ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 25, 2012

ယခုလအတွင်း ဟိုအကြောင်း၊ သူတို့အကြောင်း

>  ** အေဗရယ်လ်လက်ဗင်းနှင့် ချက်ဒ်ကာရိုဂါတို့စေ့စပ်**
ကမ္ဘာကျော် အဆိုတော် အေဗရယ်လ် လက်ဗင်းနှင့် Nickelbackတေးဂီတအဖွဲ့ဝင် ချက်ဒ်ကာရိုဂါတို့ သည် ခြောက်လကြာ ချစ်သူများအဖြစ်လက်တွဲခဲ့ပြီးနောက် စေ့စပ်လိုက်ပြီဖြစ်ကြောင်း သတ င်းများတွင် ဖော်ပြ သည်။အသက်(၂၇)နှစ်ရှိ အေ ဗရယ်လ်လက် ဗင်းနှင့် အသက်(၃၇)နှစ်ရှိ ချက်ဒ်ကာရိုဂါတို့သည် အေဗရယ်လ်လက်ဗင်း ၏ လာမည့် ပဥမမြောက်တေးအယ်လ်ဘမ်အတွက် သီချင်းတစ်ပုဒ်ကို အ တူရေးသားကြရာမှ စတင်ချစ်ကျွမ်းဝင်ခဲ့ကြခြင်းဖြစ်သည်။ ပီးပဲလ်မဂ္ဂ ဇင်းက ''သူတို့နှစ်ယောက်ဟာ အတူအတွ သီချင်းရေးစပ်ရင်း အချစ်ပန်း ပွင့်လန်းလာကြတာပါ'' ဟုရေးသားဖော်ပြသည်။ ချက်ဒ်ကာရိုဂါက၁၄ ကာရက်ရှိ စိန်လက်စွပ်ဖြင့် ချစ်သ က် သေထူခဲ့ပြီး ၎င်းတို့၏ စေ့စပ်မှုကိုနှစ်ဖက်မိသားစုများ နှစ်သက်ကြည်ဖြူခြင်းမရှိဟု သိရသည်။ အေဗ ရယ်လ် လက်ဗင်းအတွက် ယခုတစ်ကြိမ် လက်ထပ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ကာရိုဂါအတွက် ပထမ ဆုံးအကြိမ် လက်ထပ်ခြင်းဖြစ်သည်။ (အင်တာနက်)

**အနုပညာ လှုပ်ရှားမှုများရပ်ဆိုင်းထားလိုက်ရသည့် ဂျန်နာရာ**
နာမည်ကျော် ကိုရီးယားအဆို တော်သရုပ်ဆောင် ဂျန်နာရာသည် ၎င်း၏ အနု ပညာရေးရာ လှုပ်ရှား မှုများကို စီမံကွပ်ကဲပေးနေသည့်မန်နေဂျာ ကင်မ်ဟ ရို ရှစ်ခ် တရုတ်နိုင်ငံတွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် သွားခြင်းေ ကြာင့် အနုပညာလှုပ်ရှားမှုများကို ရပ်ဆိုင်းထား လိုက်ရကြောင်း သတင်းများတွင်ေ ဖ်ာပြ၏သည်။ (အင်တာနက်)

**ဒီမတ်တီယို ကိုင်တွယ်သည့် ချယ်လ်ဆီးအသင်း ပရီမီယာလိဂ် ရာသီအစ နှစ်ပွဲဆက်အနိုင်ရရှိခဲ့**
(လန်ဒန်၊ သြဂုတ် ၂၃)
 ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက ဖလားနှစ်လုံးပိုင်ရှင်ဖြစ်ခဲ့သည့် ချယ်လ် ဆီးအသင်းသည် ယခုနှစ်ပရီမီယာလိဂ် ဖလားရရှိရေးအတွက် အကော င်းဆုံးပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ ပရီမီယာလိဂ်ပွဲစဉ် (၁) တွင် ၀ီဂန် အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး သြဂုတ် ၂၃ ရက်နံနက်ပိုင်းက ချယ်လ်ဆီးအိမ်ကွင်း စတမ်းဖို့ဘရစ်ခ်ျတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်(၃) ကြို ကန်ပွဲဖြစ်သော တန်းတက်အသင်းရီးဒင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့ပြီးရမှတ် ၆ မှတ်ဖြင့် အမှတ်ပေးဇယားထိပ် တွင် ဦးဆောင်ခဲ့သည်။ ချယ်လ်ဆီးအသင်းပိုင်ရှင် အီဗရာမိုဗစ်ခ်ျသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက ရလဒ်များ ဆိုးရွားခဲ့သည့် နည်းပြဗီလာဘိုအာ့စ်ကို ထုတ်ပယ်ကာ ၎င်း၏ လက်ထောက်နည်းပြဖြစ်သူ ဒီမတ်တီယိုကို ယာယီနည်းပြ အဖြစ်ခန့်အပ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် နည်းပြ ဒီမတ်တီယိုကိုအမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကာ၂၀၁၂ - ၂၀၁၃ ဘောလုံးရာသီတွင် တောရက်၊ မာတာ၊ အေဒင်ဟားဇက်စသည့် ကစားသမားများကို တိုက်စစ်အားပြုကာ ပွဲထွက်လာခဲ့ရာ ရီးဒင်း အသင်း နှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် (၃)ကြိုကန်ပွဲတွင် တန်းတက်အသင်းကို လမ်းပတ်၏ ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ခဲ့ သော်လည်း အနိုင်ရရှိရေး အကြိတ်အနယ်ကစားခဲ့ရသည်။ထို့နောက်ပွဲကစားချိန် ၂၅ မိနစ်နှင့် ၂၉မိနစ်တွင် ရီးဒင်းအသင်းက နှစ်ဂိုးဆက်တိုက်သွင်းကာ ပထမပိုင်းတွင် ရီးဒင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အိမ်ရှင်ချယ်လ်ဆီးကို ဦးဆောင် ကစားခဲ့သော်လည်း ဒုတိယပိုင်း ၆၉ မိနစ်တွင် ကာဟေးလ်က လည်းကော င်း၊ ၈၁မိနစ်တွင် တောရက်ကလည်းကောင်း၊ မိနစ် ၉၀တွင် အိုင်ဗန်နိုဗစ်ကလည်းကောင်း ဂိုးများသွင်းယူေ ပးခဲ့ပြီး ချယ်လ်ဆီးအသင်းက ရီးဒင်းအသင်းကို လေးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရလဒ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် နှစ်ပွဲဆက်တိုက် အနိုင်ရရှိထားသော အသင်း ဖြစ်သော်လည်း လာမည့်သြဂုတ် ၂၅ ရက်(စနေနေ့) ညပိုင်းတွင် အိမ်ကွင်းစတမ်းဖို့ဘရစ်ခ်ျတွင် ယှဉ်ပြိုင်မည့် ပရီမီယာလိဂ်ပွဲ စဉ် (၂)တွင် နယူး ကာဆယ်အသင်းနှင့်ထိပ်တိုက်ဆုံတွေ့မည်ဖြစ်သည်။ နယူးကာဆယ်အသင်းသည် စပါးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားပြီးချယ်လ်ဆီးအသင်း နယူးကာဆယ်ကိုအနိုင်ရရှိရန် အနည်းငယ်ကြိုးပမ်းရဖွယ် ရှိနေပြီး အနိုင်ရရှိမှသာလျှင် အမှတ်ပေးဇယားတွင် ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - နိုင်လင်းကြည်

 ** အေဗရယ်လ်လက်ဗင်းနှင့် ချက်ဒ်ကာရိုဂါတို့စေ့စပ်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)