ်တာကာလကအခြေအနေနှင့် နှိုင်းယှဉ်လျှင် လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း ဘရာဇီး
ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပစ္စည်းများထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌကားယို့စ်ပီယာ တိုနီဂမ် ဘိုဟာက ပြော
ကြားသည်။ယင်းအသင်းတွင် ကုမ္ပဏီပေါင်း ၁၇၀ခန့်ပါဝင်ပြီး ၎င်းတို့အနေဖြင့် အမေရိက န်ဒေါ်လာ ဘီလီယံ ၁၂၀ ရှိမည့် ကာလရှည်ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ပြုလုပ်ရန် မျှော်လင့်ထား သည်။နှစ်ရှည်ရင်း နှီးမြှုပ် နှံမှု စီမံကိန်းအရ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းကဏ္ဍရှိအလုပ်အကိုင်နေရာကို ၅၀၀၀၀ အထိမြှင့်တင်နိုင်မည်ဖြစ်ပြီး နှစ်စဉ်လက်နက်
တင်ပို့ရောင်းချမှုတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံမှ လေးဘီလီယံအထိ တိုးမြှင့်နိုင်မည်ဟုဆိုသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင်ဆဋ္ဌမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည်။ ၁၉၈၀ပြည့်လွန်နှစ်များက
ကမ္ဘာ့လက်နက်တင်ပို့ရောင်းချသည့် နိုင်ငံများစာရင်း၌ အဋ္ဌမနေရာတွင်ရှိခဲ့သည်။သို့သော် လက်ရှိတွင် လက်နက်တင်ပို့မှု
နိုင်ငံများ၌ အမှတ်စဉ် ၃၀သို့ကျဆင်းခဲ့ကြောင်း ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းပညာရှင်များ၏ အဆိုအရသိရ
သည်။ (အင်တာနက်)
**ကမ္ဘာ့ကောက်ပဲသီးနှံဈေးနှုန်းတည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်ရန်တောင်ကိုရီးယားတိုက်တွန်း**
(ဆိုးလ်၊ သြဂုတ် ၂၃)
နိုင်ငံတကာဈေးကွက်၌ ကောက်ပဲသီးနှံဈေးနှုန်းများ တည်ငြိမ်မှု ရရှိေ စရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်
တိုက်တွန်းသော သ၀ဏ်လွှာတစ်စောင်ကို တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ဂျီ-၂၀အုပ်စု၏ အဖွဲ့ဝင်နိုင်ငံများထံ
ပေးပို့လိုက်ကြောင်း သမ္မတရုံးက သြဂုတ် ၂၃ရက်တွင် ပြောကြားသည်။ဂျီ-၂၀နိုင်ငံများမှ တာဝန်ရှိသူများ သည် သြဂုတ် ၂၇ ရက်တွင် ဗီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲ ကျင်းပရန်ရှိေ နစဉ် တောင်ကိုရီးယားနိုင်ငံက သ၀ဏ်လွှာပေးပို့ခြင်းဖြစ်သည်။
အမေရိ ကန် နိုင်ငံ၌ ရာစုနှစ်ထက်ဝက်တာကာလအတွင်းအဆိုးရွားဆုံးသော မိုးခေါင်မှုဖြစ်ပေါ်ခဲ့သည်။ ပင်လယ် နက်
ဒေသ၌ ဂျုံ၊ ပြောင်းနှင့် ပဲပိစပ်စိုက်ပျိုး ထုတ်လုပ်မှုကျဆင်းခဲ့ရာယင်းကောက်ပဲ သီးနှံဈေးနှုန်းများ မြင့် တက်ခဲ့သည်။
အာရှတိုက်သားများ အဓိကစားသုံးရာ ဆန်စပါးဈေးနှုန်းမှာမူ ထိခိုက်ခြင်းမရှိပေ။ ကမ္ဘာတစ် ၀န်း၌ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်မှုဘေးအန္တရာယ်ကို မိမိတို့ ရင်ဆိုင်နေကြရကြောင်း၊ အကျိုးဆက် အရကမ္ဘာ့စီးပွားရေးနာလန်ထူမှု နှေးကွေးစေနိုင်ကြောင်း လီ၏သ၀ဏ်လွှာတွင် ဖော်ပြသည်။ (အင်တာနက်)
**ဗြိတိန်ရေတပ် ရေငုပ်သင်္ဘောများ စစ်မှုထမ်းရှားပါးမှုနှင့်ကြုံနေရ**
ရေငုပ်သင်္ဘောများပေါ်၌ တာဝန်ထမ်းဆောင်ရန် လူသစ်စုဆောင်း နိုင်မှုမရှိခြင်းကြောင့် ထရွိုင်းဒင့်နျူကလီးယား ဒုံးကျည်များ တပ်ဆင် ထားသည့် ဘုရင့်ရေတပ်ရေငုပ်သင်္ဘောများသည် ဆိပ်ကမ်းများတွင် သာ ရပ်နားဆိုက်ကပ်ထားရဖွယ် ရှိကြောင်းဗြိတိန်ကာကွယ်ရေး ၀န်ကြီး ဌာန မှတ်တမ်းမှတ်ရာများက သတိပေးထားသည်။အလားတူ ၂၀၁၅ ခုနှစ်တွင် ရေငုပ်သင်္ဘောအင်ဂျင်နီယာအရေအတွက်သည် ၁၅ ရာခိုင် နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားရာ ဗြိတိန်ဘုရင့် ရေတပ်မတော်အတွက် သီးခြားပြဿနာတစ်ရပ်ဖြစ် လာနိုင်ဖွယ်ရှိသည်။ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင် အများအပြားကို အရပ်ဘက် နျူကလီးယားစွမ်းအင် လုပ်ငန်း များ က ခေါ်ထုတ်သွားတတ်လေ့ရှိရာ ကျန်ရစ်သည့် တပ်ဖွဲ့ဝင်များမှာ ပင်လယ်ပြင်အတွင်း ကာလရှည် တာဝန်ထမ်းဆောင်ရခြင်း၊တာဝန်ထမ်းဆောင်မှု ကြိမ်ရေ ပိုများလာခြင်း စသောအဖြစ်များ နှင့် ကြုံကြရ သည်။မျိုးဆက်ကွာဟမှုပေါ်ပေါက်နေခြင်းကို ကာကွယ်ရေးဝန်ကြီးဌာန နျူကလီး ယားစီမံအုပ်ချုပ်မှုဘုတ် အဖွဲ့၏ မှတ်တမ်းများ၌ဖြော်ပသတိပေးထားသည်။ (ဒေးလီတယ်လီဂရပ်)
စုစည်းဘာသာပြန် - နိုင်လင်းကြည်


No comments:
Post a Comment